အောင်မင်းခန့်နဲ့ ပက်သတ်ပြီး (၇) နှစ်တာ တည်ဆောက်ထားနိုင်တဲ့ သံယောဇဉ်အကြောင်း ပြောပြလာတဲ့ စည်သူဝင်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Si Thu Win’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

အောင်မင်းခန့်နဲ့ ပက်သတ်ပြီး (၇) နှစ်တာ တည်ဆောက်ထားနိုင်တဲ့ သံယောဇဉ်အကြောင်း ပြောပြလာတဲ့ စည်သူဝင်း

MRTV 4 ဇာတ်လမ်းတွဲတွေရဲ့ မင်းသားချောတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ စည်သူဝင်းက ဆံပင်ရှည်တွေနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ စည်သူဝင်းကတော့ ဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ ကာရိုက်တာကနေ မတူညီတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပညာသားပါပါ သရုပ်ဆောင်ပြနိုင်တာ ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။ လတ်တလောမှာတော့ စည်သူဝင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေက ထုတ်လွှင့်ပြသခြင်းမရှိသေးတဲ့အတွက် ပရိသတ်တွေနဲ့ အနည်းငယ်အဆက်အသွယ် ပြတ်တောက်နေသလို ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စည်သူဝင်းက နာမည်ကြီးသရုပ်ဆောင် အောင်မင်းခန့်နဲ့ ပက်သတ်ပြီး အချိန်တွေအကြာကြီး တည်ဆောက်ထားနိုင်တဲ့ သံယောဇဉ်တစ်ခုအကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ စည်သူဝင်းက “ဘာလိုလိုနဲ့ကိုအောင်မင်းခန့်ညီကိုတွေလိုခင်မင်လာတာ ၇နှစ်နှစ်ကျော်တောင်ရောက်နေပြီ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အမှတ်တရ ပြောပြလာခဲ့ပါတယ်။

စည်သူဝင်းကတော့ အောင်မင်းခန့်နဲ့ ညီအစ်ကိုလို ခင်မင်ရင်းနှီးလာတာ ဆယ်စုနှစ်တစ်စုနီးပါးရှိခဲ့ပြီလို့ ပြောထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးက စည်သူဝင်းနဲ့ အောင်မင်းခန့်တို့ နှစ်ယောက်စလုံးရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Si Thu Win’s fb
Bilie – Cele Connections