သူဆိုးသွမ်းပြီး လူမှုရေးဖောက်ပြန်ခဲ့တာတွေကို မိန်းမဖြစ်သူက ခွင့်လွှတ်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်ဆိုတဲ့ ညီနန္ဒ

ပရိသတ်ကြီးရေ သရုပ်ဆောင် ညီနန္ဒကတော့ ချောမောခန့်ညားပြီး ယောက်ျားပီသတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ညီနန္ဒက လက်ရှိအချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေနဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ညီနန္ဒက ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အေးချမ်းပျော်ရွှင်စွာ နေထိုင်နေတာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ညီနန္ဒရဲ့ ထောပတ်ထမင်းကလည်း ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်နေတာဖြစ်ပါတယ်။ညီနန္ဒကလည်း စေတနာပါပါနဲ့ ကိုယ်တိုင်ချက်ပြုတ်တာကြောင့် အရသာနဲ့သန့်ရှင်းမှုကလည်း ကောင်းမွန်ပါတယ်နော်။ညီနန္ဒတို့မိသားစုသုံးယောက်က လက်ရှိစီးပွားရေးလေးကို တက်ညီလက်ညီနဲ့ ကြိုးစားလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ညီနန္ဒကအကြွေးတွေကျေမှမင်္ဂလာနှစ်ပတ်လည်ကျင်းပမယ်လို့ပြောခဲ့ပါတယ်။ ညီနန္ဒက ဒီကာလက အတော်လေးကိုစိတ်ချမ်းသာစရာတွေရှိလာတယ် မင်္ဂလာရှိလာတယ်လို့ဆိုပါတယ်။ သီတင်းကျွတ်ကာလဆို အမြဲပိုက်ဆံပြတ်လို့ ကန်တော့ချင်တဲ့သူတွေကိုလည်းမကန်တော့နိုင်ဘူး။ဒီနှစ်မှာတော့ညီနန္ဒကသီတင်းကျွတ်မှာ သူရည်ရွယ်ထားတဲ့လူကြီးတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ထောပတ်ထမင်းကျေးဇူးနဲ့ လက်ဆောင်ပစ္စည်းပေးရတဲ့အတွက် တော်တော်ဂုဏ်ယူတယ်လို့ပြောပါတယ်။

ညီနန္ဒနဲ့ ဇနီးသည်ရဲ့ နှစ်ပတ်လည်နေ့လေးက၁၁ရက် ၁၁လမှာ၁၁ပြည့်ခဲ့တာပဲဖြစ်ပါတယ်။ ”သတ်မှတ်တဲ့ရက်ကလေးက နောက်တစ်ကြိမ် ဘယ်တော့မှဖြစ်မလာနိုင်တော့ဘူးပေါ့နော်။နောက်တစ်ကြိမ်လည်း ဖြစ်မလာတော့တဲ့အတွက် တစ်သက်မှာတစ်ကြိမ်ပဲကြုံရတဲ့ နေ့ကောင်းရက်မြတ်ကလေး နေ့ထူးနေ့မြတ်လေး ဖြစ်လို့အရမ်းကိုကျေနပ်တယ်။” ညီနန္ဒက ဒီနေ့ထူးနေ့မြတ်ကလေးအတွက် အလှူလုပ်ဖို့စဉ်းစားထားတယ်လို့ ပြောပါတယ်။ကိုနန္ဒထောပတ်ထမင်းမိသားစုအနေနဲ့ ၉လပွဲမှာပွဲ၃၀၊၁၀လပိုင်းမှာပွဲမှာ၅၀ Q Center တွေကိုယောက်ဖများနဲ့အတူလှူခဲ့တယ်လို့ဝေမျှပါတယ်။ ဒီနေ့မှာတော့ သူတို့ရဲ့နှစ်ပတ်လည်၁၁နှစ်ပြည့်အနေနဲ့ ထောပတ်ထမင်းပွဲ၁၁၀လှူဒါန်းခဲ့တယ်လို့ပြောပါတယ်။

ညီနန္ဒဟာ အခုလိုချောင်ချောင်လည်လည်ဖြစ်လာပေမဲ့ ပေးရမယ်အကြွေးတွေကိုတော့ မမေ့ပါဘူးလို့ ထည့်သွင်းပြောပါတယ်။တင်နေတဲ့အ ကြွေးတွေကိုလည်း လစဉ်ဖဲ့ဖဲ့ပြီးဆပ်နေတယ်လို့ ပြောပါတယ်။ မန္တလေးမှာရှိနေတဲ့ အမှုသုံးခုထဲကတစ်ခုကိုဆိုလည်း ဖြေရှင်းပြီးတော့မှာဖြစ်တယ်လို့ အသိပေးပါတယ်။ညီနန္ဒဟာလှူလည်းလှူမယ် အကြွေးလည်းဆပ်မယ်လို့ပြောကြားပါတယ်။ ညီနန္ဒဟာ”အခုဆိုအိမ်ငှားပြီးနေရင်း ကောင်းကောင်းလည်းကြိုးစားတဲ့အတွက် အဆင်ပြေတဲ့အနေအထားမဟုတ်တောင်္ငတော်တော်လေးချောင်ချောင်လည်လည်ဖြစ်လာပြီ”လို့ဆိုပါတယ်။ “ပေးစရာရှိတယ်လို့သာ ကိုယ်ကပြောလိုက်တယ် မပေးနိုင်ခဲ့ဘူး။မိသားစုတစ်စုလုံးကို တာဝန်ယူပြီးပြန်ထူထောင်တဲ့အချိန်ကျတော်တော်ခက်တယ်။ရန်ကုန်မှာနေတော့ အိမ်ငှားခ၊စားဝတ်နေရေး၊ သမီးလေးရဲ့ပညာရေး ကအစလုပ်ရတဲ့အတွက် အနုပညာတစ်ခုတည်းနဲ့ရပ်တည်တဲ့အခါ အပိုဝင်ငွေမရှိခဲ့ဘူး။ဘုရားရှိခိုးတိုင်း အ ကြွေးကင်းစင်တဲ့ဘဝကို အမြန်ဆုံးရောက်ရပါလို၏လို့ အမြဲဆုတောင်းသစ္စာဆိုတယ့်အတွက် ကိုဗစ် ကာလမှာဘုရားက ကိုနန္ဒထောပတ်ထမင်းအလုပ်လေးချပေးလိုက်တယ်လို့ယူဆတယ်”

သရုပ်ဆောင်ညီနန္ဒဟာ မနက်တိုင်းစောစောထပြီးဘုရားရှိခိုးတာ အခုနှစ်ဒီဇင်ဘာ၇ရက်မှာ၃နှစ်ပြည့်သွားပြီပဲ ဖြစ်ပါတယ်။ အရင်ပုံမှန်အချိန်မှာတော့ အပေါင်းအသင်းတွေနဲ့ အပျော်အပါးအတော်မက်ပေမဲ့ အခုလိုအိပ်ထဲမှာပဲနေရတဲ့ အခြေအနေမှာလည်း အရာရာကိုကျေနပ်တယ်လို့ရတယ် လို့ဆိုပါတယ်။ ညီနန္ဒဟာ၂၅နှစ်ပြည့် နှစ်ပတ်လည်ငွေရတုမှာ အကြွေးတွေလည်းကြေသွားရင် ပွဲအကြီးကြီးနဲ့ ခမ်းခမ်းနားနားကျင်းပမယ်လို့ဆိုပါတယ်။

ညီနန္ဒဟာ အခုလိုတစ်ကျော့ပြန်ပြီး ဒီအ ခြေအနေထိအဆင်ပြေလာတာဟာ ဇနီးဖြစ်သူထူးချွန်ထက်မြတ်တာလည်း အဓိကပါတယ်လိုပြောပြပါတယ်။ “အကိုအရမ်းဆိုးသွမ်းပြီး လူမှုရဖောက်ပြန်တာတွေ၊ လူသားတစ်ယောက်အနေနဲ့ ခွင့်လွတ်လို့မရတဲ့ အခြေအနေမျိုးတွေမှာသူကိုယ့်ကို ခွင့်လွှတ်ပေးခဲ့တယ်။အကိုကတော့ အကို့အမျိုးသမီးကို အရမ်းကျေးဇူးတင်တယ်။ သူအကို့နားမှာ အမြဲရှိနေပေးလို့ အကိုတို့မိသားစုမပြိုကွဲပဲ အခုချိန်ထိ တည်တည်တံ့တံ့ရှိနေခွင့်ရတယ်။ အဲ့ဒီအတွက် အကိုသူ့ကိုအရမ်းကျေးဇူးတင်ပါတယ်”

သရုပ်ဆောင်ညီနန္ဒက သူ့ပန်းတိုင်ဟာအကြွေးတွေကျေဖို့ဖြစ်တယ် လို့လည်းပြောကြားခဲ့ပါတယ်။ “ဒီအခြေအနေကို ကျေနပ်ပေမဲ့ ရပ်တော့ရပ်မနေဘူး။ ကိုဗစ် ပြီးရင် အကိုတို့လုပ်ငန်းဘယ်လိုချဲ့မလဲဆိုတဲ့ plan လေးတွေအများကြီးစဉ်းစားထားတာ ရှိတယ်” မိသားစုနဲ့ပတ်သတ်လို့ အကြွေးတွေကြေသွားရင် သမီးလေးဆန္ဒရှိတဲ့အတိုင်း ရေကူးကန်ပါတဲ့အိမ်လေး အမြန် ဆုံးဆောက်နိုင်ဖို့ က သရုပ်ဆောင်ညီနန္ဒတို့မိသားစုရဲ့အိမ်မက်ပဲဖြစ်ပါတယ်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source : MC