အိမ်ထောင်ဦးစီးအဖြစ် တစ်မိသားစုလုံးကို ရှာကျွေးခဲ့ပြီး ကိုဗစ်ဖြစ်မှ ချစ်ဇနီးမြတ်ရတနာကျော်ကို မှီခိုနေရကြောင်း ပွင့်လင်းစွာပြောပြလာတဲ့ Ah Boy

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

အိမ်ထောင်ဦးစီးအဖြစ် တစ်မိသားစုလုံးကို ရှာကျွေးခဲ့ပြီး ကိုဗစ်ဖြစ်မှ ချစ်ဇနီးမြတ်ရတနာကျော်ကို မှီခိုနေရကြောင်း ပွင့်လင်းစွာပြောပြလာတဲ့ Ah Boy

အဆိုတော် Ah Boy နဲ့ မြတ်ရတနာကျော်တို့ကတော့ အသက်အရွယ်ကွာခြားမှုရှိပေမယ့် နားလည်မှုအပြည့်နဲ့ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံနေတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ မိသားစုလေးကို ပရိသတ်တွေကလည်း ချစ်ခင်စွာနဲ့ အားပေးကြပြီး သူတို့မိသားစုအကြောင်းလေးကို ဂရုတစိုက်ရှိကြတာပဲ ဖြစ်ပါတယ်။ Ah Boy ကတော့ စီးပွားရေးအလုပ်တွေကို အာရုံစိုက်နေချိန်မှာ အနုပညာလောကနဲ့ အနည်းငယ်အလှမ်းဝေးသွားခဲ့ပြီး (၂၀၂၀) အတွင်းမှာမှာ သီချင်းတွေကို ပြန်လည်သီဆိုရင်း ပရိသတ်နဲ့ တကြော့ပြန် ထိတွေ့လာခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေးအလုပ်တွေကို ဦးစားပေးလုပ်ကိုင်နေတဲ့ Ah Boy က ကိုဗစ်ကာလမှာ အလုပ်တွေအားလုံး ရပ်နားလိုက်ပြီး မြတ်ရတနာကျော်ကတော့ Online မှာ ရတနာပစ္စည်းတွေကို ရောင်းချပေးရင်း အလုပ်တွေရှုပ်နေတာပဲ ဖြစ်ပါတယ်။ Ah Boy ကတော့ သူအလုပ်နားတဲ့အချိန်မှာ ချစ်ဇနီးနောက်က လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးရင်း “အြော်… ဘာလိုလိုနဲ့ Covid ကာလမှာ… အိမ်ထောင်ဦးစီးကနေ မှီခိုတောင်ဖြစ်လာပါရောလား… ဖိုက်တင်း မိန်းမ ” ဆိုပြီး သူ့အဖြစ်သူ အရွှန်းဖောက်လာခဲ့ပါတယ်။

Ah Boy ကတော့ တစ်လျှောက်လုံး အိမ်ထောင်ဦးစီးအဖြစ် တစ်မိသားစုလုံးကို ရှာကျွေးခဲ့ရာ ကိုဗစ်ဖြစ်မှ ချစ်ဇနီးမြတ်ရတနာကျော်ကို မှီခိုနေရတဲ့ သူ့ရဲ့အဖြစ်ကို ပွင့်ပွင့်လင်းလင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Kyaw Phyo Tun ‘s fb
Bilie – Cele Connections