အလှူရှင်တွေရဲ့ ပိုက်ဆွတွေကို ဆိုင်ကယ်ဝယ်စီးနေတာ အလွဲသုံးစားလုပ်နေတာဆိုပြီး ဝေဖန်ပြောဆိုသူတွေကို ပြတ်သားစွာ ပြောဆိုတုံ့ပြန်ခဲ့တဲ့ ထူးအယ်လင်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေအာင္ျမင္လ်က္ရွိေနတဲ့ အႏုပညာရွင္ေတြထဲမွာ အဆိုေတာ္ထူးအယ္လင္းကေတာ့ တစ္ေယာက္အပါအဝင္ျဖစ္ၿပီး အႏုပညာေလာကမွာ နာမည္တစ္လုံးနဲ႔ ရပ္တည္ထားႏိုင္ကာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ ထူးအယ္လင္းကေတာ့ ယခုမွာ အလႉရွင္ေတြရဲ႕ ပိုက္ဆံနဲ႔ ဆိုင္ကယ္ဝယ္စီးတာ၊အလႈေငြထဲကေန

အလြဲသုံးစားလုပ္ေနတာဆိုၿပီး ေဝဖန္ၾကသူေတြကို ျပတ္ျပတ္သားသားတုံ႔ျပန္ေျပာဆိုလိုက္ပါတယ္။ ထူးအယ္လင္းကေတာ့” ထူးအယ္လင္း ရွမ္းျပည္က ကားဂိတ္အတြက္ ေၾကျငာဆိုေပးတာ ေလးဆယ့္ငါးသိန္းတိတိႏွင့္ လက္ခံဆိုေပးတယ္…ေနာက္ထပ္ မန္းေျမက ေတးေရးဆရာတစ္ဦးက သီခ်င္းပို႔ေပးတယ္ ,, ေၾကျငာသီခ်င္းတစ္ပုဒ္ပဲ ကိုယ့္ အႏုပညာဆိုေၾကး သီးသန႔္ ႏွစ္ဆယ့္ငါးသိန္းတိတိယူတယ္,,,ေနာက္ထပ္ ပါတီသီခ်င္းတစ္ပုဒ္ဆိုေပးရတယ္ သိန္း တစ္ရာ့ရွစ္ဆယ္ႏွင့္ဆိုေပးခဲ့တယ္,,, ေနာက္ထပ္ရွိေသးတယ္

အျခားေသာ ဝင္ေငြေတြ,,,ကြၽန္ေတာ္ေျပာခ်င္တာကကြၽန္ေတာ္ လူမႈေရးအလႈေတြလုပ္တဲ့ေနရာမွာ အရင္တုန္းကႏွင့္ ယခုထိတိုင္ ဝါသနာတူတဲ့ ဆိုင္ကယ္စီးတဲ့ ဆိုင္ကယ္ခ်စ္သူတိုင္း အယုတ္အလတ္အျမတ္မေ႐ြး ဆိုင္ကယ္စီးရင္း ကုသိုလ္ျဖစ္ေအာင္ သြားၾက ကူၾက လႈၾကတာပါ… အလႈမ်ားမ်ားရ ရပါလို၏ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ဒီလူေတြကို ေခၚတာမဟုတ္ပါဘူး ။ဒါ့အျပင္,,အျခားေသာ အလႈရွင္ေတြလည္း မ်ားစြာ ကူၾက လႈၾကပါတယ္(နဲမ်ားမဆိုေပါ့ဗ်ာ)….ကြၽန္ေတာ္တာဝန္ယူၿပီး ၿပီးေျမာက္ေအာင္အထိ

ကူညီလႈဒါန္းပါမည္ လို႔ ကတိေပးထားရင္ ေျပာတဲ့အတိုင္းၿပီးေအာင္လုပ္ပါတယ္ဆိုေတာ့ကြၽန္ေတာ္အေပၚအျမင္မၾကည္တဲ့ မနာလိုတဲ့ သူေတြတစ္ခ်ိဳ႕က ကြၽန္ေတာ့္ကို အလႈေငြနဲ႔လုပ္စားေနတာပါ အလႈေငြနဲ႔ ဆိုင္ကယ္ဝယ္စီးတာပါ အလႈေငြထဲကေန အလြဲသုံးစားလုပ္တာပါ လို႔ ကြၽန္ေတာ့္ ေနာက္ကြယ္မွာ နင္းကန္အတင္းေျပာေနတဲ့သူေတြ ရွိတာသိရလို႔ ကြၽန္ေတာ္ ဒီစာကို ေရးရတာပါ “ဆိုၿပီးေရးသားထားပါတယ္။ထူးအယ္လင္းကေတာ့ “ဟုတ္ကဲ့ကြၽန္ေတာ္ ထူးအယ္လင္း လူမႈေရးေတြလုပ္တာ

ေပ်ာ္လို႔ပါ,, ပီတိျဖစ္ရလို႔ ယခုခ်ိန္ထိတိုင္ မည္ေ႐ႊ႕မည္မွ်ပင္ပန္းေနပါေစ တစ္ခ်က္မညည္းခဲ့ဘူး ကိုယ္ႏွင့္ သ႑ာန္တူပုံစံကြဲ စိတ္ဓာတ္ေကာင္းတဲ့ လက္ရင္းဒိုး ညီအကို တူဝရီးေတြႏွင့္ယေန႔အခ်ိန္ထိ ကုသိုလ္ေရးလက္မေႏွး ျပဳေနလ်က္ပါ။ငါ့ အေၾကာင္း ေသခ်ာ သိခ်င္ရင္ ငါ့ကို လာေတြ႕ၿပီးေမးပါ.. ငါ ေသခ်ာေျပာျပမယ္။ငါ ေနခ်င္သလိုသာေနေပမယ့္ ငါ လုပ္တဲ့အလုပ္ကို သပ္ရပ္ေအာင္ ကိုယ့္ဉာဏ္စြမ္းရွိသေလာက္

ေသခ်ာလုပ္တတ္ပါတယ္။ဒီစာေတြကို အားေနလို႔ ထိုင္ႂကြယ္ေရးျပေနတာမဟုတ္ပါဘူး,,, လိုအပ္လို႔ ဒဲ့ ေရးခ်တာပါ။မင္း မွတ္ထားအုံး ငါ ႏိုင္ငံေက်ာ္အဆိုေတာ္ ထူးအယ္လင္း ဆိုတာ ,,, မင္းမသိခ်င္ေယာင္ေဆာင္ မ်က္ႏွာလႊဲတဲ့အရပ္မွာ ငါ့ကိုသိတဲ့သူ ဒုနဲ႔ေဒးပဲ။ ဒါေပမယ့္ ငါ မပလႊားျပခဲ့ပါဘူး ။လိုအပ္ရင္ေတာ့ အေမါက္ေထာင္ၿပီး အဆိပ္ပန္းျပတတ္ပါတယ္။ သတိေတာ့ထားပါ “ဆိုၿပီးေရးသားထားပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်ထူးအယ်လင်းကတော့ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ထူးအယ်လင်းကတော့ ယခုမှာ အလှူရှင်တွေရဲ့ ပိုက်ဆံနဲ့ ဆိုင်ကယ်ဝယ်စီးတာ၊အလှုငွေထဲကနေ

အလွဲသုံးစားလုပ်နေတာဆိုပြီး ဝေဖန်ကြသူတွေကို ပြတ်ပြတ်သားသားတုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ထူးအယ်လင်းကတော့” ထူးအယ်လင်း ရှမ်းပြည်က ကားဂိတ်အတွက် ကြေငြာဆိုပေးတာ လေးဆယ့်ငါးသိန်းတိတိနှင့် လက်ခံဆိုပေးတယ်…နောက်ထပ် မန်းမြေက တေးရေးဆရာတစ်ဦးက သီချင်းပို့ပေးတယ် ,, ကြေငြာသီချင်းတစ်ပုဒ်ပဲ ကိုယ့် အနုပညာဆိုကြေး သီးသန့် နှစ်ဆယ့်ငါးသိန်းတိတိယူတယ်,,,နောက်ထပ် ပါတီသီချင်းတစ်ပုဒ်ဆိုပေးရတယ် သိန်း တစ်ရာ့ရှစ်ဆယ်နှင့်ဆိုပေးခဲ့တယ်,,, နောက်ထပ်ရှိသေးတယ်

အခြားသော ဝင်ငွေတွေ,,,ကျွန်တော်ပြောချင်တာကကျွန်တော် လူမှုရေးအလှုတွေလုပ်တဲ့နေရာမှာ အရင်တုန်းကနှင့် ယခုထိတိုင် ဝါသနာတူတဲ့ ဆိုင်ကယ်စီးတဲ့ ဆိုင်ကယ်ချစ်သူတိုင်း အယုတ်အလတ်အမြတ်မရွေး ဆိုင်ကယ်စီးရင်း ကုသိုလ်ဖြစ်အောင် သွားကြ ကူကြ လှုကြတာပါ… အလှုများများရ ရပါလို၏ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလူတွေကို ခေါ်တာမဟုတ်ပါဘူး ။ဒါ့အပြင်,,အခြားသော အလှုရှင်တွေလည်း များစွာ ကူကြ လှုကြပါတယ်(နဲများမဆိုပေါ့ဗျာ)….ကျွန်တော်တာဝန်ယူပြီး ပြီးမြောက်အောင်အထိ

ကူညီလှုဒါန်းပါမည် လို့ ကတိပေးထားရင် ပြောတဲ့အတိုင်းပြီးအောင်လုပ်ပါတယ်ဆိုတော့ကျွန်တော်အပေါ်အမြင်မကြည်တဲ့ မနာလိုတဲ့ သူတွေတစ်ချို့က ကျွန်တော့်ကို အလှုငွေနဲ့လုပ်စားနေတာပါ အလှုငွေနဲ့ ဆိုင်ကယ်ဝယ်စီးတာပါ အလှုငွေထဲကနေ အလွဲသုံးစားလုပ်တာပါ လို့ ကျွန်တော့် နောက်ကွယ်မှာ နင်းကန်အတင်းပြောနေတဲ့သူတွေ ရှိတာသိရလို့ ကျွန်တော် ဒီစာကို ရေးရတာပါ “ဆိုပြီးရေးသားထားပါတယ်။ထူးအယ်လင်းကတော့ “ဟုတ်ကဲ့ကျွန်တော် ထူးအယ်လင်း လူမှုရေးတွေလုပ်တာ

ပျော်လို့ပါ,, ပီတိဖြစ်ရလို့ ယခုချိန်ထိတိုင် မည်ရွှေ့မည်မျှပင်ပန်းနေပါစေ တစ်ချက်မညည်းခဲ့ဘူး ကိုယ်နှင့် သဏ္ဍာန်တူပုံစံကွဲ စိတ်ဓာတ်ကောင်းတဲ့ လက်ရင်းဒိုး ညီအကို တူဝရီးတွေနှင့်ယနေ့အချိန်ထိ ကုသိုလ်ရေးလက်မနှေး ပြုနေလျက်ပါ။ငါ့ အကြောင်း သေချာ သိချင်ရင် ငါ့ကို လာတွေ့ပြီးမေးပါ.. ငါ သေချာပြောပြမယ်။ငါ နေချင်သလိုသာနေပေမယ့် ငါ လုပ်တဲ့အလုပ်ကို သပ်ရပ်အောင် ကိုယ့်ဉာဏ်စွမ်းရှိသလောက်

သေချာလုပ်တတ်ပါတယ်။ဒီစာတွေကို အားနေလို့ ထိုင်ကြွယ်ရေးပြနေတာမဟုတ်ပါဘူး,,, လိုအပ်လို့ ဒဲ့ ရေးချတာပါ။မင်း မှတ်ထားအုံး ငါ နိုင်ငံကျော်အဆိုတော် ထူးအယ်လင်း ဆိုတာ ,,, မင်းမသိချင်ယောင်ဆောင် မျက်နှာလွှဲတဲ့အရပ်မှာ ငါ့ကိုသိတဲ့သူ ဒုနဲ့ဒေးပဲ။ ဒါပေမယ့် ငါ မပလွှားပြခဲ့ပါဘူး ။လိုအပ်ရင်တော့ အမေါက်ထောင်ပြီး အဆိပ်ပန်းပြတတ်ပါတယ်။ သတိတော့ထားပါ “ဆိုပြီးရေးသားထားပါတယ်။