ငှက်ပျောကြော် နဲ့အတူ ကြော်ငြာရိုက်ကွင်းလေးကိုဝေမျှပေးလာတဲ့ ထက်ထက်မိုးဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : Aung Kyaw Moe
Maria (Yaung Chi)

Unicode ဖြင့်ဖတ်ပါ
★★★★★

ကြော်ငြာဘုရင်မလို့ ပရိသတ်တွေ သတ်မှတ်ထားရတဲ့ထိ တစ်ခေတ်တစ်ခါက ပရိသတ်တွေ အားလုံးရဲ့အချစ်ကို သိမ်းပိုက်ခဲ့တဲ့ ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာ ရပ်နားခဲ့ပြီးမှ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ် ။ လတ်တလောမှာတော့ သူမရဲ့ Official Page ကနေတဆင့် စိန်ရွှေရတနာတွေကို Live လွှင့်ပြီးရောင်းချနေခဲ့တာပါ ။

အနုပညာအလုပ်တွေ ရပ်နားထားရတဲ့အချိန်မှာ သူမရဲ့တခြား စီးပွားရေးတစ်ခုအနေနဲ့လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း အလူးလဲခံစားခဲ့ရပေမယ့်လည်း ချစ်တဲ့ ပရိသတ်တွေပေးတဲ့ ခွန်အားနဲ့ပြန်လည်ရပ်တည်ခဲ့တဲ့ ထက်ထက်ကတော့ လတ်တလောမှာ ကြော်ငြာအသစ်တစ်ခုကို ရိုက်ကူးနေတယ်လို့သိရပါတယ် ။ ဒီနေ့မှာ မင်းမဟော် ကုမ္ပဏီ ရဲ့ လယ်ယာစိုက်ပျိုးရေး သုံး ရွက်ဖျန်းအားဆေး တီဗီကြော်ငြာ လေးကို ရိုက်ကူးဖြစ်ခဲ့တာဖြစ်ပါတယ် ။

ထက်ထက်က သူမရဲ့ကြော်ငြာရိုက်ကွင်းလေးကို ပရိသတ်တွေကို ဝေမျှပေးထားပြီး ထက်ထက်ရဲ့ ကြော်ငြာအသစ်ကို ကြည့်ရတော့မှာဖြစ်တဲ့အတွက် ပရိသတ်တွေကတော့ အရမ်းကို စိတ်လှုပ်ရှားနေကြပါပြီ ။ ထက်ထက်ရဲ့ ကြော်ငြာလေးထွက်လာရင်လည်း ပရိသတ်ကြီးလည်း အားပေးကြပါဦးနော် ။

Source : Aung Kyaw Moe
Maria (Yaung Chi)