
၁၁.၁၁.၂၀၂၀ မှ ၁၈.၁၁.၂၀၂၀အထိတစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်းတနင်္ဂနွေဒီကာလဟာအထူးအသိ အမှတ်ပြုခြင်းခံရတတ်တဲ့နေ့ရက်တွေပါပဲ။မိမိလုပ်ဆောင်သမျှအများကအတုယူရတဲ့အထိဖြစ်တတ်ပါတယ်။လုပ်ငန်းအတွက်လိုအပ်ချက်တွေကိုအထက်ကိုတင်ပြတောင်းခံလို့အထူးကောင်းတဲ့ကာလ ပါပဲ။

အလုပ်လျှောက်ထားတာတွေရှိရင်ဒီကာလမှာအလုပ်ရတတ်ပါတယ်။ငွေကုန်နေတာတွေရှိရင်ရပ်တန့်သွားပါလိမ့်မယ်။ မိမိတို့အတွက်အဘက်ဘက်ကအခက်အခဲတွေနည်းပါးပါတယ်။လုပ်သမျှအဆင်ပြေခြင်း၊ကြံစည်သမျှအောင်မြင်ခြင်းတွေကိုအထူးကြုံရပါလိမ့်မယ်။မိတ်ဆွေပေါများပါလိမ့်မယ်။

ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ့ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ပြန့်ကျဲနေတဲ့ငွေကြေးတွေကိုကောင်းစွာပြန်စုနိုင်ပါလိမ့်မယ်။ကြီးမားတဲ့ဆုံးဖြတ်ချက်များ၊အရေးကြီးတဲ့လုပ်ငန်းဆောင်တာများကိုအထူးအလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဌာနဆိုင်ရာနှင့်ပတ်သက်သောကိစ္စများလိုက်ပါဆောင်ရွက်လို့အထူးကောင်းပါတယ်။

ကျန်းမာရေးကတော့အညံ့အဆိုးနည်းပါတယ်။ရောဂါကင်းပြီးစိတ်ချမ်းသာပါလိမ့်မယ်။အချစ်ရေးမှာတော့ချစ်သူအကြေ ာင်းကိုမိဘတွေအားဖွင့်ပြောသင့်တဲ့နေ့ပါပဲ။အိမ်ထောင်ရေးကိစ္စတွေမှာတော့အထူးညံ့တာမျိုးရှိနေပါလိမ့်မယ်။ ပညာ ရေးနဲ့ပက်သက်ပြီးတော့လဲ အထူးကံ ကောင်းနေပါလိမ့်မယ်။ ကြိုးစားထားသည်ထက်ပိုမိုအောင်မြင်ပါလိမ့်မယ်။အကျိုး ပေးဂဏန်း၁၊၅၊၈အထူးဟောကံမြင့်မားနေပါလိမ့်မယ်။ယတြာလူကြီးမိဘတွေကို လက်ဖက်ခြောက်တစ်ထုပ်လှူလိုက်ပါ။

တနင်္လာဒီကာလအတွင်းစိတ်ကူးတွေသစ်ဆန်းနေတတ်ပါတယ်။ပျော်ပျော်ရွှင်ရွှင်လုပ်ရတဲ့ကိစ္စမှန်သမျှကောင် းသောအကျိုးဆက်တွေရလာတတ်ပါတယ်။မိမိမသိနားမလည်တဲ့ကိစ္စတွေကိုသိခွင့်ရလာပါလိမ့်မယ်။လုပ်ငန်းခွင်အ တွင်းနေရာကောင်းရတာမျိုးတွေအထူးကြုံရတတ်ပါတယ်။

ကျန်းမာရေးကိုတော့အညံ့မရှိသလောက်ကိုနည်းပါတယ်။ကိုယ်ကျန်းမာစိတ်ချမ်းသာနေပါလိမ့်မယ်။စပ်တူအလုပ်များရှယ်ယာအလုပ်များဒီထက်ကောင်းမွန်ပါလိမ့်မယ်။စိတ်လွတ်လက်လွတ်နေချင်မိနေတတ်ပါတယ်။ဒါကလဲကောင်းပါတယ်။ ဒီကာလကအလုပ်တွေကိုခဏမေ့ပြီးအနားယူချိန်ကိုသပ်သပ်ပေးလိုက်ဖို့လိုပါတယ်။

ဒါမှပဲစိတ်လန်း၊လူလန်းပါလိမ့်မယ်။စန်းပွင့်နေတဲ့နေ့ရက်လဲဖြစ်ပါတယ်။လူချစ်လူခင်များပါလိမ့်မယ်။ငွေကြေးနဲ့ပတ် သက်ပြီးငွေပေးခြင်း၊ငွေယူခြင်းတွေငွေကြေးရင်းနှီးမြုပ်နှံခြင်း တွေစတင်လို့ကောင်းတဲ့ကာလပါပဲ။အနုပညာလုပ်ငန်းလုပ် ကိုင်သူများဖန်တီးမှုအသစ်တွေကိုလုပ်ကိုင်နိုင်ပါလိမ့်မယ်။အပျော်ခရီးသွားခြင်းတွေအထူးကောင်းပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးလိုင်းပေါ်ကနေချစ်သူသစ်ရည်းစားသစ်ရတတ်ပါတယ်။အိမ်ထောင်ရေးလဲအထူးကံကောင်းနေချိန်ကာလပါပဲ။ပညာရေးကတော့ဆရာကောင်းတွေဆီမှာသင်ယူခွင့်တွေရလာတတ်ပါတယ်။အကျိုးပေးဂဏန်း၂၊၅၊၆အထူးဟော ပျော်စရာတွေများနေပါလိမ့်မယ်။ယတြာ ခရမ်းသီးနှပ်ချက်ပြီးဘုရားဆွမ်းကပ်လှူလိုက်ပါ။

အင်္ဂါဒီကာလအတွင်း ထင်သမျှလွဲနေတတ်ပါတယ်။ကိုယ်ပိုင်စီးပွားလုပ်ငန်းအသေးစားများ အလုပ်တွေပါးနေ တတ် ပါ တယ်။ စိတ်မညစ်ပါနဲ့။ ခဏတာအဆင်မပြေခြင်းလို့ပဲမှတ်ယူပါ။ လိင်မတူသူတွေနဲ့ဆက်ဆံရေးကိုလိုတာ ထက် မပိုပါစေနဲ့။ ဘေးအမြင်မှာ ကဲ့ရဲ့စရာဖြစ်တတ်ပါတယ်။

လက်ဝယ်ရှိတဲ့ စက်ပစ္စည်းတွေကိုပြုပြင်ခြင်း၊ထိန်း သိမ်းခြင်း တွေ ကိုအထူးဆောင်ရွက်သင့်တဲ့ကာလပါပဲ။ အောက် လက်ငယ်သားတွေရဲ့အဆင်မပြေမှုလေးတွေကိုလဲမိမိတတ်နိုင်တဲ့ဘက်ကကူညီခွင့်တွေရလာတတ်ပါတယ်။မိမိယုံကြည်ရတဲ့သူတွေက မိမိကိုသစ္စာဖောက်သွားတတ် ပါတယ်။

လိုတာထက်ပိုပြီးအတွင်းရေးတွေကိုသူများကိုထုတ်မပြောလိုက်ပါနဲ့။ရှေ့တိုးဆောင်ရွက်စရာကိစ္စတွေကိုတတ်နိုင်သ လောက်ရှောင်စေချင်ပါတယ်မလုပ်မဖြစ်လုပ်ရမယ်ဆိုရင်လဲနားလည်တတ်ကျွမ်းသူတွေနဲ့တိုင်ပင်ကြည့်စေချင်ပါတ ယ်။မိမိစိတ်ကူးအတိုင်းချွန်ပြီးလုပ်လေအမှားများလေဖြစ်ရတတ်ပါတယ်။ခြေလွန်လက်လွန်ပေးကမ်းမှုတွေကိုရှောင်ပါ။

တစ်ခုခုကိုပေးလိုက်ပြီးမှနှမျောနေသလိုဖြစ်ရတတ်တဲ့ကာလပါပဲ။ကျန်းမာရေးကတော့မတ်တပ်ဖျား၊မတ်တပ်နာလေ ာက်ပါပဲ။အချစ်ရေးမှာတော့ကြားဝင်နှောက်ယှက်သူတွေရှိနေတတ်ပါတယ်အိမ်ထောင်ရေးကတော့ဖေးဖေးမမနဲ့ သာယာပါလိမ့်မယ်။ပညာရေးကံကတော့အားနည်းနေတတ်တာကိုတွေရပါတယ်။အကျိုးပေးဂဏန်း၃၊၆၊ဝအထူးဟောအရာရာချင့်ချင့်ချိန်ချိန်လုပ်ပါ။ယတြာမီးချောင်း၊မီးလုံးအကျွမ်း၊မီးကြိုးအပြတ်တွေရှိရင်စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓဟူး/ရာဟုဒီကာလအတွင်းအရင်ကတည်းကစကားပြောမကောင်းသူဆိုတတ်နိုင်သမျှစကားနည်းပါစေ။တစ် ဖက်သား ကဆက်ဆံရေးညံ့တယ်လို့ထင်သွားတတ်တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ကျန်းမာရေးကိုတော့အထူးအာရုံစိုက်ပါ။စိတ်ကြည်လင်လန်းဆန်းနေပေမဲ့ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်နေတတ်ပါ တယ်။

တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေတတ်ပါတယ်။စိတ်ကူးထားတာလေးတွေကိုအကောင်အထည်ဖော်ပါ။အရေးကြီးတာတွေကိုဦးစားပေးလုပ်တတ်လေအဆင်ပြေလေပါပဲ။တတ်သိထားသမျှတွေကိုအခြေခံပြီးဒီကာလမှာအားထည့်လုပ် ကိုင်စေချင်ပါတယ်။မိတ်ဆွေနယ်ပယ်၊အပေါင်းအသင်းနယ်ပယ်ကျယ်ပြန့်ကြီးမားနေတတ်ပါ တယ်။

ရန်အတိုက်အခံနဲ့ယှဉ်တဲ့အောင်မြင်မှုတွေရတတ်ပါတယ်။အဆင်ပြေတိုးတတ်လေလေရန်များလေပါပဲ။တိုက်ခိုက်သူတွေကိုဂရုမစိုက်ဘဲမိမိလုပ်သင့်တာ ကိုလုပ်ကိုင်ဆောင်ရွက်သွားလိုက်ပါ။အလုပ်နဲ့ပတ်သက်ပြီးလက်ရှိအနေအထားထက်မြင့်တဲ့နေရာမျိုးရတတ်ပါတယ်။ကံကြောင့်မဟုတ်ဘဲဉာဏ်ဝီရိယတွေကိုစိုက်ထုတ်လုပ်ကိုင်လို့အဆင်ပြေတဲ့

ကာလပါ။ပျင်းနေတဲ့သူတွေကတော့အခက်အခဲများနိုင်တဲ့ကာလပါပဲ။အချစ်ရေးမှာမချစ်သင့်သူကိုချစ်မိတတ်ပါတယ်။အိမ်ထောင်ရေးမှာအညံ့မရှိပေမဲ့အစေးမကပ်သလိုဖြစ်ရတတ်ပါတယ်။ပညာကံအထူးကောင်းနေမည်။အကျိုးပေးဂဏန်း ၁၊ဝ၊၄အထူးဟောကြိုးစားသမျှအရာထင်သည်ယတြာ၂၄ပစ္စည်းကိုနေ့စဉ်သက်စေ့ရွတ်ပွားပါ။

ကြာသပတေးဒီကာလအတွင်းမူလတစ်ကြိမ်တစ်ခါမှရရှိခဲ့ဖူးခြင်းမရှိသောအခွင့်အရေးကောင်းများရရှိမည်။အလုပ်ပို၊ကိစ္ စပိုများကြုံမည်။ရပ်ဝေးမြေခြား၊ပြည်ပသို့တိုင်အောင်ခရီးသွားရကိန်းများရှိနေပါသည်။အလုပ်နဲ့ပတ်သက်ပြီးလက်ထဲငွေရှိရင်အဆင်ပြေမဲ့ပစ္စည်းတစ်ခုခုကိုရင်းနှီးမြုပ်နှံလိုက်ပါ။

အခြားကံထက်အလုပ်ကံကသိသိသာသာ ကောင်းနေတတ်ပါတယ်။ဒွိဟတွေ၊တွေဝေခြင်းတွေကိုရင်ထဲမထည့်ထားမိဖို့လိုအပ်ပါတယ်။လုပ်ချင်တာတွေကိုရဲရဲရှေ့တိုးလုပ်ကိုင်လေအောင်မြင်မှုတိုးလေပါပဲ။အလုပ်အစည်းအဝေးကျင်းပတာမျိုးတွေ၊ ရှယ်ယာဝင်တွေနဲ့တိုင်ပင်ပြီးလုပ်ငန်းတိုးချဲ့တာမျိုးတွေဆောင်ရွက်လို့ကောင်းတဲ့ကာလပါပဲ။

အောက်ခြေဝန်ထမ်းတွေအတွက်လိုအပ်တဲ့သင်တန်းတွေပေးသင့်တဲ့ကာလပါပဲ။ပွဲစားအလုပ်များမီဒီယာအလုပ်များလုပ်ကိုင်နေသူတွေအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ဆရာအဖြစ်အသက်မွေးသူဆိုသင်တန်းသစ်၊တန်းခွဲသစ်စတင်ဖွင့်လှစ်လို့ကောင်းတဲ့ကာလပါပဲ။မိတ်ကောင်းဆွေကောင်းတွေရဲ့အကူအညီတွေအများကြီးရပါလိမ့်မယ်။

ဆရာသမားအထက်လူကြီး တွေဆီကနေဖေးမကူညီပေးမှုတွေကိုရရှိပါလိမ့်မယ်။ကျန်းမာရေးအလွန်ကောင်းပါတယ်။အချစ်ရေးမှာတော့စိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။ပညာရေးမှာတော့ စီးပွားရေး နွယ်သောပညာတွေသင်ယူပါ။အကျိုးပေးဂဏန်း ၁၊၂၊၅အထူးဟော အလုပ်တွေကောင်းနေပါလိမ့်မယ်။ယတြာ ပဲကပ်ကြော်ငါးခုဘုရားကပ်လှူပါ။

သောကြာဒီကာလအတွင်း မိမိအပေါ် နှောက်ယှက်သူများ၊ ချောက်ချတိုက်ခိုက်သောသူများနှင့် ရင်ဆိုင်ဖြေရှင်းရခြင်း မျိုး ကြုံလိမ့်မည်။ ကျွမ်းကျင်၊ နားလည်၊ ပိုင်နိုင်မှုမရှိသောသူများ၏ ဆရာလုပ်အမိန့်ပေးခြင်းကို ခံရမည်။ မိမိ အတွက်ခရီးကိစ္စတွေစီစဉ်ထားရင်ရက်ရွှေ့ရတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ ကြောင့်မိမိငွေကုန်ရတတ်ပါ တယ်။

ကုန်သွယ်စီးပွားများ အမြတ်အစွန်းနည်းနေပါလိမ့်မယ်။တစ်ပါးသူဆီကအကူအညီတွေရခဲတဲ့ကာလပါပဲ။ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားသင့်တဲ့ကာလပါပဲ။အလုပ်နဲ့ပက်သက်ရင်အခက်အခဲကြုံပြီးမှအဆင်ပြေတတ်ပါတယ်။အလုပ်နဲ့ပတ်သက်ရင်နယ်ဝေးကအလုပ်တွေအညံ့များနေလိမ့်မယ်။

ခရီးသွားလုပ်ငန်းများ အညံ့များနေပါလိမ့် မယ်။အနုပညာနဲ့ပတ်သက်ပြီး တိုးတတ်ပါလိမ့်မယ်။လူငယ်တွေဆို မိဘတွေနဲ့ အတိုက်အခံ လုပ်ပြီးအပျော်နောက် လိုက်နေမိပါတယ်။ ကာမ မကြူးသင့်တဲ့နေ့ပါ။ ရန်များတတ်ပါတယ်။ အရင်ကရန်စရှိသူတွေနဲ့ ပြန်တွေ့ရတတ်ပါ တယ်။

စိတ်ချမ်းသာစရာတွေရဖို့တရားနဲ့ပျော်တတ်ဖို့အရေးကြီးပါတယ်။ကျန်းမာရေးကတော့အညံ့အဆိုးနည်းနေတတ်ပါတယ် ။အလွန်ဆုံးချောင်းဆိုးခေါင်းကိုက်လောက်ပဲဖြစ်ပါလိမ့်မယ်။အချစ်ရေးမှာလဲချစ်သူချင်းအဆင်ပြေပေမဲ့တွေ့ဖို့ဆုံဖို့ မအာ းလပ်ဖြစ်ရတတ်ပါတယ်။

အိမ်ထောင်ရေးနဲ့ပတ်သက်ရင်အဆင်ပြေချော မွေ့ပါလိမ့်မယ်။အိမ်ထောင်ဘက်ရဲ့အကူအညီတွေရပါလိမ့်မယ်။ပညာ ရေးကံအားနည်းနေတတ်ပါတယ်။အကျိုးပေးဂဏန်း၂၊၃၊၆အထူးဟောစကားနည်းလေကံကောင်းလေပါ။ယတြာ ခေါက် ဆွဲလေးကြော်ပြီး ဘုရားကပ်ပါ

စနေဒီကာလအတွင်းအခက်အခဲများ ပြေလည်မည်။ အရေးပါသောဆုံးဖြတ်ချက်များချမှတ်ရမည်။အပြိုင်အဆိုင်အားလုံးကိုကျော်လွှား၍ စိတ်ကူးသစ်များ လက်တွေ့ဆောင်ရွက်နိုင်မည်။ ရပ်ဝေးကဧည့်သည်တွေရောက် လာတတ်ပါတယ်။အလုပ်ကလဲများ၊အိမ်ကိစ္စတွေကလဲများဆိုတာမျိုးတွေဖြစ်ရတတ်ပါတယ်။

ငွေကြေးနဲ့ပတ် သက် ပြီးတော့လဲ ရစရာရှိတာတွေက ကြန့်ကြာနေတတ်ပါတယ်။ ပစ္စည်းတစ်ခုခုကို တစ်ပတ်ရစ်ဝယ်မယ်ဆို နားလည် သူ တွေနဲ့တိုင်ပင်ပြီးမှဝယ်စေချင်ပါတယ်။ ကျန်းမာရေး ကတော့ဒီကာလမှာအားနည်းနေတာတွေ့ရပါတယ်။ အဘက် ဘက်ကကျန်းမာရေးခြူခြာနေတတ်ပါတယ်။

ရောဂါ ဖြစ်လာရင်ဆေးမြီးတိုနဲ့မကုဖို့မှာချင်ပါတယ်။ငွေကြေးကို အလွယ်ချေးငှားလိုက်တာမျိုးတွေမလုပ်မိပါစေနဲ့။ လူမျို းခြား၊ဘာသာခြားတွေရဲ့ချောက်ချခြင်းကိုခံရနိုင်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့လဲကံကောင်း ခြင်းတွေရှိပါလိမ့်မယ် ။ဒါပေမဲ့အလုပ်များနေတာကြောင့်ပင်ပန်းရတာမျိုး တွေတော့ရှိတတ်ပါတယ်။

ကိုယ်ပိုင်စီးပွား အလုပ်များအလုပ်များ အလုပ်နဲ့ပတ်သက်ပြီး အချိတ်အဆက်တွေရလာ တတ်ပါတယ်။အချစ်ရေးမှာတော့ နားလည် မှုတွေကိုအချိန်ပေးတည်ဆောက်ရပါလိမ့်မယ်။အိမ်ထောင်ရေးသာယာမှုအားနည်းနေတာတွေ့ရပါတယ်။ပညာရေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။

အကျိုးပေးဂဏန်း၃၊၄၊၆အထူးဟောအနည်းငယ်အလုပ်များရတတ်ပါတယ်။ယတြာဖိနပ်ပြတ်နေတာတွေရှိရင်စွန့်ပစ်လိုက်ပါ။၇ရက်သားသမီးများကျန်းမာလာဘ်ရွှင်ပြီးလိုရာဆန္ဒပြည့်ပါစေ(ခရက်တစ်ပါ)ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) ၀၉၇၇၅၅၅၅၆၉၅၀၉၄၄၅၅၅၅၆၉၅

The post ၁၁.၁၁.၂၀၂၀ မှ ၁၈.၁၁.၂၀၂၀အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း appeared first on စုံလင်သုတအိမ်ရှင်မ.

Leave a Reply

Your email address will not be published.