တစ်ပတ်စာ ဗေဒင်ဟောစာတမ်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

12.11.2020 မွ 18.11.2020 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
ဆရာၿငိမ္းေအးလူ-ေဗဒင္သုေတသီ

တနဂၤေႏြ

ဒီကာလဟာ အထူးအသိအမွတ္ျပဳျခင္းခံရတတ္တဲ့ေန႔ရက္ေတြပါပဲ။ မိမိလုပ္ေဆာင္သမွ် အမ်ားကအတုယူရတဲ့ အထိျဖစ္တတ္ပါတယ္။ လုပ္ငန္းအတြက္လိုအပ္ခ်က္ေတြကို အထက္ကိုတင္ျပေတာင္းခံလို႔အထူးေကာင္းတဲ့ကာလ ပါပဲ။ အလုပ္ေလွ်ာက္ထားတာေတြရွိရင္ ဒီကာလမွာအလုပ္ ရတတ္ပါတယ္။ေငြကုန္ေနတာေတြရွိရင္ရပ္တန႔္သြားပါ လိမ့္မယ္။ မိမိတို႔အတြက္အဘက္ဘက္ကအခက္အခဲေတြနည္းပါးပါတယ္။ လုပ္သမွ်အဆင္ေျပျခင္း၊ ႀကံ စည္သမွ် ေအာင္ျမင္ျခင္းေတြကိုအထူးႀကဳံရပါလိမ့္မယ္။

မိတ္ေဆြေပါမ်ားပါလိမ့္မယ္။ ေဝးကြာေနတဲ့သူငယ္ခ်င္း ေတြနဲ႔ျပန္ လည္ ဆုံဆည္းရတတ္ပါတယ္။ျပန႔္က်ဲေနတဲ့ေငြေၾကးေတြကိုေကာင္းစြာျပန္စုႏိုင္ပါလိမ့္မယ္။ ႀကီးမားတဲ့ ဆုံးျဖတ္ ခ်က္မ်ား၊ အေရးႀကီးတဲ့ လုပ္ငန္းေဆာင္တာမ်ားကိုအထူးအေလးေပးေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ ဌာနဆိုင္ ရာႏွင့္ ပတ္သက္ေသာကိစၥမ်ားလိုက္ပါေဆာင္႐ြက္လို႔အထူးေကာင္းပါတယ္။ က်န္းမာေရးကေတာ့အညံ့အဆိုးနည္းပါ တယ္။ ေရာဂါကင္းၿပီးစိတ္ခ်မ္းသာပါလိမ့္မယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူအေၾကာင္းကိုမိဘေတြအားဖြင့္ေျပာသင့္ တဲ့ေန႔ ပါပဲ။

အိမ္ေထာင္ေရးကိစၥေတြမွာေတာ့ အထူးညံ့တာမ်ိဳးရွိေနပါလိမ့္မယ္။ ပညာေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အထူးကံ ေကာင္းေနပါလိမ့္မယ္။ ႀကိဳးစားထားသည္ထက္ပိုမိုေအာင္ျမင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/5/8

အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။

ယၾတာ လူႀကီးမိဘေတြကို လက္ဖက္ေျခာက္တစ္ထုပ္လႉလိုက္ပါ။

တနလၤာ

ဒီကာလအတြင္း စိတ္ကူးေတြသစ္ဆန္းေနတတ္ပါတယ္။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လုပ္ရတဲ့ကိစၥမွန္သမွ် ေကာင္း ေသာအက်ိဳးဆက္ေတြရလာတတ္ပါတယ္။မိမိမသိနားမလည္တဲ့ကိစၥေတြကို သိခြင့္ရလာပါလိမ့္ မယ္။ လုပ္ငန္းခြင္ အတြင္းေနရာေကာင္းရတာမ်ိဳးေတြအထူးႀကဳံရတတ္ပါတယ္။က်န္းမာေရးကိုေတာ့ အညံ့မရွိသေလာက္ကိုနည္းပါ တယ္။ ကိုယ္က်န္းမာစိတ္ခ်မ္းသာေနပါလိမ့္မယ္။ စပ္တူအလုပ္မ်ားရွယ္ယာအလုပ္မ်ား ဒီထက္ ေကာင္းမြန္ပါ လိမ့္ မယ္။

စိတ္လြတ္လက္လြတ္ေနခ်င္မိေနတတ္ပါတယ္။ဒါကလဲေကာင္းပါတယ္။ ဒီကာလက အလုပ္ေတြကိုခဏ ေမ့ၿပီး အနားယူခ်ိန္ကို သပ္သပ္ေပးလိုက္ဖို႔လိုပါတယ္။ဒါမွပဲစိတ္လန္း၊လူလန္းပါလိမ့္မယ္။ စန္းပြင့္ေနတဲ့ေန႔ရက္လဲ ျဖစ္ပါ တယ္။ လူခ်စ္လူခင္မ်ားပါလိမ့္မယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီး ေငြေပးျခင္း၊ေငြယူျခင္းေတြ ေငြေၾကးရင္းႏွီးျမဳပ္ ႏွံျခင္း ေတြ စတင္လို႔ေကာင္းတဲ့ကာလပါပဲ။ အႏုပညာလုပ္ငန္းလုပ္ကိုင္သူမ်ား ဖန္တီးမႈအသစ္ေတြကိုလုပ္ကိုင္ႏိုင္ ပါလိမ့္ မယ္။အေပ်ာ္ခရီးသြားျခင္းေတြအထူးေကာင္းပါတယ္။

အခ်စ္ေရးနဲ႔ပတ္သက္ၿပီးလိုင္းေပၚကေနခ်စ္သူသစ္ရည္းစားသစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးလဲ အထူးကံေကာင္းေနခ်ိန္ကာလပါပဲ။ ပညာေရးကေတာ့ ဆရာေကာင္းေတြဆီ မွာသင္ယူခြင့္ေတြရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/5/6

အထူးေဟာ ေပ်ာ္စရာေတြမ်ားေနပါလိမ့္မယ္။

ယၾတာ ခရမ္းသီးႏွပ္ခ်က္ၿပီးဘုရားဆြမ္းကပ္လႉလိုက္ပါ။

အဂၤါ

ဒီကာလအတြင္း ထင္သမွ်လြဲေနတတ္ပါတယ္။ကိုယ္ပိုင္စီးပြားလုပ္ငန္းအေသးစားမ်ား အလုပ္ေတြပါးေန တတ္ ပါ တယ္။ စိတ္မညစ္ပါနဲ႔။ ခဏတာအဆင္မေျပျခင္းလို႔ပဲမွတ္ယူပါ။ လိင္မတူသူေတြနဲ႔ဆက္ဆံေရးကိုလိုတာ ထက္ မပိုပါေစနဲ႔။ ေဘးအျမင္မွာ ကဲ့ရဲ႕စရာျဖစ္တတ္ပါတယ္။ လက္ဝယ္ရွိတဲ့ စက္ပစၥည္းေတြကိုျပဳျပင္ျခင္း၊ထိန္း သိမ္းျခင္း ေတြ ကိုအထူးေဆာင္႐ြက္သင့္တဲ့ကာလပါပဲ။ ေအာက္လက္ငယ္သားေတြရဲ႕အဆင္မေျပမႈေလးေတြကိုလဲ မိမိတတ္ႏိုင္တဲ့ဘက္ကကူညီခြင့္ ေတြရလာတတ္ပါတယ္။

မိမိယုံၾကည္ရတဲ့သူေတြက မိမိကိုသစၥာေဖာက္သြားတတ္ ပါတယ္။ လိုတာထက္ပိုၿပီး အတြင္းေရးေတြကိုသူမ်ားကိုထုတ္မေျပာလိုက္ပါနဲ႔။ ေရွ႕တိုးေဆာင္႐ြက္စရာကိစၥေတြကို တတ္ႏိုင္သေလာက္ေရွာင္ေစခ်င္ပါတယ္။ မလုပ္မျဖစ္လုပ္ရမယ္ဆိုရင္လဲ နားလည္တတ္ကြၽမ္းသူေတြနဲ႔တိုင္ပင္ ၾကည့္ ေစခ်င္ပါတယ္။ မိမိစိတ္ကူးအတိုင္းခြၽန္ၿပီးလုပ္ ေလအမွားမ်ားေလျဖစ္ရတတ္ပါတယ္။ ေျခလြန္လက္လြန္ ေပးကမ္းမႈေတြကိုေရွာင္ပါ။ တစ္ခုခုကိုေပးလိုက္ၿပီးမွႏွေမ်ာေနသလိုျဖစ္ရတတ္တဲ့ကာလပါပဲ။

က်န္းမာေရး ကေတာ့ မတ္တပ္ဖ်ား၊မတ္တပ္နာေလာက္ပါပဲ။ အခ်စ္ေရးမွာေတာ့ ၾကားဝင္ေႏွာက္ယွက္သူေတြရွိေနတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ေဖးေဖးမမနဲ႔ သာယာ ပါလိမ့္မယ္။ ပညာေရးကံကေတာ့ အားနည္းေနတတ္တာကိုေတြ႕ရ ပါတယ္။

အက်ိဳးေပးဂဏန္း 3/6/0

အထူးေဟာ အရာရာခ်င့္ခ်င့္ခ်ိန္ခ်ိန္လုပ္ပါ။

ယၾတာ မီးေခ်ာင္း၊မီးလုံးအကြၽမ္း၊မီးႀကိဳးအျပတ္ေတြရွိရင္ စြန႔္ပစ္လိုက္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းအရင္ကတည္းကစကားေျပာမေကာင္းသူဆိုတတ္ႏိုင္သမွ်စကားနည္းပါေစ။ တစ္ဖက္သား က ဆက္ဆံေရးညံ့တယ္လို႔ထင္သြားတတ္တဲ့ကာလတစ္ခုပဲျဖစ္ပါတယ္။က်န္းမာေရးကိုေတာ့ အထူးအာ႐ုံစိုက္ပါ။ စိတ္ၾကည္လင္လန္းဆန္းေနေပမဲ့ ခႏၶာကိုယ္ပင္ပန္းႏြမ္းနယ္ေနတတ္ပါ တယ္။တစ္ကိုယ္လုံးေညာင္းညာကိုက္ခဲေန တတ္ ပါတယ္။စိတ္ကူးထားတာေလးေတြကိုအေကာင္အထည္ေဖာ္ပါ။ အေရးႀကီးတာေတြကိုဦးစားေပးလုပ္တတ္ ေလ အဆင္ေျပေလပါပဲ။

တတ္သိထားသမွ်ေတြကို အေျခခံၿပီး ဒီကာလ မွာအားထည့္လုပ္ကိုင္ေစခ်င္ပါတယ္။ မိတ္ေဆြ နယ္ပယ္၊အေပါင္းအသင္းနယ္ပယ္က်ယ္ျပန႔္ႀကီးမားေနတတ္ပါ တယ္။ ရန္အတိုက္အခံနဲ႔ယွဥ္တဲ့ ေအာင္ ျမင္ မႈေတြရတတ္ပါတယ္။ အဆင္ေျပတိုးတတ္ေလေလ ရန္မ်ားေလပါပဲ။တိုက္ခိုက္သူေတြကို ဂ႐ုမစိုက္ဘဲမိမိလုပ္ သင့္တာ ကိုလုပ္ ကိုင္ေဆာင္႐ြက္သြားလိုက္ပါ။ အလုပ္နဲ႔ ပတ္သက္ၿပီး လက္ရွိအေနအထားထက္ျမင့္တဲ့ေနရာမ်ိဳး ရတတ္ပါတယ္။ကံေၾကာင့္မဟုတ္ဘဲ ဉာဏ္ဝီရိယေတြကို စိုက္ထုတ္လုပ္ကိုင္လို႔ အဆင္ေျပတဲ့ကာလပါ။ ပ်င္းေန တဲ့သူေတြကေတာ့ အခက္အခဲမ်ားႏိုင္တဲ့ကာလပါပဲ။

အခ်စ္ေရးမွာမခ်စ္သင့္သူကိုခ်စ္မိတတ္ပါတယ္။ အိမ္ေထာင္ ေရး မွာအညံ့မရွိေပမဲ့ အေစးမကပ္သလိုျဖစ္ရ တတ္ပါတယ္။ပညာကံအထူးေကာင္းေနမည္။

အက်ိဳးေပးဂဏန္း 1/0/4

အထူးေဟာ ႀကိဳးစားသမွ်အရာထင္သည္

ယၾတာ ၂၄ပစၥည္းကိုေန႔စဥ္သက္ေစ့႐ြတ္ပြားပါ။

ၾကာသပေတး

ဒီကာလအတြင္း မူလတစ္ႀကိမ္တစ္ခါမွ ရရွိခဲ့ဖူးျခင္းမရွိေသာ အခြင့္အေရးေကာင္းမ်ား ရရွိမည္။ အလုပ္ပို၊ ကိစၥပိုမ်ားႀကဳံမည္။ ရပ္ေဝးေျမျခား၊ ျပည္ပသို႔ တိုင္ေအာင္ ခရီး သြားရကိန္းမ်ား ရွိေနပါသည္။ အလုပ္နဲ႔ပတ္သက္ၿပီး လက္ထဲေငြရွိရင္အဆင္ေျပမဲ့ပစၥည္းတစ္ခုခုကိုရင္းႏွီးျမဳပ္ႏွံလိုက္ပါ။ အျခားကံထက္ အလုပ္ကံကသိသိသာသာ ေကာင္းေနတတ္ပါတယ္။ ဒြိဟေတြ၊ေတြေဝျခင္းေတြကိုရင္ထဲမထည့္ ထားမိဖို႔လိုအပ္ပါတယ္။

လုပ္ခ်င္တာေတြကို ရဲရဲေရွ႕တိုးလုပ္ကိုင္ေလေအာင္ျမင္မႈတိုးေလပါပဲ။ အလုပ္အစည္းအေဝးက်င္းပတာမ်ိဳးေတြ၊ ရွယ္ယာ ဝင္ ေတြနဲ႔တိုင္ပင္ၿပီးလုပ္ငန္းတိုးခ်ဲ႕တာမ်ိဳးေတြေဆာင္႐ြက္လို႔ေကာင္း တဲ့ကာလပါပဲ။ ေအာက္ေျခဝန္ထမ္းေတြ အတြက္ လိုအပ္တဲ့သင္တန္းေတြေပးသင့္တဲ့ကာလပါပဲ။ ပြဲစားအလုပ္မ်ား ၊မီဒီယာအလုပ္မ်ားလုပ္ကိုင္ ေနသူေတြ အဆင္ေျပတိုးတတ္ပါလိမ့္မယ္။ ဆရာအျဖစ္အသက္ေမြးသူဆိုသင္တန္း သစ္၊တန္းခြဲသစ္စတင္ဖြင့္လွစ္လို႔ေကာင္း တဲ့ကာလပါပဲ။ မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီေတြအမ်ားႀကီး ရပါလိမ့္မယ္။ ဆရာသမားအထက္လူႀကီး ေတြဆီကေန ေဖးမကူညီေပးမႈေတြကိုရရွိပါလိမ့္မယ္။

က်န္းမာေရး အလြန္ေကာင္းပါတယ္။ အခ်စ္ေရးမွာေတာ့ စိတ္ရႈပ္စရာေတြမ်ားေနတတ္ပါတယ္။ ပညာေရးမွာေတာ့ စီးပြားေရး ႏြယ္ေသာပညာေတြသင္ယူပါ။

အက်ိဳးေပးဂဏန္း 1/2/5

အထူးေဟာ အလုပ္ေတြေကာင္းေနပါလိမ့္မယ္။

ယၾတာ ပဲကပ္ေၾကာ္ငါးခုဘုရားကပ္လႉပါ။

ေသာၾကာ

ဒီကာလအတြင္း မိမိအေပၚ ေႏွာက္ယွက္သူမ်ား၊ ေခ်ာက္ခ်တိုက္ခိုက္ေသာသူမ်ားႏွင့္ ရင္ဆိုင္ေျဖရွင္းရျခင္း မ်ိဳး ႀကဳံလိမ့္မည္။ ကြၽမ္းက်င္၊ နားလည္၊ ပိုင္ႏိုင္မႈ မရွိေသာသူမ်ား၏ ဆရာလုပ္ အမိန႔္ေပးျခင္းကို ခံရမည္။ မိမိ အတြက္ခရီးကိစၥေတြစီစဥ္ထားရင္ရက္ေ႐ႊ႕ရတတ္ပါတယ္။ မိတ္ေဆြသူငယ္ခ်င္းေတြ ေၾကာင့္မိမိေငြကုန္ရတတ္ပါ တယ္။ ကုန္သြယ္စီးပြားမ်ား အျမတ္အစြန္းနည္းေနပါလိမ့္မယ္။တစ္ပါးသူဆီကအကူအညီေတြရခဲတဲ့ကာလပါပဲ။

ကိုယ့္ဒူးကိုယ္ခြၽန္ႀကိဳးစားသင့္တဲ့ကာလပါပဲ။အလုပ္နဲ႔ပက္သက္ရင္အခက္အခဲႀကဳံၿပီးမွအ ဆင္ေျပတတ္ပါတယ္။ အလုပ္နဲ႔ပတ္သက္ရင္ နယ္ေဝးကအလုပ္ေတြအညံ့မ်ားေနလိမ့္မယ္။ ခရီးသြားလုပ္ငန္းမ်ား အညံ့မ်ားေနပါလိမ့္ မယ္။ အႏုပညာနဲ႔ပတ္သက္ၿပီး တိုးတတ္ပါလိမ့္မယ္။ လူငယ္ေတြဆို မိဘေတြနဲ႔ အတိုက္အခံ လုပ္ၿပီးအေပ်ာ္ေနာက္ လိုက္ေနမိပါတယ္။ ကာမ မၾကဴးသင့္တဲ့ေန႔ပါ။ ရန္မ်ားတတ္ပါတယ္။ အရင္ကရန္စရွိသူေတြနဲ႔ ျပန္ေတြ႕ရတတ္ပါ တယ္။ စိတ္ခ်မ္းသာစရာေတြရဖို႔ တရားနဲ႔ေပ်ာ္တတ္ဖို႔အေရးႀကီးပါတယ္။

က်န္းမာေရးကေတာ့ အညံ့အဆိုးနည္းေန တတ္ပါတယ္။ အလြန္ဆုံးေခ်ာင္းဆိုးေခါင္းကိုက္ေလာက္ပဲျဖစ္ပါလိမ့္မယ္။ အခ်စ္ေရးမွာလဲ ခ်စ္ သူခ်င္းအဆင္ ေျပေပမဲ့ ေတြ႕ဖို႔ဆုံဖို႔ မအားလပ္ျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ပတ္သက္ရင္ အဆင္ေျပေခ်ာ ေမြ႕ပါလိမ့္မယ္။ အိမ္ေထာင္ဘက္ရဲ႕အကူအညီေတြရပါလိမ့္မယ္။ ပညာေရးကံအားနည္းေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/3/6

အထူးေဟာ စကားနည္းေလကံေကာင္းေလပါ။

ယၾတာ ေခါက္ဆြဲေလးေၾကာ္ၿပီး ဘုရားကပ္ပါ

စေန

ဒီကာလအတြင္းအခက္အခဲမ်ား ေျပလည္မည္။ အေရးပါေသာဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ရမည္။ အၿပိဳင္ အဆိုင္အားလုံးကို ေက်ာ္လႊား၍ စိတ္ကူးသစ္မ်ား လက္ေတြ႕ေဆာင္႐ြက္ႏိုင္မည္။ ရပ္ေဝးကဧည့္သည္ေတြေရာက္ လာတတ္ပါတယ္။အလုပ္ကလဲမ်ား၊အိမ္ကိစၥေတြကလဲမ်ားဆိုတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္ သက္ ၿပီးေတာ့လဲ ရစရာရွိတာေတြက ၾကန႔္ၾကာေနတတ္ပါတယ္။

ပစၥည္းတစ္ခုခုကို တစ္ပတ္ရစ္ဝယ္မယ္ဆို နားလည္ သူ ေတြနဲ႔တိုင္ပင္ၿပီးမွဝယ္ေစခ်င္ပါတယ္။ က်န္းမာေရး ကေတာ့ဒီကာလမွာအားနည္းေနတာေတြ႕ရပါတယ္။ အဘက္ ဘက္ကက်န္းမာေရးျခဴျခာေနတတ္ပါတယ္။ ေရာဂါ ျဖစ္လာရင္ေဆးၿမီးတိုနဲ႔မကုဖို႔မွာခ်င္ပါတယ္။ေငြေၾကးကို အလြယ္ေခ်းငွားလိုက္တာမ်ိဳးေတြမလုပ္ မိပါေစနဲ႔။ လူမ်ိဳးျခား၊ဘာသာျခားေတြရဲ႕ေခ်ာက္ခ်ျခင္းကိုခံရႏိုင္ပါတယ္။ အလုပ္နဲ႔ ပတ္သက္ၿပီးေတာ့လဲကံေကာင္း ျခင္းေတြရွိပါလိမ့္မယ္။ဒါေပမဲ့အလုပ္မ်ားေနတာေၾကာင့္ပင္ပန္းရတာမ်ိဳး ေတြေတာ့ရွိတတ္ပါတယ္။

ကိုယ္ပိုင္စီးပြား အလုပ္မ်ားအလုပ္မ်ား အလုပ္နဲ႔ပတ္သက္ၿပီး အခ်ိတ္အဆက္ေတြရလာ တတ္ပါတယ္။အခ်စ္ေရးမွာေတာ့ နားလည္ မႈေတြကိုအခ်ိန္ေပးတည္ေဆာက္ရပါလိမ့္မယ္။ အိမ္ေထာင္ေရး သာယာမႈ အားနည္းေနတာေတြ႕ရပါတယ္။ ပညာေရးနဲ႔ပတ္သက္ၿပီး စိတ္ခ်မ္းသာရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 3/4/6

အထူးေဟာ အနည္းငယ္အလုပ္မ်ားရတတ္ပါတယ္။

ယၾတာ ဖိနပ္ျပတ္ေနတာေတြရွိရင္စြန႔္ပစ္လိုက္ပါ။

၇ရက္သားသမီးမ်ား က်န္းမာလာဘ္႐ႊင္ၿပီး လိုရာဆႏၵျပည့္ပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

0977 5555 695

09 44 5555 695

Unicode ဖြင့်ဖတ်ပါ
★★★★★

ဇော်ဂျီ / ယူနီကုဒျ

Zawgyi ဖြင့်ဖတ်ပါ
★★★★★

12.11.2020 မှ 18.11.2020 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
ဆရာငြိမ်းအေးလူ-ဗေဒင်သုတေသီ

တနင်္ဂနွေ

ဒီကာလဟာ အထူးအသိအမှတ်ပြုခြင်းခံရတတ်တဲ့နေ့ရက်တွေပါပဲ။ မိမိလုပ်ဆောင်သမျှ အများကအတုယူရတဲ့ အထိဖြစ်တတ်ပါတယ်။ လုပ်ငန်းအတွက်လိုအပ်ချက်တွေကို အထက်ကိုတင်ပြတောင်းခံလို့အထူးကောင်းတဲ့ကာလ ပါပဲ။ အလုပ်လျှောက်ထားတာတွေရှိရင် ဒီကာလမှာအလုပ် ရတတ်ပါတယ်။ငွေကုန်နေတာတွေရှိရင်ရပ်တန့်သွားပါ လိမ့်မယ်။ မိမိတို့အတွက်အဘက်ဘက်ကအခက်အခဲတွေနည်းပါးပါတယ်။ လုပ်သမျှအဆင်ပြေခြင်း၊ ကြံ စည်သမျှ အောင်မြင်ခြင်းတွေကိုအထူးကြုံရပါလိမ့်မယ်။

မိတ်ဆွေပေါများပါလိမ့်မယ်။ ဝေးကွာနေတဲ့သူငယ်ချင်း တွေနဲ့ပြန် လည် ဆုံဆည်းရတတ်ပါတယ်။ပြန့်ကျဲနေတဲ့ငွေကြေးတွေကိုကောင်းစွာပြန်စုနိုင်ပါလိမ့်မယ်။ ကြီးမားတဲ့ ဆုံးဖြတ် ချက်များ၊ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာများကိုအထူးအလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဌာနဆိုင် ရာနှင့် ပတ်သက်သောကိစ္စများလိုက်ပါဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကျန်းမာရေးကတော့အညံ့အဆိုးနည်းပါ တယ်။ ရောဂါကင်းပြီးစိတ်ချမ်းသာပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူအကြောင်းကိုမိဘတွေအားဖွင့်ပြောသင့် တဲ့နေ့ ပါပဲ။

အိမ်ထောင်ရေးကိစ္စတွေမှာတော့ အထူးညံ့တာမျိုးရှိနေပါလိမ့်မယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့လဲ အထူးကံ ကောင်းနေပါလိမ့်မယ်။ ကြိုးစားထားသည်ထက်ပိုမိုအောင်မြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/5/8

အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။

ယတြာ လူကြီးမိဘတွေကို လက်ဖက်ခြောက်တစ်ထုပ်လှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း စိတ်ကူးတွေသစ်ဆန်းနေတတ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်လုပ်ရတဲ့ကိစ္စမှန်သမျှ ကောင်း သောအကျိုးဆက်တွေရလာတတ်ပါတယ်။မိမိမသိနားမလည်တဲ့ကိစ္စတွေကို သိခွင့်ရလာပါလိမ့် မယ်။ လုပ်ငန်းခွင် အတွင်းနေရာကောင်းရတာမျိုးတွေအထူးကြုံရတတ်ပါတယ်။ကျန်းမာရေးကိုတော့ အညံ့မရှိသလောက်ကိုနည်းပါ တယ်။ ကိုယ်ကျန်းမာစိတ်ချမ်းသာနေပါလိမ့်မယ်။ စပ်တူအလုပ်များရှယ်ယာအလုပ်များ ဒီထက် ကောင်းမွန်ပါ လိမ့် မယ်။

စိတ်လွတ်လက်လွတ်နေချင်မိနေတတ်ပါတယ်။ဒါကလဲကောင်းပါတယ်။ ဒီကာလက အလုပ်တွေကိုခဏ မေ့ပြီး အနားယူချိန်ကို သပ်သပ်ပေးလိုက်ဖို့လိုပါတယ်။ဒါမှပဲစိတ်လန်း၊လူလန်းပါလိမ့်မယ်။ စန်းပွင့်နေတဲ့နေ့ရက်လဲ ဖြစ်ပါ တယ်။ လူချစ်လူခင်များပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ငွေပေးခြင်း၊ငွေယူခြင်းတွေ ငွေကြေးရင်းနှီးမြုပ် နှံခြင်း တွေ စတင်လို့ကောင်းတဲ့ကာလပါပဲ။ အနုပညာလုပ်ငန်းလုပ်ကိုင်သူများ ဖန်တီးမှုအသစ်တွေကိုလုပ်ကိုင်နိုင် ပါလိမ့် မယ်။အပျော်ခရီးသွားခြင်းတွေအထူးကောင်းပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးလိုင်းပေါ်ကနေချစ်သူသစ်ရည်းစားသစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးလဲ အထူးကံကောင်းနေချိန်ကာလပါပဲ။ ပညာရေးကတော့ ဆရာကောင်းတွေဆီ မှာသင်ယူခွင့်တွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/5/6

အထူးဟော ပျော်စရာတွေများနေပါလိမ့်မယ်။

ယတြာ ခရမ်းသီးနှပ်ချက်ပြီးဘုရားဆွမ်းကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်း ထင်သမျှလွဲနေတတ်ပါတယ်။ကိုယ်ပိုင်စီးပွားလုပ်ငန်းအသေးစားများ အလုပ်တွေပါးနေ တတ် ပါ တယ်။ စိတ်မညစ်ပါနဲ့။ ခဏတာအဆင်မပြေခြင်းလို့ပဲမှတ်ယူပါ။ လိင်မတူသူတွေနဲ့ဆက်ဆံရေးကိုလိုတာ ထက် မပိုပါစေနဲ့။ ဘေးအမြင်မှာ ကဲ့ရဲ့စရာဖြစ်တတ်ပါတယ်။ လက်ဝယ်ရှိတဲ့ စက်ပစ္စည်းတွေကိုပြုပြင်ခြင်း၊ထိန်း သိမ်းခြင်း တွေ ကိုအထူးဆောင်ရွက်သင့်တဲ့ကာလပါပဲ။ အောက်လက်ငယ်သားတွေရဲ့အဆင်မပြေမှုလေးတွေကိုလဲ မိမိတတ်နိုင်တဲ့ဘက်ကကူညီခွင့် တွေရလာတတ်ပါတယ်။

မိမိယုံကြည်ရတဲ့သူတွေက မိမိကိုသစ္စာဖောက်သွားတတ် ပါတယ်။ လိုတာထက်ပိုပြီး အတွင်းရေးတွေကိုသူများကိုထုတ်မပြောလိုက်ပါနဲ့။ ရှေ့တိုးဆောင်ရွက်စရာကိစ္စတွေကို တတ်နိုင်သလောက်ရှောင်စေချင်ပါတယ်။ မလုပ်မဖြစ်လုပ်ရမယ်ဆိုရင်လဲ နားလည်တတ်ကျွမ်းသူတွေနဲ့တိုင်ပင် ကြည့် စေချင်ပါတယ်။ မိမိစိတ်ကူးအတိုင်းချွန်ပြီးလုပ် လေအမှားများလေဖြစ်ရတတ်ပါတယ်။ ခြေလွန်လက်လွန် ပေးကမ်းမှုတွေကိုရှောင်ပါ။ တစ်ခုခုကိုပေးလိုက်ပြီးမှနှမျောနေသလိုဖြစ်ရတတ်တဲ့ကာလပါပဲ။

ကျန်းမာရေး ကတော့ မတ်တပ်ဖျား၊မတ်တပ်နာလောက်ပါပဲ။ အချစ်ရေးမှာတော့ ကြားဝင်နှောက်ယှက်သူတွေရှိနေတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ဖေးဖေးမမနဲ့ သာယာ ပါလိမ့်မယ်။ ပညာရေးကံကတော့ အားနည်းနေတတ်တာကိုတွေ့ရ ပါတယ်။

အကျိုးပေးဂဏန်း 3/6/0

အထူးဟော အရာရာချင့်ချင့်ချိန်ချိန်လုပ်ပါ။

ယတြာ မီးချောင်း၊မီးလုံးအကျွမ်း၊မီးကြိုးအပြတ်တွေရှိရင် စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းအရင်ကတည်းကစကားပြောမကောင်းသူဆိုတတ်နိုင်သမျှစကားနည်းပါစေ။ တစ်ဖက်သား က ဆက်ဆံရေးညံ့တယ်လို့ထင်သွားတတ်တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ကျန်းမာရေးကိုတော့ အထူးအာရုံစိုက်ပါ။ စိတ်ကြည်လင်လန်းဆန်းနေပေမဲ့ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်နေတတ်ပါ တယ်။တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေ တတ် ပါတယ်။စိတ်ကူးထားတာလေးတွေကိုအကောင်အထည်ဖော်ပါ။ အရေးကြီးတာတွေကိုဦးစားပေးလုပ်တတ် လေ အဆင်ပြေလေပါပဲ။

တတ်သိထားသမျှတွေကို အခြေခံပြီး ဒီကာလ မှာအားထည့်လုပ်ကိုင်စေချင်ပါတယ်။ မိတ်ဆွေ နယ်ပယ်၊အပေါင်းအသင်းနယ်ပယ်ကျယ်ပြန့်ကြီးမားနေတတ်ပါ တယ်။ ရန်အတိုက်အခံနဲ့ယှဉ်တဲ့ အောင် မြင် မှုတွေရတတ်ပါတယ်။ အဆင်ပြေတိုးတတ်လေလေ ရန်များလေပါပဲ။တိုက်ခိုက်သူတွေကို ဂရုမစိုက်ဘဲမိမိလုပ် သင့်တာ ကိုလုပ် ကိုင်ဆောင်ရွက်သွားလိုက်ပါ။ အလုပ်နဲ့ ပတ်သက်ပြီး လက်ရှိအနေအထားထက်မြင့်တဲ့နေရာမျိုး ရတတ်ပါတယ်။ကံကြောင့်မဟုတ်ဘဲ ဉာဏ်ဝီရိယတွေကို စိုက်ထုတ်လုပ်ကိုင်လို့ အဆင်ပြေတဲ့ကာလပါ။ ပျင်းနေ တဲ့သူတွေကတော့ အခက်အခဲများနိုင်တဲ့ကာလပါပဲ။

အချစ်ရေးမှာမချစ်သင့်သူကိုချစ်မိတတ်ပါတယ်။ အိမ်ထောင် ရေး မှာအညံ့မရှိပေမဲ့ အစေးမကပ်သလိုဖြစ်ရ တတ်ပါတယ်။ပညာကံအထူးကောင်းနေမည်။

အကျိုးပေးဂဏန်း 1/0/4

အထူးဟော ကြိုးစားသမျှအရာထင်သည်

ယတြာ ၂၄ပစ္စည်းကိုနေ့စဉ်သက်စေ့ရွတ်ပွားပါ။

ကြာသပတေး

ဒီကာလအတွင်း မူလတစ်ကြိမ်တစ်ခါမှ ရရှိခဲ့ဖူးခြင်းမရှိသော အခွင့်အရေးကောင်းများ ရရှိမည်။ အလုပ်ပို၊ ကိစ္စပိုများကြုံမည်။ ရပ်ဝေးမြေခြား၊ ပြည်ပသို့ တိုင်အောင် ခရီး သွားရကိန်းများ ရှိနေပါသည်။ အလုပ်နဲ့ပတ်သက်ပြီး လက်ထဲငွေရှိရင်အဆင်ပြေမဲ့ပစ္စည်းတစ်ခုခုကိုရင်းနှီးမြုပ်နှံလိုက်ပါ။ အခြားကံထက် အလုပ်ကံကသိသိသာသာ ကောင်းနေတတ်ပါတယ်။ ဒွိဟတွေ၊တွေဝေခြင်းတွေကိုရင်ထဲမထည့် ထားမိဖို့လိုအပ်ပါတယ်။

လုပ်ချင်တာတွေကို ရဲရဲရှေ့တိုးလုပ်ကိုင်လေအောင်မြင်မှုတိုးလေပါပဲ။ အလုပ်အစည်းအဝေးကျင်းပတာမျိုးတွေ၊ ရှယ်ယာ ဝင် တွေနဲ့တိုင်ပင်ပြီးလုပ်ငန်းတိုးချဲ့တာမျိုးတွေဆောင်ရွက်လို့ကောင်း တဲ့ကာလပါပဲ။ အောက်ခြေဝန်ထမ်းတွေ အတွက် လိုအပ်တဲ့သင်တန်းတွေပေးသင့်တဲ့ကာလပါပဲ။ ပွဲစားအလုပ်များ ၊မီဒီယာအလုပ်များလုပ်ကိုင် နေသူတွေ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ဆရာအဖြစ်အသက်မွေးသူဆိုသင်တန်း သစ်၊တန်းခွဲသစ်စတင်ဖွင့်လှစ်လို့ကောင်း တဲ့ကာလပါပဲ။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီတွေအများကြီး ရပါလိမ့်မယ်။ ဆရာသမားအထက်လူကြီး တွေဆီကနေ ဖေးမကူညီပေးမှုတွေကိုရရှိပါလိမ့်မယ်။

ကျန်းမာရေး အလွန်ကောင်းပါတယ်။ အချစ်ရေးမှာတော့ စိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။ ပညာရေးမှာတော့ စီးပွားရေး နွယ်သောပညာတွေသင်ယူပါ။

အကျိုးပေးဂဏန်း 1/2/5

အထူးဟော အလုပ်တွေကောင်းနေပါလိမ့်မယ်။

ယတြာ ပဲကပ်ကြော်ငါးခုဘုရားကပ်လှူပါ။

သောကြာ

ဒီကာလအတွင်း မိမိအပေါ် နှောက်ယှက်သူများ၊ ချောက်ချတိုက်ခိုက်သောသူများနှင့် ရင်ဆိုင်ဖြေရှင်းရခြင်း မျိုး ကြုံလိမ့်မည်။ ကျွမ်းကျင်၊ နားလည်၊ ပိုင်နိုင်မှု မရှိသောသူများ၏ ဆရာလုပ် အမိန့်ပေးခြင်းကို ခံရမည်။ မိမိ အတွက်ခရီးကိစ္စတွေစီစဉ်ထားရင်ရက်ရွှေ့ရတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ ကြောင့်မိမိငွေကုန်ရတတ်ပါ တယ်။ ကုန်သွယ်စီးပွားများ အမြတ်အစွန်းနည်းနေပါလိမ့်မယ်။တစ်ပါးသူဆီကအကူအညီတွေရခဲတဲ့ကာလပါပဲ။

ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားသင့်တဲ့ကာလပါပဲ။အလုပ်နဲ့ပက်သက်ရင်အခက်အခဲကြုံပြီးမှအ ဆင်ပြေတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ရင် နယ်ဝေးကအလုပ်တွေအညံ့များနေလိမ့်မယ်။ ခရီးသွားလုပ်ငန်းများ အညံ့များနေပါလိမ့် မယ်။ အနုပညာနဲ့ပတ်သက်ပြီး တိုးတတ်ပါလိမ့်မယ်။ လူငယ်တွေဆို မိဘတွေနဲ့ အတိုက်အခံ လုပ်ပြီးအပျော်နောက် လိုက်နေမိပါတယ်။ ကာမ မကြူးသင့်တဲ့နေ့ပါ။ ရန်များတတ်ပါတယ်။ အရင်ကရန်စရှိသူတွေနဲ့ ပြန်တွေ့ရတတ်ပါ တယ်။ စိတ်ချမ်းသာစရာတွေရဖို့ တရားနဲ့ပျော်တတ်ဖို့အရေးကြီးပါတယ်။

ကျန်းမာရေးကတော့ အညံ့အဆိုးနည်းနေ တတ်ပါတယ်။ အလွန်ဆုံးချောင်းဆိုးခေါင်းကိုက်လောက်ပဲဖြစ်ပါလိမ့်မယ်။ အချစ်ရေးမှာလဲ ချစ် သူချင်းအဆင် ပြေပေမဲ့ တွေ့ဖို့ဆုံဖို့ မအားလပ်ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ရင် အဆင်ပြေချော မွေ့ပါလိမ့်မယ်။ အိမ်ထောင်ဘက်ရဲ့အကူအညီတွေရပါလိမ့်မယ်။ ပညာရေးကံအားနည်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/3/6

အထူးဟော စကားနည်းလေကံကောင်းလေပါ။

ယတြာ ခေါက်ဆွဲလေးကြော်ပြီး ဘုရားကပ်ပါ

စနေ

ဒီကာလအတွင်းအခက်အခဲများ ပြေလည်မည်။ အရေးပါသောဆုံးဖြတ်ချက်များ ချမှတ်ရမည်။ အပြိုင် အဆိုင်အားလုံးကို ကျော်လွှား၍ စိတ်ကူးသစ်များ လက်တွေ့ဆောင်ရွက်နိုင်မည်။ ရပ်ဝေးကဧည့်သည်တွေရောက် လာတတ်ပါတယ်။အလုပ်ကလဲများ၊အိမ်ကိစ္စတွေကလဲများဆိုတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ငွေကြေးနဲ့ပတ် သက် ပြီးတော့လဲ ရစရာရှိတာတွေက ကြန့်ကြာနေတတ်ပါတယ်။

ပစ္စည်းတစ်ခုခုကို တစ်ပတ်ရစ်ဝယ်မယ်ဆို နားလည် သူ တွေနဲ့တိုင်ပင်ပြီးမှဝယ်စေချင်ပါတယ်။ ကျန်းမာရေး ကတော့ဒီကာလမှာအားနည်းနေတာတွေ့ရပါတယ်။ အဘက် ဘက်ကကျန်းမာရေးခြူခြာနေတတ်ပါတယ်။ ရောဂါ ဖြစ်လာရင်ဆေးမြီးတိုနဲ့မကုဖို့မှာချင်ပါတယ်။ငွေကြေးကို အလွယ်ချေးငှားလိုက်တာမျိုးတွေမလုပ် မိပါစေနဲ့။ လူမျိုးခြား၊ဘာသာခြားတွေရဲ့ချောက်ချခြင်းကိုခံရနိုင်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့လဲကံကောင်း ခြင်းတွေရှိပါလိမ့်မယ်။ဒါပေမဲ့အလုပ်များနေတာကြောင့်ပင်ပန်းရတာမျိုး တွေတော့ရှိတတ်ပါတယ်။

ကိုယ်ပိုင်စီးပွား အလုပ်များအလုပ်များ အလုပ်နဲ့ပတ်သက်ပြီး အချိတ်အဆက်တွေရလာ တတ်ပါတယ်။အချစ်ရေးမှာတော့ နားလည် မှုတွေကိုအချိန်ပေးတည်ဆောက်ရပါလိမ့်မယ်။ အိမ်ထောင်ရေး သာယာမှု အားနည်းနေတာတွေ့ရပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3/4/6

အထူးဟော အနည်းငယ်အလုပ်များရတတ်ပါတယ်။

ယတြာ ဖိနပ်ပြတ်နေတာတွေရှိရင်စွန့်ပစ်လိုက်ပါ။

၇ရက်သားသမီးများ ကျန်းမာလာဘ်ရွှင်ပြီး လိုရာဆန္ဒပြည့်ပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695

09 44 5555 695