စရံအပ်ထားတဲ့ငွေတွေ ပြန်အမ်းစရာမရှိတော့လို့ ဒုက္ခရောက်နေရတဲ့ တေးရေး တေးဆို ခိုင်မြဲသာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : Khine Myel Ther
Maria (Yaung Chi)

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ ဂီတမျိုးဆက်သစ်တွေကို အသံပိုင်းဆိုင်ရာ ပြသ သင်ကြားပေးနေသလို တေးရေး တေးဆိုအဖြစ် လူသိများတဲ့ အနုပညာရှင် ခိုင်မြဲသာကတော့ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ဒီလောက်ငတ်နေတဲ့ကာလမှာ ရှားရှားပါးပါး အလုပ်တစ်ခုရပြီး ရေးရမယ် တီးရမယ် male + female Vocal ဆိုပေးရမယ်. Female အဆိုအတွက် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး အိမ်မှာ zombie land ဖြစ်နေတယ်.ယူထားတဲ့ စရံငွေလည်း ပြန်အမ်းစရာမရှိတော့ဘူး . ထွက်ပြေးလို့လည်းမရဘူး အမေကအသည်းအသန်ဖြစ်နေတယ်. ကိုယ်တိုင်ကလည်း မသေနိုင်သေးဘူး.. ဘာလုပ်ရမလဲ ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့အခက်ခဲတွေကို ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ မိဘလောက် ဘယ်အရာမှ အရေးမကြီးတဲ့အတွက် မေမေ့ကို ပဲ ကျန်းမာရေးဂရုစိုက်ပေးဖို့အတွက် အိမ်ထဲကို အပြင်လူအဝင်မခံဖို့အတွက် အားပေးစကားတွေ မှတ်ချက်ပေးခဲ့ကြပါတယ် ။ တေးရေးတေးဆို ခိုင်မြဲသာတစ်ယောက် အမြန်ဆုံးအဆင်ပြေဖို့ ဆုတောင်းပေးကြပါဦး ပရိသတ်ကြီးရေ ..။

Source : Khine Myel Ther
Maria (Yaung Chi)