ဒီနေ့နိုဝင်ဘာလ(၁၇)ရက်နေ့မှာပဲ အသက်(၇၄)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင်အကယ်ဒမီချိုပြုံး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source:ဝီကီပီးဒီးယား

Unicode ဖြင့်ဖတ်ပါ
★★★★★

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်၊အဆိုတော်ချိုပြုံးကတော့ တစ်ခေတ်တစ်ခါတည်းကယနေ့အချိန်ထိ ပရိသတ်တွေရင်ထဲမှာနေရာယူထားနိုင်ခဲ့တဲ့ ထိပ်တန်းမင်းသမီးကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာလည်း ပရိသတ်တွေအတွက်အကောင်းဆုံးကြိုးစားပြနိုင်ခဲ့ပြီး အကယ်ဒမီဆု(၄)ဆုကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့အပြင် တေးသီချင်းများစွာကိုလည်းထွက်ရှိထားနိုင်ခဲ့ပါတယ်။

သူမကိုတော့ ၁၉၄၆ခုနှစ်၊နိုဝင်ဘာလ(၁၇)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့အသက်(၇၄)နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ အမေချိုရဲ့မွေးနေ့အတွက် အနုပညာရှင်ညီအစ်ကိုမောင်နှမသားမြေးတွေအားလုံးက မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားကြသလို ပရိသတ်တွေကလည်းမွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားကြတာကိုတွေ့ရပါတယ်။

မေချိုတစ်ယောက်မွေးနေ့မှစပြီး နှစ်ပေါင်းများစွာတိုင်အောင်သက်ရှည်ကျန်းမာစွာနဲ့ ချစ်ရတဲ့မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ ချစ်တဲ့ပရိသတ်ကြီးကလည်း မေချို့အတွက်မွေးနေ့ ဆုတောင်းလေးတွေတောင်းပေးခဲ့ပါဦးနော်။

Source:ဝီကီပီးဒီးယား