
ရွှေဝင်ငွေဝင်မည့်နိမိတ်ပြမဟူရာအိမ်မက်များ(က)မှ(မ) ထိကနှင့်ပက်သက်သောအိပ်မက်များ၁။ကြာမျိုးငါးပါးအနံ့ကိုရှုရသည်ဟုမြင်မက်မူတည်ကြည့်စွာဂုဏ်သတင်းကျော်စောရအံ့၂။ကြာညိုပန်းကိုပန်ရသည်ဟုမြင်မက်မူမယားကောင်းရအံ့၃။ကြာသွတ်အိုးနှင့်ရေချိုးရသည်ဟုမြင်မက်မူသူတစ်ပါးတို့၏မှီခိုရာဖြစ်အံ့။

ကြာသွတ်အိုးမြင်မက်မူစည်းစိမ်များအံ့၄။ကြာပန်းစသည်မြင်မက်မူဖျားနာအံ့၅။ကျွဲစီးရသည်ဟုမြင်မက်မူကျေးကျွန်ရအံ့၆။ကျွဲ၊နွား၊ဝက်၊မြေခွေး၊လင်းတတိရစ္ဆာန်တို့ကိုမြင်မက်မူဥပါဒ်ရောက်အံ့၇။ကျွဲ၊နွား၊ဝက်၊ဆင်၊မြင်းတို့အားကောင်းသောအခြင်းအရာဖြင့်မြင်မက်မူနတ်စိမ်းတို့နှစ်သက်အံ့

၈။ကြှဲခတျသညျဟုမွငျမကျမူရွနျကီးစှာတှေ့ရအံ့၉။ကျွဲထွက်ပြေးသည်ဟုမြင်မက်မူရန်သူ၊ကျွန်အမှုလုပ်တို့ပြေးအံ့၁၀။ကျင်ကြီးစွန့်သည်ဟုမြင်မက်မူဥစ္စာလျှောအံ့၁၁။ကျင်ငယ်စွန့်ရသည်ဟုမြင်မက်မူဂုဏ်သရေလျှောအံ့၁၂။ကိုယ်ပေါ်သို့လောက်တက်သည်ဟုမြင်မက်မူဥစ္စာရအံ့။

ကျေးကျွန်၊ကျွဲ၊နွားသော်ရအံ့၁၃။ကိုယ်ခန္ဓာပုပ်သည်ဟုမြင်မက်မူတန်ခိုးကြီးအံ့၄။ကိုယ်မှာအကြောင်အကြားရှိသည်ဟုမြင်မက်မူမယားကောင်းရအံ့။ကိုယ်အမွေးရှည်သည်ကိုမက်မူလာဘ်ကြီးရအံ့။ကိုယ်ယောင်တောက်ပသည်ဟုမြင်မက်မူတန်ခိုးကြီးအံ့၁၅။ကောင်သောအခြင်းအရာဖြင့်မြွေကိုမြင်မက်မူပြိတ္တာ၊သရဲ၊သဘက်တို့ ကျေးဇူးပြုအံ့။

ကောင်းသောအခြင်းအရာဖြင့်လင်းတကိုမြင်မက်မူဇော်ဂနီနတ်ချစ်ရအံ့၁၆။ကောင်းကင်၌တည်ရှိသောပြာသာဒ်တို့တ က် ၍ကာမဂုဏ်ခံစားရသည်ဟုမြင်မက်မူအကြီးအမှူးဖြစ်ရအံ့၁၇ကောင်းကင်ပျံတက် တံခွန်လွှားမြင်မက်မူထင်ရှားရအံ့၁၈။ကျောက်ဖျာအိမ်မိုးမြင်မက်မူအများသခင်ဖြစ်ရအံ့

၁၉။ကျော်ဖျာထက်နေရသည်ဟုမြင်မက်မူအလွန်ကောင်းအံ့၂၀။ကျောက်ဖျာ်ကိုမျိုရသည်ဟုမြင်မက်မူကျေးဇူးသတင်းပျံ့နှံ့ခြင်းဖြစ်အံ့၂၁။ကြက်ချင်းခွပ်သည်ဟုမြင်မက်မူတရားတွေ့ရအံ့၂၂။ ကြက်၊ငှက်တို့၏ အတောင်များကိုစားရသည်ဟုမြင်မက်မူချမ်းသာရအံ့၂၃။ကခုန်မြူးတူးရသည်ဟုမြင်မက်မူမကောင်း

၂၄။ကျားစွယ်၊မိကျောင်းစွယ်ကိုရင်ခွင်ပိုက်ရသည်ဟုမြင်မက်မူအများတက်ထူးချွန်သူဖြစ်ရ၏၂၅။ကျားကို မြင်မက်မူမကောင်း၂၆။ကုန်းကိုတက်ပြီးမှကျင်းသို့ဆင်း၍ခေါင်းဆေးရသည်ဟုမြင်မက်မူဘုန်တန်းခိုးကြီးအံ့၂၇။ကြွယ်ဝသောသူကိုမြင်မက်မူကောင်းကျိုးရောက်အံ့၂၈။ကျက်ပြီးသားလူသားကိုလည်းကောင်း၊လူ၏ လက်ရုံးသားကိုလည်းကောင်း

စားရသည်ဟုမြင်မက်မူထီပေါက်အံ့၂၉။ကွန်းစင်အခေါင်တက်ရသည်ဟုမြင်မက်မူအကြီးအကဲဖြစ်အံ့၃၀။ကွမ်းရွက်၊သစ်ရွက်စားရသည်ဟုမြင်မက်မူပုဆိုးကောင်း၊အဝတ်ကောင်းရအံ့ခနှင့်ပက်သက်သေအိပ်မက်များ၁။ခရုသင်းကိုမြင်မက်မူဘေးဥပါဒ်ပျောက်ကင်းအံ့၂။ခရုသင်းပေးလာသည်ကိုမြင်မက်မူအကျင့်မြတ်သူသန္ဓေတည်အံ့။

ခရုသင်းမှုတ်ရသည်ဟုမြင်မက်မူစည်းစိမ်တိုးအံ့၃။ခွေးကိုက်သည်ဟုမြင်မက်မူအမှောင့်ပယောဂကိုယ်သို့ကပ်အံ့၄။ခေါင်းဖြီးသည်ဟုမြင်မက်မူမိဘတို့အကျော်အစောရှိအံ့။ဘေးပျောက်အံ့၅။ခံတွင်းသို့မကောင်းသောအနံ့ဝင်သည်ဟုမြင်မက်မူသီချင်းကျက်မှတ်ရအံ့။ခံတွင်းကအနံ့မကောင်းထွက်သည်ဟုမြင်မက်မူယုတ်မာသော စကားကိုဆိုရအံ့။

ခံတွင်းကကောင်းသောအနံ့ထွက်သည်ဟုမြင်မက်မူကောင်းသောစကားကိုဆိုရအံ့၆။ခံတွင်းသို့မွှေးကြိုင်သောရနံ့ဝင်သည်ဟုမြင်မက်မူလောကုတ္တရာကျမ်းစာကျက်မှတ်ရအံ့။ခံတွင်းကအပုပ်နံ့ထွက်သည်ဟုမြင်မက်မူယုတ်မာသောစကားကိုဆိုရအံ့၇။ခံတွင်းဖြင့်လက်နက်ကိုယူရသည်မြင်မက်မူချမ်းသာကြွယ်ဝအံ့

၈။ခြေလက်တိုသည်ဟုမြင်မက်မူဘုန်းကြီးအံ့။၉။ခြေသည်းလက်သည်းတို့ကိုလှီးရသည်ဟုမြင်မက်မူအကြီးအကဲဖြစ်အံ့။အထက်လူကြီးများချစ်ခင်အံ့။၁၀။ခြေသည်းလက်သည်းတို့ကိုရေတွက်ရသည်ဟု မြင်မက်မူအသက်ရှည်အံ့။၁၁။ခွငျ်သေ့ကိုစီးသှားသညျ မွငျမကျမူစီးသးကွီးပှားခမြျးသာအံ့။

ခငျပုပျငှကျသံကိုကွားရသညျမွငျမကျမူအနာဖြားသငျ့အံ့။၁၂။ခရီးသွားရသည်ဟုမြင်မက်မူအကြံမြောက်အံ့။၁၃။ခိုးသူတို့အရပ်လေးမျက်နှာမှလာသည်ကိုဖမ်းမိသည်ဟုမြင်မက်မူချမ်းသာအံ့။၁၄။ချွေးထွက်၊သွေးထွက်သည်ကိုမြင်မက်မူဘနု်းကြီးအံ့။၁၅။ချွန်းတောင်းလက်ဆွဲရသည်ဟုမြင်မက်မူအကြီးအကဲဖြစ်အံ့။

၁၆။ချောင်းအကြည်၊ကန်အကြည်ကိုမြင်မက်မူဝန်ထမ်းဖြစ်အံ့။၁၇။ချိုးသား၊ကြက်သားကိုစားရသည်ဟုမြင်မက်မူလာဘ်ရအံ့။၁၈။ခုံညင်းကစားရသည်ဟုမြင်မက်မူအကြီးအကဲဖြစ်အံ့။၁၉။ခြူ၊ဆည်းလည်းလှုပ်သည်ဟုမြင်မက်မူမကောင်း။၂၀။ခင်ပုပ်ငှက်မြည်သံကိုကြားရသည်မြင်မက်မူအနာကြီးသင့်ရာ၏။

ဂနှင့်ပက်သက်သောအိပ်မက်များ၁။ဂူလိုဏ်ကိုလည်းကောင်း၊တံတိုင်းကိုလည်းကောင်းပြုလုပ်ရသည်မြင်မက်မူချမ်း သာသုခကိုရ၍ဘေးရန်မရှိတည်မြဲအံ့။၂။ဂူသင်္ချိုင်း)ကိုမြင်မက်မူအမွေရအံ့၊ထီပေါက်အံ့။၃။ဂျုံစားရသည်ကိုမြင်မက်မူလုံခြုံအံ့၊အသက်ရှည်အံ့။၄။ဂဏာန်းသချာင်္များအပေါင်းရသည်၊မြှောက်ရသည် မြင်မက်မူဝင်ငွေတိုးအံ့၊

စိတ်ချမ်းသာအံ့။၅။ဂမုန်းပင်ကိုမြင်မက်မူအကြီးအကျယ်စီးပွားဖြစ်အံ့။( စီးပွားဂမုန်း)မီးကွင်းဂမုန်းဖြစ်လျှင်ပူပင်သောကကင်းဝေးအံ့။၆။ဂုန်လျှော်ပင်များစိုက်ရသည်ဟုမြင်မက်မူသာယာသောအိမ်ထောင်ရေးဖန်တီးရအံ့။၇။ဂေါ်မုတ်ကျောက်ကိုမြင်မက်မူအေးချမ်းသာယာအံ့။၈။ဂေါက်သီးကစားရသည်ကိုမြင်မက်မူလိုအင်ဆန္ဒပြည့်စုံအံ့

၉။ဂျုံခင်းထဲ၌သွားရသည်မြင်မက်မူမြင့်မြတ်သောသူနှင့်လက်ထပ်ရအံ့၊ချမ်းသာရန်နီးကပ်အံ့။ငနှင့်ပက်သက်သောအိပ် မက်များ၁။ငှက်ပျောပင်ကိုမြင်မက်မူရွာအရပ်ပြောင်းရအံ့။၂။ငှက်ပျောပင်းကို စိုက်ရသည်ဟု မြင်မက်မူရာထူးကြီးရအံ့။၃။ငှက်တော်ကိုဖမ်းမိသည်ဟုမြင်မက်မူပညာရှိဖြစ်အံ့

၄။ငရုတ်သီးကိုစားရသည်ဟုမြင်မက်မူရာထူးတိုးတက်အံ့။၅။ငရုတ်၊ချင်းစားရသည်ကိုမြင်မက်မူသူတကာတို့၏ဆရာဖြစ်အံ့။၆။ငိုကြွေးရသည်ဟုမြင်မက်မူလာဘ်ရအံ့။စနှင့်ပက်သက်သောအိပ်မက်များ၁။စင်ကြယ်သောကလေးသူငယ်ကိုလည်းကောင်း၊မီးရဲရဲကိုလည်းကောင်း၊ခြသေ့င်္ကိုလည်းကောင်း၊နန်းပြဿဒ်ကိုလည်းကောင်း၊

နတ်ကိုလည်းကောင်း၊ပုဏ္စားကိုလည်းကောင်း၊မြင်မက်မူချမ်းသာသုခကြီးအံ့။၂။စင်ကြယ်သောနွားကိုမြင်မက်မူကေ ာင်းကျိုးဖြစ်အံ့။၃။စောင်းတီးရသည်ဟုမြင်မက်မူစည်းစိမ်တိုးအံ့။၄။စောင်းမှတပါးအခြားတူရိယာတို့ကိုတီးရသည်၊သီချင် းဆိုရသည်ဟုမြင်မက်မူမကောင်း။၅။စပါးကိုမြင်မက်မူစကားဟောင်းပေါ်အံ့။

၆။စစ်သည်အများလာသည်ကိုမြင်မက်မူအနာရောဂါဖြစ်အံ့။စစ်ဗိုလ်ပါကိုမြင်မက်မူချမ်းသာသုခတိုးအံ့။၇။စည်၊ကြေးနန်း၊မောင်း၊ခွက်ခွင်း၊ပက်သာ၊နရည်၊ခေါင်းလောင်းစသောအသံကိုကြားရသည်ဟုမြင်မက်မူ ဘုန်းကျက်သရေတိုးအံ့။၈။စားကြူးရသည်ဟုမြင်မက်မူဥစ္စာရွှေငွေလျော့အံ့၊ဖျားနာအံ့၊စိုးရိမ်ကြောင့်ကြမြင်မက်မူဆိုလေရာကောင်းအံ့။

ဆ နှင့်ပက်သက်သောအိပ်မက်များ၁။ဆင်၊မြင်း၊ဗိုလ်ပါကိုမြင်မက်မူစိတ်ချမ်းသာအံ့။၂။ဆင်ပေါက်မြင်မက်မူသူတစ်ပါးကိုးကွယ်ရာဖြစ်အံ့။၃။ဆင်၊မြင်း၊နွားတို့ကိုမြင်မက်မူကောင်းစားအဲ့။၄ဆင်ဖြူချွန်းတင်မြင်မက်မူသူကောင်းပြုခံရအံ့။၅။ဆင်စွယ်နှစ်ချောင်းဆွဲရသည်ကိုမြင်မက်မူထင်ရှားကျော်စောအံ့။

၆။ဆင်ဖြူစီး၍ကောင်းကင်သို့တက်ရာနေလနှစ်ပါးကျလာ၍ခြေဖဝါးအပြင်ကပ်လျက်တည်သည်ဟုမြင်မက်မူတန်ခိုးကြီးအံ့၇။ဆံပင်ရှည်ကိုမြင်မက်မူတန်ခိုးကြီးအံ့၈ဆံပင်ရှည်ကိုမြင်မက်မူအကျင့်ကောင်း၍အကြီးအကဲဖြစ်အံ့။၉။ဆံပင်ဖြေရသည်ကို မြင်မကမူမကောင်း။၁၀။ ဆား၊ဆီ၌ထိုင်ရသည်ကိုမြင်မက်မူသူတစ်ပါးတို့ ကိုးကွယ်ရာဖြစ်အံ့။

၁၁။ဆားလျက်ရသည်ဟုမြင်မက်မူသူတစ်ပါးတို့ကိုးကွယ်ရာဖြစ်အံ့။၁၂။ဆင်းတုရုပ်ပွားတရားဟောသည်ကို ကြားရမက်မူကျော်စောအံ့။ဆိတ်ဆိတ်နေသည်ကိုမြင်မက်မူသေအံ့။၁၃။ဆူးစူးသည်ဟုမြင်မက်မူရန်တွေ့အံ့။ဇနှင့်ပက်သက်သောအိပ်မက်များ၁။ ဇာထိုးရသည်ကိုမြင်မက်မူအချစ်တိုးအံ့၊ အကြံအောင်အံ့။

၂။ဇာကနာနှင့်အသုံးပြုသည်မြင်မက်မူအဆွေခင်ပွန်းကောင်းရအံ့။၃။ဇာတာလုပ်ရသည်ကိုမက်မူမိမိအတွက်အထူးအကျိုးပေးအံ့။၄။ဇီးကွက်ကိုနေ့အခါမြင်မက်မူလာဘ်ကြီးရအံ့၊ပျော်ရွှင်ရအ့။၅။ဇီးကွက်အော်သံကြားရသည် မြင်မက်မူအတင်းပြောသူတို့တိတ်ဆိတ်အံ့၊ကောင်းမွန်သောနည်းလမ်းများရအံ့၊အလုပ်အကိုင်ကြံပေးသူများပေါအံ့။

၆။ဇရပ်ဆောက်လုပ်ရသည်မြင်မက်မူရပ်ရေးရွားရေးကိစ္စများ၌အထူးကူညီရအံ့၊ငွေရလွယ်အံ့။၇။ဇောဂျီကို မြင်မက်မူကျမ်းမာအံ့၊ဆေးကောင်းတွေ့အံ့၊ထင်ပေါ်ကျော်စောအံ့။၈။ဇော်ကကရသည်ကိုမက်မူအချစ်ရေး စိတ်ကူးအောင်မြင်အံ့။၉။ဇွဲ၊ဝီရိယစိုက်၍အလုပ်လုပ်ရသည်မြင်မက်မူမနာလိုသူတို့တီးတိုးစကားပြောအံ့၊ အလုပ်ကောင်းအံ့။

[ ဈ ]နှင့်ပက်သက်သောအိပ်မက်များ၁။ဈေးဆိုင်များစွာမြင်မက်မူအမြတ်အစွန်းများရအံ့။၂။ဈေးဝယ်နေသည်မြင်မက်မူကံကောင်းအံ့။၃။ဈေးသည်မိမိအိမ်သို့ခေါ်သည်မြင်မက်မူဝင်ငွေတိုးကာလာဘ်ကောင်းအံ့၊ စိတ်ပျော်ရွှင်ရအံ့။၄။ဈန်ရသည် မြင်မက်မူအရောင်းအဝယ်ကောင်းအံ့။၅။ဈာန်ပျံရသည့်လူများကိုမြင်မက်မူ အကြီးအကဲဖြစ်အံ့၊

အောင်မြင်အံ့။၆။ဈာန်ရသောဘုန်းတော်ကြီးကိုမြင်မက်မူအထူကဲကောင်းအံ့၊မျက်နှာပွင့်အံ့။၇။ဈာန်ပျံရထားစီးရသည်မြင်မက်မူအကြီးအကဲဖြစ်အံ့၊ထင်ပေါ် ကျော်စောအံ့။ညနှင့်ပက်သက်သောအိပ်မက်များ၁။ညမှောင်ပြီးအလင်းရောင်ပေါ်သည်မြင်မက်မူကံကောင်းချိန်ရောက်ပြီဟု မှတ်ယူပါ။၂။ညစာစားရသညျကိုမွငျမကျမူ အိမျတှငးရေးအေးအံ့၊

ခစြျသူခငျသူပေါမြားအံ့။၃ညဉ့်ငှက်သံသာယာစွာကြားရသည်မက်မူချမ်းသာသုခဖြစ်အံ့၊မိမိလိုမင်အန္ဒပြည့်အံ့၄။ညီ ညာ စွာ စွမ်းဆောင်ရသည်မြင်မက်မူအထင်ကြီးခြင်းခံရအံံ့၊ ပူဇော်ခံရအံ့။၅။ညီအစ်ကိုမောင်နှမများကိုမြင်မက်မူကျန်းမာအံ့၊ ရောဂါ အနာကင်းအံ့။၆။ညောင်ရေအိုး မြင်မက်မူမုချလက်ထက်ရအံ့၊ပျားရည်ဆမ်းချစ်ခရီးထွက်ရအံ့။

၇။ညောင်ပင်ကို မြင်မက်မူအသက်ရှည်အံ့၊ဥစ္စာပစ္စည်းတိုးတက်အံ့။၈။ညောင်ရွက်ကိုမြင်မက်မူသူတော်ကောင်းများက စောင့်ရှောက်အံ့၊အလွန်ကံကောင်းအံ့။၉။ညောင်ရွက်အိမ်ဦးခန်းကျသည်ကိုမြင်မက်မူရွှေဆင်းတုတော်ရရှိအံ့၊ ဘုရားကိုးဆူပင့်ရအံ့၁၀။ညည်းညူသံကြားရသည်မြင်မက်မူချီးမွမ်းခံရအံ့၊ရန်သူများဒုက္ခရောက်အံ့။

တနှင့်ပက်သက်သောအိပ်မက်များ၁။တောင်ပို့တက်ခေါင်းဖြီးရသည်ဟုမြင်မက်မူသူတစ်ပါးတို့၏ကိုးကွယ်ရာဖြစ်အံ့။၂။ တောင်ထိပ်၌နေရသည်ဟုမြင်မက်မူပြည်သူ့ဝန်ထမ်းအကြီးအကဲ ဖြစ်အံ့။၃။ တောင်အရပ်သို့သွားရသည်ဟုမြင်မက်မူ ရောဂါရအံ့။၄။ တောင်ကလပ်တက်နေသည်ဟု မြင်မက်မူ လက်ရှိ ရာထူးထက် မြင့်သောအဆင့်ကို ရအံ့

၅။ တောင်ဖျားတက်ရသည်ဟုမြင်မက်မူလာဘ်ကြီးရအံ့။၆။တံခွန်လှူရသည်ဟုမြင်မက်မူထင်ရှားအံ့။၇။တံခွန်လွှားရသည်ဟုမြင်မက်မူအကြီးအကဲဖြစ်အံ့။၈တံတားပေါ်လျှောက်ရသည်ဟူမြင်မက်မူသောကရှိလျက်အလိုပြည့်အံ့။၉။ တန် ဆာဆင်ရသည်ဟုမြင်မက်မူသူတစ်ပါးရှိခိုးခံရအံ့။၁၀။တန်ဆောင်းညိုဟု မြင်မက်မူစာတတ်အံ့၊ထင်ရှားအံ့။

၁၁။တူရီယာအမျိုးမျိုးတွင်စောင်းမှတစ်ပါးအခြားတူရိယာတို့ကိုတီးရသည်ဟုမြင်မက်မူမကောင်း။၁၂။တလားမှာဝင်သည်ကို မြင်မက်မူသေအံ့။ထနှင့်ပက်သက်သောအိပ်မက်များ၁။ထောပတ်၊ပျားရည်တို့ကိုနှစ်နှစ်သက်သက်မြင်မက်မူ ချမ်းသာာအံ့။၂။ထောပတ်၊နို့စသည်တို့ကိုရွံရှာဖွယ်မြင်မက်မူဘီလူးဘေး၊ငတ်မွတ်ဘေူး၊

နာဖျားသောဘေးတွေ့အံ့။၃။ထမ်းစင်သံလျှင်စီးရသည်မြင်မက်မူလာဘ်ရအံ့။၄။ထမ်းစင်ထက်ကျီးနားသည်ဟု မြင်မက်မူနာဖျားပျက်စီးအံ့။၅။ထမင်းစားရသည်ဟု မြင်မက်မူလာဘ်ရအံ့ကြောင့်ကြရအံ့။၆။ထမင်းနှင့်တကွသပိတ်လွယ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။၇။ ထီးဆောင်းရသည်ဟု မြင်မက်မူ စိတ်အေးမြအံ့

၈။ ထိတ်လန့်သည်ဟု မြင်မက်မူ မကောင်း။၉။ထင်းပုံပြိုကျသည်ဟုမြင်မက်မူ ကောင်း။ဒနှင့်ပက်သက်သော အိပ်မက်များ၁။ ဒွန်းစဏ္ဍားအထက်က နေရသည်ဟု မြင်မက်မူ မကောင်း။၂။ ဒါနပြုရသည်ဟု မြင်မကမူ ရာထူးတိုးအံ့၊ စန်းပွင့်အံ့၊ စကားကောင်းပြောအံ့။၃။ ဒုံးလှေကို မြင်မက်မူ စိတ်ပျော်ရွှင်အံ့။၄။ ဒေလီယာပန်းပွင့်ကြီးကို မြင်မက်မူ

အခြွေအရံအသင်းအပင်းများပေါများအံ့။၅။ဒေလီယာပန်းကြီးပန်ရသည်ဟုမြင်မက်မူမုချလက်ထပ်ရအံ့။စိတ်လွတ်ကိုယ်လွတ်ပျော်ရအံ့။၆။ဒန်အိုးဒန်ခွက်များကို မြင်မက်မူအိမ်တွင်းသုခရအံ့။၇။ဒယ်အိုးကိုမြင်မက်မူစိတ်ချမ်းသာရအံ့။၈ဒေါင်းမွေးမြူရသည်ဟုမြင်မက်မူအိမ်ကျက်သရေတိုးအံ့။

ဓနှင့်ပက်သက်သောအိပ်မက်များ၁။ဓာတ်တော်ရသည်ဟုမြင်မက်မူကျက်သရေတက်အံ့။၂ဓာတ်လုံးနှင့်ပေါက်ရသည်၊ပစ်ရသည်ဟုမြင်မက်မူ ရန်သူအပေါင်းကိုအလွယ်တကူနိုင်အံ့။၃။ဓားသွေးကျောက်ကိုမြင်မက်မူအကြံအစည်များရှိနေအံ့။၄ ဓား၊လှံအရောင်တောက်သည်ဟုမက်မူဘုန်းတန်းခိုးကြီးအံ့။

၅။ဓား၊လှံစွဲကိုင်ရသည်ဟု မြင်မက်မူအသက်ရှည်အံ့။၆။ဓား၊လှံအရောင်တောက်သည်ကိုမြင်မက်မူဘုန်းတန်ခိုးကြီးအံ့။၇။ ဓား၊လှံကိုင်ရသည် မြင်မက်မူ အသက်ရှည်အံ့။၈။ ဓူဝံကြယ်ကို မြင်မက်မူ အကြံအောင်အံ့။န နှင့် ပက်သက်သော အိပ်မက်များ၁။ နို့အမျိုးမျိုးကို သောက်သည်ဟု မြင်မက်မူ သူတစ်ပါး ပညာပေးအံ့။

၂။နို့ညှစ်ရသည်ဟုမြင်မက်မူကြွယ်ဝအံ့။၃။နို့ကိုရွှေခွက်နှင့်ထည့်၍သောက်ရသည်ဟမြင်မက်မူလာဘ်ရအံ့နွားနို့သောက်ရသည်ဟုမြင်မက်မူသူတစ်ပါးတို့ထက်ကျော်စောအံ့။၄။နွားဖမ်းရသည်ဟုမြင်မက်မူသူကြီးဖြစ်အံ့၅နွားရသည်ဟုမြင်မက် မူ ပစ္စည်းဥစ္စာတိုးအံ့။၆။ နွားစီးရသည်ဟု မြင်မက်မူ ချမ်းသာအံ့။

၇။နွားကျောင်းရသည်ဟုမြင်မက်မူအကြီးအကဲဖြစ်အံ့။၈။နွားချေးရေချိုးရသည်ဟုမြင်မက်မူလာဘ်ရအံ့။၉။နတ်ရုပ်၊ ဗိဿ နိုးရုပ်ကို မြင်မက်မူအဆွေခင်ပွန်းကောင်းရအံ့။၁၀။နတ်ဆေးလိမ်းကျံမြင်မက်မူဥစ္စာရအံ့။၁၁။နတ်တို့စကားပြောသည်ဟုမြင်မက်မူတုန်လှုပ်ပျက်စီးအံ့။၁၂။နေဗိမာန်သည်ကြယ်အပေါင်းခြံရံချက် မြေမှကောင်းကင်သို့

ပျံတက်သည်ဟုမြင်မက်မူဘုန်းကံသေးငယ်သူတို့အတုမရှိဘုန်းကြီးအံ့။၁၃။နေလကြတ်သည်ဟုမြင်မက်မူဘုန်းကျ က်သရေတိုးအံ့။၁၄။နေလတို့ မွန်းတည့်သည်ဟုမြင်မက်မူကြီးစွာသောချမ်းသာသုခကိုရအံ့။အမျိုး(၇)ဆက်တိုင်မပျက်နိုင်သောစည်းစိမ်ကိုရအံ့။၁၅။နေလတို့ကိ ရင်ခွင်ပိုက်ရသည်ဟုမြင်မက်မူဘုန်းကြီးသောသားကိုရအံ့။

နေအိမ်၊ လအိမ်ဖွဲ့၍ ဝမ်းတွင်းဝင်သည်ဟု မြင်မက်မူ ကောင်းစားအံ့။၁၆။နေလ ကြယ်တို့ကို မြင်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ထက် မြင့်မားသော ရာထူးရှိသူ ဖြစ်အံ့။၁၇။နေသည် အရှေ့က ထွက်၍ အနောက်သို့ဝင်သည်ဟု မြင်မက်မူ ကမ္ဘာတွင် ထင်ရှားသော ပုဂ္ဂိုလ်ပေါ်ပေါက်အံ့။၁၈။ နေ လတို့ိကို ဖက်ရသည်ဟု မြင်မက်မူ ကြွယ်ဝချမ်းသာအံ့။

၁၉။နေသည်ဝမ်းတွင်းသို့ဝင်ရောက်သည်ဟုမြင်မက်မူသားကောင်းဖွားအံ့။၂၀။နေကြာပန်းပန်၍ပတ်စည်တီးရသည်ဟု မြင်မက်မူမင်းဆရာဖြစ်အံ့၂၁။နားတွင်းသို့မစင်ရည်ဝင်သည်ဟုမြင်မက်မူလာဘ်ရအံ့၂၂။နားပင်းသည်ဟုမြင်မက်မူ သူတစ်ပါးအတင်းပြောအံ့။၂၃။နားတွင်းသို့ဆီသန့်သန့်ဝင်သည်ဟုမြင်မက်မူနှစ်သက်ဖွယ်ရာစကားကို

ကြားရအံ့။၄။နှာခေါင်းသွေးယိုထွက်သည်ဟုမြင်မက်မူသူတစ်ပါးတို့မှီခိုရာဖြစ်အံ့၂၅နှာခေါင်းလှီးမြင်မက်မူစည်းစိမ်တိုးပွားအံ့။၂၆။နှာခေါင်းပဲ့သည်ဟုမြင်မက်မူစီးပွားဥစ္စာလျှောအံ့။၂၇။နှာခေါင်းတွင်းသို့မကောင်းသောအနံ့ဝင်သည်ဟု မြင်မက်မူမကောင်းသောအကြံကိုကြံရအံ့။၂၈။နှာခေါင်းတွင်းသို့ကောင်းသောအနံ့ဝင်သည်ဟု

မြင်မက်မူကောင်းသောအကြံကိုကြံရအံ့။၂၉။နှလုံးသားအပြင်ထွက်သည်ဟုမြင်မက်မူသားသမီးအရပ်တပါးသို့ပြောင်းအံ့။၃၀။နဂါးကိုဖမ်းမိသည်ဟုမြင်မက်မူရန်ပျောက်အံ့။၃၁။နှမ်းဆီကိုသောက်ရသည်ဟုမြင်မက်မူစိုးရိမ်သောကကင်းအံ့။၃၂။ နနွင်း၊စန္ဒကူးလိမ်းကျံရသည်ဟုမြင်မက်မူဖျားနာအံ့။

၃၃။ နန်းတော်အိမ်ကို မီးလောင်သည်ဟု မြင်မက်မူ ရန်အောင်၍ အနာနှိပ်စက်ပျက်စီးအံ့။၃၄။ နံံ့သာမျိုးငါးပါး တစ်ပါးပါးကို နမ်းရှုရသည်ဟု မြင်မက်မူ တစ်နေ့တခြား ဂုဏ်သတင်းထွက်အံ့။ပ နှင့် ပက်သက်သော အိပ်မက်များ၁။ ပန်းအမျိုးမျိုးတွင် မိမိကြိုက်နှစ်သက်သော ပန်း၏အနံ့ကို နမ်းရှူရသည်ဟု မြင်မက်မူ ကျက်သရေ ဂုဏ်သတင်း ပျံ့နှံံ့အံ့။

၂။ ပန်းစည်းမြင်မက်မူရာထူးရအံ့။၃။ပန်းထီးဆောင်းရသည်ဟုမြင်မက်မူကျော်စောအံ့။၄။ပန်းနီပန်၍ဖန်ရည်စွန်းသော အဝတ်ကိုဝတ်ရသည်ဟုမြင်မက်မူဘေးထိတတ်အံ့။၅။ပန်းကြာပန်ရသည်ဟုမြင်မက်မူနာဖျားတတ်အံ့။၆ပန်းပန်ရသည် ဟုမြင်မက်မူဖျားနာအံ့။၇။ပန်းဖြူပန်ရသည်ဟု မြင်မက်မူအကြီးအကဲဖြစ်အံ့။

၈။ ပြာသာဒ်ထက်၌အစားအစာကိုစားရသည်ဟုမြင်မက်မူအထူးကောင်းမွန်အံ့။ပြာသာဒ်ထက်မှနေ၍အရသာအဖျော်ကို သောက်ရသည်ဟုမြင်မက်မူချမ်းသာသုခတစ်နေ့တခြားတိုးအံ့။၉။ပြာသာဒ်၊တောစိုးသစ်ပင်၊အထိကရသစ်ပင်၊တောင်တို့ကိုတက်စီးရသည်ဟုမြင်မက်မူချမ်းသာစီးပွားများအံ့။၁၀။ပြာသာဒ်ကြီးကိုပြုရသည်ဟုမြင်မက်မူဘုန်းကြီးအံ့။

၁၁။ပုဆိုးအသစ်၊လုံချည်သစ်ကိုမြင်မက်မူဘုန်းကျက်သရေတိုးအံ့။၁၂။ပုဆိုးဖြူကိုဝတ်ရသည်ဟုမြင်မက်မူအကြီးအကဲဖြစ်အံ့။၁၃။ပုဏ္ဍားရေသွန်း၍စကားပြောသံကြားရသည်ဟုမြင်မက်မူရန်သူလက်မှလွတ်အံ့။၁၄။ပုဏ္ဍားကိုစွဲလန်းမက်သော် လာဘ်ရအံ့။၁၅။ပုခက်စီးရသည်ဟုမြင်မက်မူထင်ရှားကျော်စောအံ့။

၁၆။ပုပ်စောဆီ၊ရေတို့နားတွင်းသို့ဝင်သည်ဟုမြင်မက်မူဒုစရိုက်နှင့်စပ်သောမနှစ်သက်ဖွယ်ကိုကြားရအံ့။၁၇။ ပျားရည်သောက်ရသည်ဟုမြင်မက်မူ ကြံသမျှပြီးစီး၍လာဘ်ရအံ့။၁၈။ပျားတုတ်ခံရသည်ဟုမြင်မက်မရန်တွေ့အံ့။၁၉။ပခြုပ်တွင်း၌ မီးလောင်သည်ဟု မြင်မက်မူလက်အောက်ငယ်သားတို့တော်လှန်အံ့။

၂၀။ ပွဲခံရသည်ကိုလည်းကောင်း၊ ပွဲလမ်းသဘင်ကိုလည်းကောင်း မြင်မက်မူ မကောင်း၊ သေပျောက်တတ်၏။၂၁။ ပျဉ်တလားတွင်းသို့ ဝင်ရသည်ဟု မြင်မက်မူ မကောင်း။၂၂။ ပိတုန်းတုပ်သည်ဟု မြင်မက်မူ ရန်တွေ့အံ့။၂၃။ ပါးစပ်ပဲ့သည်ဟု မြင်မက်မူ အလိုရှိသောစကားကို မပြောနိုင်ဘဲ ဆွံ့အနေအံ့။၂၄။ ပတ္တမြားရသည်ဟု မြင်မက်မူ သားကောင်း ရအံံ့။

ဖ နှင့်ပက်သက်သောအိပ်မက်များ၁။ဖျာလှုပ်သည်ဟုမြင်မက်မူလာဘ်ရအံ့။၂။ဖွဲမီးတငွေ့ငွေ့ကိုမြင်မက်မူအလွန်ပူအံ့။၃။ ဖိနပ်စီးရသည်ဟုမြင်မက်မူအသရေတိုးအံ့။၄။ဖယောင်းတိုင်ကို မြင်မက်မူစိတ်ချမ်းသာအံ့။၅။ဖယောင်းတိုင်မီးလင်းနေသည်ကိုမြင်မက်မူနတ်ကောင်းနတ်မြတ်တို့မစအံ့။၆။ဖရဲသီးမြင်မက်မူသားကောင်းရအံ့။

၇။ဖရဲသီးစားရသည်မြင်မက်မူရောဂါဝေဒနာကင်းရှင်းအံ့။၈။ဖောင်တိန်လက်ဆောင်ရသည်မြင်မက်မူစာပေ၌အထူးအောင်မြင်ကျော်စောအံ့။၉ဖောင်တိန်ကိုမြင်မက်မူစာပေ၌ကျော်စောအံ့။၁၀။ဖန်ခွက်ရေအပြည့်နှင့်မြင်မက်မူမင်္ဂလာပွဲများခင်းကျင်းရအံ့။ဗနှင့်ပက်သက်သောအိပ်မက်များ၁။ဗေဒါပန်းကို မြင်မက်မူအကြံကောင်းရအံ့။

၂။ ဗေဒင်ဟောသည်မြင်မက်မူလိုအပ်သောအကူအညီများပေးစွမ်းနိုင်သူပေါ်အံ့။၃။ဗိုလ်ချုပ်ကြေးရုပ်ကိုမြင်မက်မူ ရာထူးတိုးအံ့။သားကောင်းရတနာရအံ့။၄။ဗျောသံကြားရသည်မြင်မက်မူရာထူးတိုးအံ့။၅။ဗျိုင်းငှက်ကိုမြင်မက်မူဇနီးကောင်းရအံ့။၆။ ဗြဟ္မာမင်းကိုမြင်မက်မူလာဘ်ကြီးရအံ့။ဘနှင့်ပက်သက်သောအိပ်မက်များ

၁။ ဘုရားရုပ်ထုတော်မိမိဦးခေါင်း၌ တည်ရှိသည်ဟုမြင်မက်မူအကြီးအကဲတို့ ချီးမြှောက်အံ့။၂။ဘုရားရုပ်ထုတော်မိမိလက်ဝဲ၊လက်ယာပခုံးတို့၌တည်ရှိသည်ကို မြင်မက်မူ ကြီးမြင့်သောအခြွေအရံပရိသတ်ရအံ့။၃။ဘုရားရုပ်တုတော်မိမိခြေရင်း၌တည်ရှိသည်ဟုမြင်မက်မူ ရှိပြီးအကြီးအကဲသည်ရာထူးသက်လျှော၍မိမိသည်ပင်အကြီးအကဲဖြစ်အံ့။

၄။ ဘုရားရုပ်တုတော်ကြွသွားတော်မူသည်ဟုမြင်မက်မူဘုန်းကျက်သရေတိုးအံ့။၅။ဘုရားရုပ်ပွားတော်ဖူးတွေ့ရသည်ဟု မြင်မက်မူတစ်နေ့တခြားကျော်စောအံ့။၆။ဘုရားရုပ်တုတော်၊စေတီတော်ပုထိုးတော်တို့ကိုမြင်မက်မူနတ်ကောင်းနတ်မြတ်တို့ချစ်အံ့။၇။ဘုရားရုပ်တုတော်မကောင်းသောအခြင်းအရာဖြင့်ကြွသွားသည်ကို မြင်မက်မူ

ဘုန်းကျက်သရေဆုတ်ယုတ်အံ့။၈။ဘုရားရုပ်ပွား၊စေတီ၊ပုထိုးကိုမကောင်းသောအခြင်းအရာအားဖြင့်မြင်မက်မူနတ်ကေ ာင်းနတ်မြတ်တို့မချစ်ခင်သဖြင့်ဥပါဒ်ရောက်အံ့။၉။ဘုရားရုပ်ပွားတော်၊ဆင်းတုတော်တရားဟောသည်ကိုမြင်မက်မူ ကျော်စောအံ့။၁၀။ဘုရားရုပ်ပွားတော်၊ဆင်းတုတော်တရားဟောသည်၊စကားပြောသည်ကိုကြားရသည်ဟု

မြင်မက်မူကျော်စောအံ့။၁၁ဘုရားရှိခိုးသည်ဟုမြင်မက်မူချမ်းသာသုခတိုးအံ့။၁၂ဘုရားရုပ်တုတော်ကိုဖက်ရသည်ဟု မြင်မက်မူကျက်သရေတိုးအံ့။၁၃။ဘုရားဓာတ်တော်ရသည်ဟုမြင်မက်မူကျက်သရေတိုးအံ့။၁၄။ဘုရားဓာတ်တော်မြင်ရသည်ဟုမြင်မက်မူကျက်သရေတိုးတက်အံ့။မနှင့်ပက်သက်သောအိပ်မက်များ

၁။မိမိရူးသည်ဟုမြင်မက်မူလာဘ်ရအံ့။၂။မိမိအူကိုထုတ်၍ပတ်ရသည်ဟုမြင်မက်မူသြဇာအာဏာအရှိအဝါကြီးမားအံ့။၃။ မိကျောင်းဖမ်းသည်မြင်မက်မူလာဘ်ရအံ့။၄။မိကျောင်းစီးရသည်မြင်မက်မူရန်သူကိုနိုင်အံ့။၅မိကျောင်းစွယ်ကို ရင်ခွင် ပိုက်သည်ဟုမြင်မက်မူရာထူးကြီးအံ့။၆။မိကျောင်းသားစားရသည်ဟုမြင်မက်မူလာဘ်ကြီးအံ့။

၇။ မိန်းမကိုဆွဲရသည်ဟုမြင်မက်မူချမ်းသာကြွယ်ဝအံ့။၈။မိန်းမနှင့်အတူအိပ်ရသည်ဟုမြင်မက်မူလာဘ်ရအံ့။၉။ မိန်းမကိုနားထွင်းရသည်ဟုမြင်မက်မူရွှေရအံ့။၁၀။မိန်းမအမွေးအမျှင်ရှည်သည်ကိုမြင်မက်မူချမ်းသာအံ့။၁၁ မျက်စိမှိတ်သည်ဟုမြင်မက်မူအရမ်းကာရော ပြုမိအံ့။၁၂။မျက်စိဖွင့်သည်ဟုမြင်မက်မူကောင်းကျိုး၊မကောင်းကျိုးကို မြင်ရအံ့။

၁၃။ မျက်စိကြည်လင်သည်ဟုမြင်မက်မူကောင်းသောဉာဏ်တိုးအံ့။၁၄။မျက်စိ၌အမှိုက်ဝင်သည်ဟုမြင်မက်မူအနိဠာရုံကို ရအံ့။၁၅။မျက်စိ၌တိမ်သလ္လာကျသည်ဟု မြင်မက်မူအသိဉာဏ်နည်းပါးအံ့၁၆။မျက်စိ၌မျက်ချီးများသည်ဟု မြင်မ က်မူအရှိန်အစော်မဲ့အံ့။ခရက်တစ်ပါ

The post ရွှေဝင်ငွေဝင်မည့်နိမိတ်ပြ မဟူရာအိမ်မက်များ appeared first on စုံလင်သုတအိမ်ရှင်မ.

Leave a Reply

Your email address will not be published.