ဓားအစစ်သုံးပြီး သရုပ်ဆောင်ရတဲ့ဇာတ်ဝင်ခန်းမှာ မတော်တဆထိခိုက်သွားတဲ့ ခန့်သီရိဇော်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ.. MRTV-4 မင်းသမီးချောတွေထဲမှာ ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားသူလေးကတော့ မင်းသမီးချောလေး ခန့်သီရိဇော်ပဲ ဖြစ်ပါတယ်နော်..။ ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသလို ချစ်စရာလည်းကောင်းတဲ့ သူမကတော့ လတ်တလောမှာ ထုတ်လွှင့်ပြသနေတဲ့”မာယာလှည့်ကွက်” ဇာတ်ကားမှာလည်း အမရာမုန်းဆိုတဲ့ ဇာတ်ကောင်လေးနဲ့ အားလုံးကို အချစ်ပိုစေပြန်ပါတယ်နော်..။

သူမရဲ့လှုပ်ရှားမှုလေးတွေနဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ ခန့်ကတော့ အခုတစ်ခါမှာလည်း ဓားနဲ့အထိုးခံရတဲ့ ဇာတ်ဝင်ခန်းပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။ ဓားအစစ်သုံးပြီး ဓားနဲ့အထိုးခံရတဲ့ဇာတ်ဝင်ခန်း ရိုက်ကူးရင်း ရိုက်ကွင်းနောက်ကွယ်မှာ လက်ကိုဓားနဲ့ မတော်တဆထိခိုက်မိသွားတဲ့ အကြောင်းလေးကိုလည်း ပြောပြထားပါတယ်နော်..။

“ဓားနဲ့ အထိုးခံရတဲ့ အခန်းရိုက်တုန်းက တကယ့်ဓားအစစ်နဲ့ ရိုက်ခဲ့ရတာတကယ့်အမှတ်တရပါပဲ။ ရိုက်ရင်း mood ဝင်သွားပြီး လက်ကိုဓားနဲ့ မတော်တဆလေးထိမိသွားတာတောင်မသိဘူး ရိုက်ပြီးတော့မှ နာမှန်းသိတယ်..” ဆိုပြီး ခန့်က ပြောပြထားတာပါ..။ ချစ်စရာကောင်းပြီး သရုပ်ဆောင်လည်းကောင်းလွန်းတဲ့ ခန့်ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။