မြင့်မြတ်နဲ့ ထူးခြားတို့ကြောင့် လက်ဖျံမှာ အရမ်းလက်ရာကောင်းတဲ့ တက်တူးပုံတစ်ပုံရရှိခဲ့ကြောင်း ရယ်စရာပြောပြလာတဲ့ K ညီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျပည္သူခ်စ္ အနုပညာရွင္မ်ားျဖစ္ၾကတဲ့ ျမင့္ျမတ္၊ ထူးျခားနဲ့ K ညီ တို့ကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ အတူတူတြဲဖက္သရုပ္ေဆာင္ရင္း ခင္မင္ရင္းနွီးခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ငယ္သူငယ္ခ်င္းေတြ မဟုတ္ေပမယ့္ အလုပ္ေတြ အတူတူလုပ္ရင္း ရင္းနွီးခဲ့ၾကတဲ့ ျမင့္ျမတ္၊ ထူးျခားနဲ့ K ညီ တို့က အခုအခ်ိန္ထိတိုင္ သြားအတူ၊ စားအတူ၊ လာအတူနဲ့ တပူးပူး တတြဲတြဲရိွၾကသူေတြပဲ ျဖစ္ၾကပါတယ္။ ပရိသတ္ေတြကလည္း ျမင့္ျမတ္အျပင္ ထူးျခားနဲ့ K ညီတို့ကိုလည္း တကယ့္ မင္းသားၾကီးေတြလိုမ်ိဳး ခ်စ္ခင္အားေပးၾကတာကို ေတြ့ရပါတယ္။

ေေန့စဥ္ေန့တိုင္းလိုလို ဆံုေတြ့ျဖစ္ၾကတဲ့ ျမင့္ျမတ္၊ ထူးျခားနဲ့ K ညီတို့ကေတာ့ သူတို့ ဆံုေတြ့ခ်ိန္တိုင္းမွာ ပရိသတ္ေတြအတြက္ အမွတ္တရ ဓာတ္ပံုေလးေတြ ဗီဒီယိုေလးေတြ မွ်ေဝေပးေလ့ရိွသလို ဒီကေန့မွာလည္း ထူးထူးျခားျခား အမွတ္တရေလးကို ျပသလာပါတယ္။ ျမင့္ျမတ္နဲ့ ထူးျခားတို့ကေတာ့ သူတို့ရဲ့သူငယ္ခ်င္း K ညီ ကို ေဘာပင္နဲ့ တက္တူးထိုးျပီး စေနာက္ခဲ့တာေၾကာင့္ K ညီက “Tattoo အရမ္းကြၽမ္းက်င္ေသာ ဆရာႏွစ္ေယာက္နဲ႔ Tattoo ထိုး‌မိေသာအခါ ပုံေတြကို ၾကည့္ပါ အေပ်ာ္သေဘာစတာေနာ္” ဆိုျပီး သူ့ရဲ့အျဖစ္ကို အရအန္းေဖာက္ေျပာျပလာခဲ့ပါတယ္။

K ညီကေတာ့ ျမင့္ျမတ္နဲ့ ထူးျခားတို့ေၾကာင့္ လက္ဖ်ံမွာ အရမ္းလက္ရာေကာင္းတဲ့ တက္တူးပံုတစ္ပံုရရိွခဲ့ေၾကာင္း စစေနာက္ေနာက္နဲ့ ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: K Nyi’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

မြင့်မြတ်နဲ့ ထူးခြားတို့ကြောင့် လက်ဖျံမှာ အရမ်းလက်ရာကောင်းတဲ့ တက်တူးပုံတစ်ပုံရရှိခဲ့ကြောင်း ရယ်စရာပြောပြလာတဲ့ K ညီ

ပြည်သူချစ် အနုပညာရှင်များဖြစ်ကြတဲ့ မြင့်မြတ်၊ ထူးခြားနဲ့ K ညီ တို့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အတူတူတွဲဖက်သရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ငယ်သူငယ်ချင်းတွေ မဟုတ်ပေမယ့် အလုပ်တွေ အတူတူလုပ်ရင်း ရင်းနှီးခဲ့ကြတဲ့ မြင့်မြတ်၊ ထူးခြားနဲ့ K ညီ တို့က အခုအချိန်ထိတိုင် သွားအတူ၊ စားအတူ၊ လာအတူနဲ့ တပူးပူး တတွဲတွဲရှိကြသူတွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်တွေကလည်း မြင့်မြတ်အပြင် ထူးခြားနဲ့ K ညီတို့ကိုလည်း တကယ့် မင်းသားကြီးတွေလိုမျိုး ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။

နေ့စဉ်နေ့တိုင်းလိုလို ဆုံတွေ့ဖြစ်ကြတဲ့ မြင့်မြတ်၊ ထူးခြားနဲ့ K ညီတို့ကတော့ သူတို့ ဆုံတွေ့ချိန်တိုင်းမှာ ပရိသတ်တွေအတွက် အမှတ်တရ ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ မျှဝေပေးလေ့ရှိသလို ဒီကနေ့မှာလည်း ထူးထူးခြားခြား အမှတ်တရလေးကို ပြသလာပါတယ်။ မြင့်မြတ်နဲ့ ထူးခြားတို့ကတော့ သူတို့ရဲ့သူငယ်ချင်း K ညီ ကို ဘောပင်နဲ့ တက်တူးထိုးပြီး စနောက်ခဲ့တာကြောင့် K ညီက “Tattoo အရမ်းကျွမ်းကျင်သော ဆရာနှစ်ယောက်နဲ့ Tattoo ထိုး‌မိသောအခါ ပုံတွေကို ကြည့်ပါ အပျော်သဘောစတာနော်” ဆိုပြီး သူ့ရဲ့အဖြစ်ကို အရအန်းဖောက်ပြောပြလာခဲ့ပါတယ်။

K ညီကတော့ မြင့်မြတ်နဲ့ ထူးခြားတို့ကြောင့် လက်ဖျံမှာ အရမ်းလက်ရာကောင်းတဲ့ တက်တူးပုံတစ်ပုံရရှိခဲ့ကြောင်း စစနောက်နောက်နဲ့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: K Nyi’s fb
Bilie – Cele Connections