ဖုန်းပျက်သွားတာနဲ့ နောက်ဆုံးပေါ်ဖုန်းတလုံးကိုချက်ချင်းဝယ်ပေးခဲ့တဲ့ ဇနီးသည်ကြောင့် ပီတိဖြစ်နေတဲ့ အဆိုတော်မိုးမိုး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Cele post

Unicode ဖြင့်ဖတ်ပါ
★★★★★

ဖုန်းပျက်သွားတာနဲ့ နောက်ဆုံးပေါ်ဖုန်းတလုံးကိုချက်ချင်းဝယ်ပေးခဲ့တဲ့ ဇနီးသည်ကြောင့် ပီတိဖြစ်နေတဲ့ အဆိုတော်မိုးမိုး..

နိုင်ငံကျော် အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ မိုးမိုးကတော့ တစ်ကိုယ်တော် အယ်လ်ဘမ်တွေများစွာ ထွက်ရှိခဲ့သလို ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

မိုးမိုးက နောက်ပိုင်းမှာတော့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ မရိုက်ကူးသလောက် နည်းပါးသွားခဲ့ပြီး ဂီတလမ်းကြောင်းပေါ်မှာသာ လျှောက်လှမ်းနေခဲ့တာကို သတိထားမိကြမှာပဲ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး စိတ်ရင်းကောင်းတဲ့ မိုးမိုးကတော့ လက်ရှိမှာလည်း ပရဟိတအလှူတွေကို ပြုလုပ်နေသူပဲဖြစ်ပါတယ်။

မိုးမိုးဟာဆိုရင် ချစ်ဇနီးနဲ့အတူ သားသားမီးမီးတွေကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေသူတစ်ယောက်ပါနော်။စီးပွားရေးလုပ်ငန်းတွေမှာလည်း အောင်မြင်မှုကို ရရှိထားတဲ့မိုးမိုးက

ယခုလည်း ဖုန်းပျက်သွားတဲ့အချိန်မှာ ချစ်ဇနီးလေးက ဖုန်းအသစ်တစ်လုံးဝယ်ပေးလို့ ဝမ်းသာပျော်ရွှင်နေကြောင်းကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာကိုတွေ့ရပါတယ်။

မိုးမိုးက”မိန်းမရဲ့ သီတင်းကျွတ်လက်ဆောင် ကန်တော့တဲ့ ဖုန်းလေးပါတဲ့ ကျေးဇူးပါ ဘုဘုရေ Myat Peti Moe Special Price နဲ့ special chance ပေးတဲ့ အစ်ကို ZarNi Win Htet ကိုလဲကျေးဇူး အထူးပါဗျာ

အမိုက်စားပဲဗျာ ” လို့ရေးသားတင်ပြထားပါတယ်။မိုးမိုးတစ်ယောက်ကတော့ အရမ်းကိုအလိုက်သိပြီး လိမ္မာတဲ့ဇနီးချောလေးကိုရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်းမိုးမိုးတို့မိသားစုလေးကို ကြည့်ပြီးကြည်နူးဝမ်းသာပျော်ရွှင်နေမယ်လို့ထင်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Moe Sithu Kyaw’s FB