အချစ်ရဆုံးမေမေရဲ့ မွေးနေ့ကို အိမ်မှာပဲ မိသားစုစုံစုံလင်လင်နဲ့ ပျော်ရွှင်ရအောင် ဖန်တီးပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

အချစ်ရဆုံးမေမေရဲ့ မွေးနေ့ကို အိမ်မှာပဲ မိသားစုစုံစုံလင်လင်နဲ့ ပျော်ရွှင်ရအောင် ဖန်တီးပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်စုကျော်တိုင် အောင်အောင်မြင်မြင် ရပ်တည်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေထက် ကြော်ငြာနဲ့ ပွဲတက်တွေကိုသာ အများဆုံးလက်ခံပေးနေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သင်ဇာဝင့်ကျော်က ကပ်ရောဂါအခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို လျော့ချပြီး နေအိမ်မှာပဲ မိသားစုနဲ့အတူတူ အချိန်တွေ ကုန်ဆုံးနေလျက်ရှိပါတယ်။

မနေ့က အောက်တိုဘာလ (၁၄) ရက်နေ့ကတော့ သင်ဇာဝင့်ကျော်ရဲ့ တစ်ဦးတည်းသော အချစ်ဆုံးမေမေ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ မေမေ့ရဲ့မွေးနေ့မှာ ဘယ်ကိုမှမသွားဖြစ်ပဲ အိမ်မှာပဲ မိသားစုနဲ့ အတူတူ ကိတ်မုန့်လေးခွဲရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သင်ဇာဝင့်ကျော်တို့ မိသားစုတွေရဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်ကတော့ စိတ်လွတ်ကိုယ်လွတ် နေထိုင်တတ်သူတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ မိဘနှစ်ပါးအပေါ်ကိုတော့ ဂရုတစိုက်နဲ့ အရမ်းချစ်ရှာသူတစ်ယောက် ဖြစ်ပါတယ်။ သင်ဇာတို့ မိသားစုလေး အခုလိုပဲ အစဉ်ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thin Zar Wint Kyaw’s fb
Bilie – Cele Connections