မွေးနေ့အလှူကိုရိုးရှင်းစွာပြုလုပ်ခဲ့ပေမယ့် ကုသိုလ်ရှင်အမည်မှာ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကြီးပါလာခဲ့တဲ့အကြောင်း ရိုးသားစွာပြောလာတဲ့ ရတနာဗိုလ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Yadanar Bo’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

မွေးနေ့အလှူကိုရိုးရှင်းစွာပြုလုပ်ခဲ့ပေမယ့် ကုသိုလ်ရှင်အမည်မှာ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကြီးပါလာခဲ့တဲ့အကြောင်း ရိုးသားစွာပြောလာတဲ့ ရတနာဗိုလ်

ဗိုလ်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချောလေး ရတနာဗိုလ်ကတော့ လူကောင်သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရတနာဗိုလ်ကတော့ “ကာဗွန်ဒိုင်အောက်ဆိုက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အားပေးမှုကို အများအပြားရရှိခဲ့ပြီး အခြားသော ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်နေလျက်ရှိပါတယ်။ ရတနာဗိုလ်ကတော့ အသစ်တစ်ယောက်နဲ့မတူအောင် ကြိုးစားလွန်းတာကြောင့် အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာရရှိလို့နေပြီပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၁၅) ရက်နေ့ကတော့ ရတနာဗိုလ်ရဲ့မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရတနာဗိုလ်က သူမရဲ့ မွေးနေ့မှာ ရိုးရိုးရှင်းရှင်းလေးနဲ့သာ ဖြတ်သန်းခဲ့ပေမယ့် မွေးနေ့ကုသိုလ်ပြုတဲ့ ဘုန်းကြီးကျောင်းသင်ပုန်းမှာ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကြီးပါလာခဲ့တဲ့အကြောင်းကို “ကုသိုလ်ရှင်အမည်ကို မရတနာဗိုလ်လို့ပဲရေးပေးပါဘုရားလို့လျှောက်ခဲ့တာ ဘုန်းဘုန်းတွေကချစ်လို့ထင်တယ် ရုပ်ရှင်သရုပ်ဆောင်မင်းသမီးဆိုပြီးရေးပေးထားတယ်” ဆိုပြီး ရိုးသားစွာ ပြောလာခဲ့ပါတယ်။

ရတနာဗိုလ်ကတော့ မွေးနေ့ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့ရင်း ဘုန်းဘုန်းတွေရဲ့ စေတနာလေးတစ်ခုကြောင့် ဖြစ်ခဲ့ရတဲ့ အမှတ်တရလေးကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yadanar Bo’s fb
Bilie – Cele Connections