အိမ်ပြန်လာမယ့်ရက်နီးလာလေ ပိုပြီးနွမ်းလျနေတဲ့ပုံပေါ်လာလေဖြစ်နေတဲ့ ချစ်သူဆရာဝန်လေး မောင့်အတွက် အစိုးရိမ်ပိုနေတဲ့ ရီရီပွင့်ဖြူ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သရုပ္ေဆာင္ ေမာင္နဲ့ ရီရီပြင့္ျဖဴတို့ကေတာ့ တူညီတဲ့ အနုပညာနယ္ပယ္မွာ က်င္လည္ခဲ့ၾကတသူေတြဆိုေပမယ့္ ထူးထူးျခားျခားအေနနဲ့ပဲ အနုပညာအလုပ္ေတြ ရပ္နားလိုက္ခ်ိန္ေရာက္မွ ဖူးစာဆံုခဲ့ၾကတာ ျဖစ္ပါတယ္။ ေမာင္နဲ့ ရီရီပြင့္ျဖဴတို့က အခုဆိုရင္ ခ်စ္သူသက္တမ္း (၇) နွစ္ေက်ာ္ရိွျပီျဖစ္ျပီး နွစ္ဘက္မိဘေဆြမ်ိဳးအသိုင္းအဝုိင္းေတြ သေဘာတူၾကည္ျဖဴထားတဲ့ ခ်စ္သူစံုတြဲေလးပဲ ျဖစ္ပါတယ္။ နွစ္ေယာက္စလံုး အနုပညာေလာကကေန ထြက္ခြာခဲ့ျပီးေနာက္ ေမာင္က ပညာေရးနဲ့ စီးပြားေရးကို အာရံုစိုက္ေနသလို ရီရီပြင့္ျဖဴကလည္း သူမရဲ့ ကိုယ္ပိုင္စီးပြားေရးအလုပ္ေတြကို လုပ္ကိုင္လာခဲ့တာပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ ေမာင္က သူကြ်မ္းက်င္တတ္ေျမာက္ထားတဲ့ ေဆးပညာနဲ့ ကိုဗစ္လူနာေတြကို ကုသနိုင္ဖုိ့ ေဖာင္ၾကီးကိုဗစ္စင္တာမွာ ေစတနာ့ဝန္ထမ္း ဆရာဝန္အျဖစ္ တာဝန္ထမ္းေဆာင္ေနတာပဲ ျဖစ္ပါတယ္။ မၾကာခင္မွာ တာဝန္ထမ္းရက္ျပီးဆံုးျပီး အိမ္ျပန္လာရေတာ့မယ့္ေမာင္က ျပန္လာခါနီးေလ ပိုျပီးႏြမ္းလ်ေနတဲ့ပံုေပၚလာေလျဖစ္ေနတာေၾကာင့္ ရီရီပြင့္ျဖဴက ခ်စ္သူေမာင္အတြက္ အစိုးရိမ္ပိုကာ “ျပန္ခါနီးPostiveမျဖစ္ရင္ေတာ္ပါၿပီ” ဆိုျပီး ဆုေတာင္းေနတာ ျဖစ္ပါတယ္။

ေမာင္ကေတာ့ ကိုယ့္အိမ္ကိုယ့္ရာမဟုတ္တဲ့ ေနရာမွာ အလုပ္ေတြလုပ္ကိုင္ေနရတာမို့ ပင္ပန္းေနေပမယ့္ သူကုသေပးလိုက္တဲ့ လူနာေတြ ေနေကာင္းသက္သာသြားတဲ့အခါ ပင္ပန္းသမွ် အေမာေျပရတယ္လုိ့ ေျပာထားတာ ျဖစ္ပါတယ္။ ရီရီဆုေတာင္းေပးသလိုပဲ ေမာင္တစ္ေယာက္ ျပန္လာခါနီးမွာ အိမ္ကိုေခ်ာေခ်ာေမြ့ေမြ့ျပန္လာနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Yi Yi Pwint Phyu’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

အိမ်ပြန်လာမယ့်ရက်နီးလာလေ ပိုပြီးနွမ်းလျနေတဲ့ပုံပေါ်လာလေဖြစ်နေတဲ့ ချစ်သူဆရာဝန်လေး မောင့်အတွက် အစိုးရိမ်ပိုနေတဲ့ ရီရီပွင့်ဖြူ

သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ တူညီတဲ့ အနုပညာနယ်ပယ်မှာ ကျင်လည်ခဲ့ကြတသူတွေဆိုပေမယ့် ထူးထူးခြားခြားအနေနဲ့ပဲ အနုပညာအလုပ်တွေ ရပ်နားလိုက်ချိန်ရောက်မှ ဖူးစာဆုံခဲ့ကြတာ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့က အခုဆိုရင် ချစ်သူသက်တမ်း (၇) နှစ်ကျော်ရှိပြီဖြစ်ပြီး နှစ်ဘက်မိဘဆွေမျိုးအသိုင်းအဝိုင်းတွေ သဘောတူကြည်ဖြူထားတဲ့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံး အနုပညာလောကကနေ ထွက်ခွာခဲ့ပြီးနောက် မောင်က ပညာရေးနဲ့ စီးပွားရေးကို အာရုံစိုက်နေသလို ရီရီပွင့်ဖြူကလည်း သူမရဲ့ ကိုယ်ပိုင်စီးပွားရေးအလုပ်တွေကို လုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မောင်က သူကျွမ်းကျင်တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ကိုဗစ်လူနာတွေကို ကုသနိုင်ဖို့ ဖောင်ကြီးကိုဗစ်စင်တာမှာ စေတနာ့ဝန်ထမ်း ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာ တာဝန်ထမ်းရက်ပြီးဆုံးပြီး အိမ်ပြန်လာရတော့မယ့်မောင်က ပြန်လာခါနီးလေ ပိုပြီးနွမ်းလျနေတဲ့ပုံပေါ်လာလေဖြစ်နေတာကြောင့် ရီရီပွင့်ဖြူက ချစ်သူမောင်အတွက် အစိုးရိမ်ပိုကာ “ပြန်ခါနီးPostiveမဖြစ်ရင်တော်ပါပြီ” ဆိုပြီး ဆုတောင်းနေတာ ဖြစ်ပါတယ်။

မောင်ကတော့ ကိုယ့်အိမ်ကိုယ့်ရာမဟုတ်တဲ့ နေရာမှာ အလုပ်တွေလုပ်ကိုင်နေရတာမို့ ပင်ပန်းနေပေမယ့် သူကုသပေးလိုက်တဲ့ လူနာတွေ နေကောင်းသက်သာသွားတဲ့အခါ ပင်ပန်းသမျှ အမောပြေရတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ ရီရီဆုတောင်းပေးသလိုပဲ မောင်တစ်ယောက် ပြန်လာခါနီးမှာ အိမ်ကိုချောချောမွေ့မွေ့ပြန်လာနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yi Yi Pwint Phyu’s fb
Bilie – Cele Connections