လှလှလေးဝတ်စားပြီး ကင်မရာရှေ့ Live လွှင့်ဈေးရောင်းပေးရတာ စိတ်ဖိစီးမှုများသလို စိတ်ဓာတ်ကျတာတွေပါရှိကြောင်း ပွင့်လင်းစွာပြောပြလာတဲ့ ဆုမြတ်နိုးဦး
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
အမြဲတမ်းပြုံးနေတတ်တဲ့ မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ ချစ်စရာကောင်းပြီး ဟန်ပန်အမူအယာကောင်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝ ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်နေသလို လက်ရှိမှာတော့ အွန်လိုင်းကနေ ဈေးရောင်းချပေးရင်း ပရိသတ်တွေနဲ့ ထိတွေ့နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆုမြတ်နိုးဦးက မင်းသမီးတစ်ယောက် ကင်မရာရှေ့ လှလှလေးနေရတဲ့အလုပ်က ထင်သလောက် မလွယ်ကူတာကို အခုလိုပဲ ပြောပြလာပါတယ်။
“ကင်မရာရှေ့ လှလှလေးနေရတဲ့အလုပ်ဟာလွယ်ပါတယ်လို့ပဲအားလုံးကထင်ကြပါတယ်.. တကယ်တမ်းတော့လေ ဇာတ်ကားရိုက်တာပဲဖြစ်ဖြစ် liveလွှင့်ဈေးရောင်းရတာပဲဖြစ်ဖြစ်အလုပ်တိုင်းမှာ စိတ်ဖ်စိးမှု စိတ်ရဲ့ပင်ပန်းမှု ဖိအားဆိုတာရှိပါတယ်။ ဇာတ်ကားတွေရိုက်တဲ့အချိန်မှာ ငါဟာသဘာဝကျပါ့မလား။ ဇာတ်ကောင်စရိုက်နဲ့တထပ်တည်းကျပီပြင်ပါ့မလား ဆိုတဲ့ပူပန်မှုတွေအထူးရှိသလို
မကျွမ်းကျင်တဲ့ Liveလွှင့်ဈေးရောင်းတဲ့အခါမှာတော့ စိတ်ပင်ပန်းရမှုကအဆများစွာပိုပါတယ်။ ကိုယ်ရောင်းပေးတဲ့ဆိုင်တွေရဲ့ဆိုင်ရှင်တွေကို ရောင်းရစေချင်တယ်။ ဝယ်ယူအားပေးတဲ့သူတွေကိုတကယ်တန်တဲ့မှန်ကန်တဲ့ဈေးနှုန်းလေးတွေနဲ့ပိုင်ဆိုင်ရစေချင်တယ်။ အဲ့ထဲမှာမှ ရှိလာတဲ့စုန်းပြူးတွေးရဲ့ရန်ကြောင့် ဆိုင်ရှင်တွေကိုအားနာရတယ် မျက်နှာပျက်ရတယ်။ ၃နာရီ ၄နာရီစာ ဝန်ထုတ်ဝန်ပိုးတွေရယ်။”
“တခါတလေတော့လဲလေ ဘာမှကိုမလုပ်ချင်တော့ဘူး ရပ်တန့်ထားလိုက်ချင်တဲ့စိတ်ရဲ့ဖိအားတွေ စိတ်ဓာတ်ကျတာတွေဖြစ်မိတယ်။ ဒါပေမဲ့လဲလေ ခက်ခဲတဲ့ကာလကြီးမှာစားဝတ်နေရေးရယ် ..
ကျားကြီးရင် ခြေရာကြီးတဲ့စရိတ်စကတွေ၊ ကိုယ့်ရဲ့အနားက ခက်ခဲပင်ပန်းနေသူတွေရဲ့မနိုင်ဝန်တွေကိုတထောင့်တနေရာက ထမ်းပေးချင်နေတဲ့စိတ်တွေနဲ့ အားတင်းရင်းရှေ့ဆက်နေပါတယ်။ ကျွန်မတတ်နိုင်သရွေ့အင်အားလေးနဲ့ ရှေ့ဆက်နေပါရစေ။ ချစ်ရတဲ့သူတွေ၊ ကိုယ့်ရဲ့အနီးတဝိုက်က ခက်ခဲပီးလိုအပ်နေတဲ့သူတွေရဲ့လိုအပ်ချက်လေးတွေကိုတထောင့်တနေရာကနေဖြည့်စည်းပေးနေခွင့်လေးရရင်ပဲ ပင်ပန်းရသမျှတွေပြေပျောက်ပါပြီ။ ကိုယ့်ရဲ့စေတနာမှန်ခဲ့ရင် အမြဲတမ်းပေးကမ်းနိုင်တဲ့လက်တစုံသာဖြစ်ပါရစေလို့တောင်းဆုပြုပါတယ် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။
တကယ်တော့ မင်းသမီးတွေဆိုတာ လှလှလေးဝတ်စားရပေမယ့် ကင်မရာရှေ့မှာ သုံးလေးနာရီထိုင်ပြီး မရပ်မနားအလုပ်လုပ်ရတာ မလွယ်ကူလှပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Hsu Myat Noe Oo’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်