








စနေသားသမီးများငွေဝင်လာဘ်ရွှင်ယတြာမိတ်ဆွေများမင်္ဂလာပါခင်ဗျာဆရာအခုတင်ပေးမည့်ယတြာလေးကတော့စနေသားသမီးများစီးပွားရေး၊လာဘ်ပွင့်၊ငွေဝင်မြဲစေရန်အတွက်လွယ်ကူရိုးရှင်းပြီး၊

ထိရောက်သော၊ယတြာလေးကိုဒါနပြုမျှဝေပေးလိုက်ပါတယ်။မိမိ၏အိမ်ဘုရားကျောင်းဆောင်တွင်မြေပဲယိုတစ်ပန်းကန်တင်ထားပြီးမြတ်စွာဘုရားရှင်အားကပ်လှူပူဇော်ပေးရပါမည်၊

ပြီးလျှင်သောက်တော်ရေတစ်ခွက်ကပ်လှူတင်ပေးပြီး။အမွှေးတိုင်(၅)တိုင်၊ဖယောင်းတိုင်(၅)တိုင်ကိုထွန်းညှိပူဇော်ပေးပါ။မိမိနေအိမ်၏အနောက်ဘက်အရပ်ဒေသကိုမျက်နှာမူပြီးပျဉ်းမညွန့် (၁၉)ညွန့်ကိုင်၍ဆုတောင်းရပါမယ်၊

၎င်းအညွန့်များကိုဘုရားပန်းအိုးတွင်ထည့်၍အိမ်ဘုရားကျောင်းဆောင်တွင်တင်ပေးထားရပါမည်။မည်သည့်နေ့မည်သည့်အချိန်မဆိုထီးတစ်လက်ငွေ(၁၀၀၀)ကျပ်နှင့်အတူမရှိဆင်းရဲသားတစ်ယောက်ကိုလှူဒါန်းပေးရပါမည်။

ဤယတြာလေးကိုလုပ်ထားပေးခြင်းအားဖြင့်စနေသားသမီးများအတွက်ငွေဝင်၊လာဘ်ရွှင်၊စီးပွားရေးများ၊တိုးတက်လာမှာအသေအချာပါ။မိမိမွေးနေ့ရက်များတွင်အခုဆရာတင်ပေးသည့်ယတြာလေးကိုမကြာခဏလုပ်ဆောင်ပေးလျှင်

ပို၍ကောင်းမွန်ပေလိမ့်မည်။ယတြာလုပ်ရမည့်၊ရက်နာရီစနေနေ့မနက်(7)နာရီ(၃၅)မိနစ်မှ(၈)နာရီ(၄၅)မိနစ်အတွင်းလုပ်ပေးရပါမည်။ကံဇာတာစစ်ဆေးမေးမြန်းလိုသူများအထူးသိရှိရန်

ဉာဏ်ပူဇော်ခလူတစ်ဦးဟောပြောခ(၅၀၀၀)ကျပ်အထက်ပါအတိုင်းလိုအပ်ချက်များကိုအပြည့်အစုံအရင်ဦးစွာပို့ပေးထားပြီးမှသာ ဆရာကိုယ်တိုင်ဖုန်းဆက်ပေးပြီးအကောင်း

အဆိုးများကိုသေချာဆွေးနွေးဟောပြောပေးမှာပါထိရောက်အစွမ်းထက်၊ယတြာများနှင့်လည်းကူညီပေးသွားမှာဖြစ်ပါတယ်ဗေဒင်ပညာရှင်ဆရာတင်ထွန်းဖုန်း09259651899ဖုန်း09772701190ခရစ်တစ်

The post စနေသားသမီးများငွေဝင်လာဘ်ရွှင် ယတြာ appeared first on စုံလင်သုတအိမ်ရှင်မ.

Leave a Reply

Your email address will not be published.