Knock Out မှာ အနိုင်ရရှိခဲ့ပေမယ့်လည်း စင်နောက်မှာမိသားစုအကြောင်းပြောရင်း မျက်ရည်ကျခဲ့မိတဲ့အကြောင်းအရင်းကို ပြောပြလာတဲ့ ခင်ရတနာစိုး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

Knock Out မှာ အနိုင်ရရှိခဲ့ပေမယ့်လည်း စင်နောက်မှာမိသားစုအကြောင်းပြောရင်း မျက်ရည်ကျခဲ့မိတဲ့အကြောင်းအရင်းကို ပြောပြလာတဲ့ ခင်ရတနာစိုး

The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲကြီးကတော့ ရက်သတ္တပတ် တစ်ပတ်ထက် တစ်တစ်ပတ် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းလာပါပြီ။ ပြိုင်ပွဲဝင်တွေက ကြိုးကြိုးစားစားနဲ့ သီဆိယှဉ်ပြိုင်ကြပြီး ပြုတ်တဲ့သူတွေက ပြုတ်သွားကြသလို နောက်တဆင့်တက်သွားတဲ့သူတွေကလည်း Live Show မှာ သီဆိုဖို့အတွက် ဆက်လက်ကြိုးစားနေကြပြီ ဖြစ်ပါတယ်။ ထိုထဲကမှ Team Ni Ni ကနေ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် ခင်ရတနာစိုးကလည်း Knock Out မှာ အနိုင်ရရှိခဲ့ပြီး Live Show မှာ သီဆိုဖို့ အခွင့်အရေးရခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ခင်ရတနာစိုးက Knock Out မှာ အနိုင်ရရှိခဲ့ပေမယ့်လည်း စင်နောက်မှာမိသားစုအကြောင်းပြောရင်း မျက်ရည်ကျခဲ့မိတာကြောင့် သူမရဲ့ဖြစ်စဉ်နဲ့ ပက်သတ်ပြီး အခုလိုပဲ ဖြေရှင်းလာပါတယ်။ “ညီမအစောကထဲကမျက်ရည်မထိန်းနိုင်ခဲ့လို့ အပြောခံရမယ်ဆိုတာသိပါတယ်ရှင်။ ဒါပေမယ့်လဲ ညီမပျော်နိုင်တဲ့ခံစားချက်ကို ညီမမထိန်းနိုင်လို့ဖြစ်ခဲ့ရသည့်အတွက် အနူးအညွတ်တောင်းပန်ပါတယ်ရှင်ရှေ့ဆက်လဲပိုကြိုးစားပါ့မယ်။ ပရိတ်သတ်Votingနဲ့ ညီမတက်လမ်းကဆက်လျှောက်ရမှာဖြစ်တဲ့အတွက် ညီမကိုနောက်အဆင့်တွေမှာ Voteဖို့လဲ တောင်းဆိုချင်ပါတယ်ရှင် ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောလာခဲ့ပါတယ်။။

ခင်ရတနာစိုးကတော့ ပြိုင်ပွဲစတင်ယှဉ်ပြိုင်ကတည်းက မြန်မာသီချင်းတွေနဲ့သာ ပါဝင်ယှဉ်ပြိုင်တာများပြီး သူမရဲ့ ကြည်လင်ပြတ်သားတဲ့ အသံကြောင့် ပရိသတ်အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နောက်အဆင့်တွေမှာ ခင်ရတနာစိုးကို ဆက်လက်အားပေးဖို့ မမေ့ကြပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khin Yadanar Soe’s fb
Bilie – Cele Connections