.ဆေးဖက်ဝင်ပုံ တမူထူးတဲ့ လောက်သေပင်.

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာ့ေဆးဖက္ဝင္ ေလာက္ေသပင္

Item Name —— Desmodium triquetrum DC(ေလာက္ေသပင္)

Category ——— Raw Material

Botany Term —– Desmodium triquetrum DC

Species Family — Papilionaceae.

ျမန္မာ ႏိုင္ငံ ေအာက္ပိုင္း စြတ္စို ေသာ ေဒသ မ်ား ၌ ေပါက္၏။သဘာ၀ အေလ်ာက္ ေပါက္ေရာက္သည္။

အပင္

ပင္ေပ်ာ့ ပင္ငယ္ သက္ျပင္း မ်ိဳး ျဖစ္သည္။ မွီတြယ္ ရာမရွိ ေသာ ေနရာမ်ား ၌ ေျမေပၚတြင္ ျဖန႔္တြား ေပါက္၏ ။ အျမင့္ ၅-၆ ေပခန႔္ ျမင့္၏။ ပင္စည္ ေသးသြယ္ ၿပီး မြဲေျခာက္ေျခာက္ ေရာင္ရွိသည္။ အကိုင္း အခက္ မ်ား အညိဳေရာင္ ရွိသည္။

အ႐ြက္

႐ြက္ လြဲ ထြက္၏။ အလ်ား ၆ လက္မ ၊ အနံ ၂ လက္မ ခန႔္ ရွိ၏။ ႐ြက္ထိပ္ ခြၽန္၏ ။ အေပၚ မ်က္ႏွာ ျပင္တြင္ ေသးငယ္ေသာ ဆူးကေလးမ်ား ရွိသည္။ ႐ြက္ညႇာအေတာင္ ပါသည္။ ႐ြက္ညႇာရင္းနားတြင္ ႐ြက္စြယ္အဖတ္ေလးမ်ား ရွိ၏ ။

အပြင့္

အလြန္ေသး ငယ္ ၏။ နီေရာင္ သမ္းေသာ အညိဳေရာင္ သို႔မဟုတ္ မရန္းေရာင္ ရွိ၏။ နတ္ေတာ္၊ ျပာသိုလ မ်ား တြင္ ပြင့္ ၏။

အသီး

သီးေတာင့္ ျဖစ္သည္။ ၁ လက္မမွ် ရွည္၍ ျပား၏ ။ ၁ လက္မ မွ် ရွည္၍ ျပား၏။အဆစ္ ၆-၈ ထိရွိ ၿပီး ေျပာင္ေခ်ာ ၏ ။ သို႔မဟုတ္ အေမြးႏု မ်ား ရွိသည္။ တေပါင္း ၊ တန္ခူး လမ်ား တြင္ အသီး ရင့္ မွည့္သည္။

အသုံးဝင္ပုံ

အျမစ္ ၊ အ႐ြက္ ။

အာနိသင္

ျမန္မာ ေဆးက်မ္း မ်ား အလိုအရ ေလာက္ေသ ပင္ သည္ ေလ ၊ သလိပ္ သည္းေျခကို ႏိုင္၏ ။ အသက္ကို ရွည္ေစ ၏ ။ ကာမကို အားေပး ၏ ။ ေရာဂါ ျဖစ္ေစေသာ ပိုး မ်ား ကို ပယ္တတ္ ၏ ။ အဆီကို တိုးပြား ေစ ၏ ။ အူတို႔ ကို တြန႔္ရႈံ႕ ေစတတ္ ၏ ။ အဖ်ား ေရာဂါ ၊ အဖ်ား ေရာဂါ ေၾကာင့္ ျဖစ္ေသာ စိတ္မသက္သာ မႈ ၊ ေလေရာဂါ၊ ျမင္းသ႐ိုက္ ၊ ေဖာေရာင္ျခင္း ၊ပန္းနာ ေခ်ာင္းဆိုး ၊ ေရငတ္ႏွင့္ အန္ျခင္း တို႔ကို ေပ်ာက္ေစႏိုင္ သည္။

အျမစ္အသုံးျပဳပုံ

၁။ ဆီးတြင္ ေသြးပါေသာ ေရာဂါ အတြက္ အျမစ္ကို င႐ုတ္ေကာင္း အနည္းငယ္ ထည့္က်ိဳၿပီး ဆီးႁပြန္ ေခ်ာင္းမွ ၎ ျပဳတ္ေဆး ကို ဖန္ႁပြန္ ပိုက္ စသည္ျဖင့္ သြင္းေပး ေသာ္ ေပ်ာက္၏။

အ႐ြက္အသုံးျပဳပုံ

၁။ အ႐ြက္ မႏုမရင့္ ကို ျပဳတ္၍ သုပ္စား ျခင္း ၊ တို႔စား ျခင္း ျဖင့္ ဝမ္းကိုက္ ေရာဂါ ၊ ဝမ္းေဖာ ဝမ္းေရာင္ ေရာဂါ ၊ ကေလးမ်ား သန္ဝမ္းကိုက္ ျခင္း၊ ရင္ျပည့္ရင္ကယ္ ျဖစ္ ျခင္း ေပ်ာက္၏ ။

၂။ အ႐ြက္ကို လက္ဖက္ ေျခာက္ ကဲ့သို႔ ေသာက္သုံး ေသာ္ ဆီးပူ ဆီးေအာင့္ ေရာဂါ ႏွင့္ အေရျပား ေရာဂါ ေပ်ာက္၏။

၃။ ၎အ႐ြက္ ကို အျခားေသာ ေဆးပင္ တို႔ႏွင့္ ေပါင္းစပ္၍ ဆီး႐ႊင္ ေဆးအျဖစ္ ေဖာ္စပ္ သုံးႏိုင္သည္။

၄။ ေလာက္ေသ႐ြက္ ႏွင့္ ထားဝယ္ မႈိင္း ႐ြက္ ကို ေရေႏြး ေျဖာ ၍ သုပ္စား ေသာ္ ဆီးပူ ၊ ဆီးေအာင့္ ၊ ဝမ္းကိုက္ ၊ ေသြးဝမ္းသြား ၊ ေသြးျမင္း သ႐ိုက္ ၊ မီးယပ္ ေသြးလြန္ တို႔ကို ရပ္တန႔္ ေစသည္။

၅။ ေလာက္ေသ ႐ြက္ေျခာက္ ၊ ဖလံ ေတာင္ ေဝွး ႐ြက္ေျခာက္ တို႔ကို ဆတူ အမႈန႔္ ျပဳ ၍ အုန္းဆီ ႏွင့္ ေဖ်ာ္ စပ္ၿပီး ေနပူပူ တြင္ လွန္း၍ အေပၚ ဆီအၾကည္ကို နားတြင္း သို႔ အစက္ခ် ျခင္း၊ ၾကက္ေတာင္ႏွင့္ ၾကပ္ေပးျခင္း ျပဳလုပ္ပါက နားျပည္ယို ၊ နားကိုက္ ေရာဂါ မ်ား ေပ်ာက္ရန္ နားတြင္း ရွိ ပိုးမ်ားကို ေသေစသည္။ လိမ္းေဆး အျဖစ္ သုံးပါက ဝဲနာ၊ အနာစက္နာ ၊ အနာမီးလွ်ံ ၊ အိုင္းနာ ၊ ဒက္နာမ်ား ေပ်ာက္၏။

၆။ ေလာက္ေသ႐ြက္ ၊ စံကားစိမ္း ပြင့္ေျခာက္ တို႔ကို ႏွမ္းဆီ စစ္စစ္ႏွင့္ စိမ္ၿပီး ေခါင္းလိမ္းဆီ အျဖစ္ သုံးပါက ေခါင္းကိုက္ ၊ ေခါင္းပူ ၊ ေဗာက္ထျခင္း ၊ ယားျခင္း ၊ သန္းေပါျခင္း မ်ား ေပ်ာက္၍ ဦးေႏွာက္ ကို ၾကည္လင္ ေစသည္။

၇။ ေလာက္ေသ႐ြက္ ႏွင့္ ေဆာက္ျပာ႐ြက္ ၂ မ်ိဳးကို ျပဳတ္၍ ေရေႏြးေႏြး ျဖင့္ မီးဖြား ၿပီး ေနာက္ မိခင္ ကို လည္းေကာင္း၊ ကေလးကို လည္းေကာင္း ခ်ိဳးေပးပါက က်ဗဟုံး ေရာဂါ ၊ ေမြးကတည္း က ပါလာတတ္ေသာ သူငယ္နာ မ်ိဳးစုံ ၊ အေၾကာတက္ ၊ အေၾကာကပ္ ေရာဂါႏွင့္ မိဘကိုယ္မွ ကူးစက္တတ္ ေသာ ေရာဂါ မ်ားကို ကာကြယ္ႏိုင္၏။

၈။ ေလာက္ေသ႐ြက္ ကို ကိုယ္ပူ ခြၽဲထ ၊ အေညႇာ္ဝင္ ၊ ေခ်ာင္းဆိုး ႏွာေစး ၊ ႏွာပိတ္ ေရာဂါ အတြက္ လည္း ေဆးေဖာ္ စပ္သုံးႏိုင္ ၏ ။

၉။ ေလာက္ေသ႐ြက္ ၊ ေရခရာ ႐ြက္ ၊ နႏြင္း ႐ိုး႐ိုး အ႐ြက္ ဆတူ အကြၽမ္း ေလွာ္၍ ႏွမ္းဆီတြင္ ေဖ်ာ္ လိမ္းပါက ကေလးမ်ား ခ်က္ႀကိဳး ခ်က္တိုင္ ကိုက္ျခင္း ေပ်ာက္၍ ခ်က္ႀကိဳး ေႂကြလြယ္၏ ။ ႏို႔ေခ်ာင္း ပိတ္ ၊ ႏို႔နာ ၊ ႏို႔ပ်ဥ္းထ ေသာ မိခင္ မ်ားကို လိမ္းေပးက လ်င္ျမန္စြာ သက္သာ ေပ်ာက္ကင္း ေစ၏။

၁၀။ ကေလးမ်ား အနာစက္ ၊ ဝဲစို ၊ အိုင္းနာ ကို ေလာက္ေသ႐ြက္ အကြၽမ္းေလွာ္၍ ေရနံႀကီး စစ္ စစ္ ႏွင့္ လူးလွ်င္ ေပ်ာက္၏ ။

၁၁။ ကြၽဲ ႏြား မ်ား အနာေပါက္၍ ေလာက္ေကာင္ မ်ားက်ျခင္း ၊ ငပိအိုး တြင္ ေလာက္ေကာင္မ်ား က်ျခင္း အတြက္ ၎ ေလာက္ေသ႐ြက္ ကို ေထာင္း၍ အမႈန႔္ျဖဴး ေပးေသာ္ ေလာက္မ်ား ေသေၾက ပ်က္စီး ၿပီး အနာမ်ား ကို လည္း အသားႏု တက္၍ က်က္ေစ၏။

၁၂။ စအို ေမွ်ာ့ ဝင္ကာ ေရာဂါ အတြက္ ေလာက္ေသ႐ြက္ ၊ ႂကြက္နား ေပါင္း႐ြက္၊ ၾကက္ေမြး(ၾကက္ေတာင္ မွ အေမြး) ၎ ၃ ပါး ဆတူ စု၍ ျပဳတ္ၿပီး အေငြ႕ကို ေခြၽးေအာင္း သကဲ့သို႔ အိုးေပၚတြင္ ထိုင္ၿပီး အခိုး အေငြ႕ မ်ား အျခား သို႔ မထြက္ ႏိုင္ရန္ ခါးေအာက္ပိုင္း ႏွင့္ အိုးကို ပါ အဝတ္ထူ ထူ ရစ္ပတ္၍ အေငြ႕ မႈိင္း ခံပါက ေမွ်ာ့မ်ား အေကာင္ လိုက္ေသာ္ လည္းေကာင္း၊ ေၾကျပဳတ္၍ ေသာ္လည္းေကာင္း က်လာေစ ၏ ။ ေလာက္ေသ႐ြက္ ႏွင့္ ႂကြက္နားေပါင္း ဆတူျပဳတ္ ၍ လက္ဖက္ရည္ ၾကမ္းပန္းကန္လုံး ႏွင့္လည္း ခပ္ပူပူ ေသာက္ေပးရ ၏။

သုတေမာင္ မွ ကူးယူေဖၚျပပါသည္။

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာ့ဆေးဖက်ဝင် လောက်သေပင်

Item Name —— Desmodium triquetrum DC(လောက်သေပင်)

Category ——— Raw Material

Botany Term —– Desmodium triquetrum DC

Species Family — Papilionaceae.

မြန်မာ နိုင်ငံ အောက်ပိုင်း စွတ်စို သော ဒေသ များ ၌ ပေါက်၏။သဘာ၀ အလျောက် ပေါက်ရောက်သည်။

အပင်

ပင်ပျော့ ပင်ငယ် သက်ပြင်း မျိုး ဖြစ်သည်။ မှီတွယ် ရာမရှိ သော နေရာများ ၌ မြေပေါ်တွင် ဖြန့်တွား ပေါက်၏ ။ အမြင့် ၅-၆ ပေခန့် မြင့်၏။ ပင်စည် သေးသွယ် ပြီး မွဲခြောက်ခြောက် ရောင်ရှိသည်။ အကိုင်း အခက် များ အညိုရောင် ရှိသည်။

အရွက်

ရွက် လွဲ ထွက်၏။ အလျား ၆ လက်မ ၊ အနံ ၂ လက်မ ခန့် ရှိ၏။ ရွက်ထိပ် ချွန်၏ ။ အပေါ် မျက်နှာ ပြင်တွင် သေးငယ်သော ဆူးကလေးများ ရှိသည်။ ရွက်ညှာအတောင် ပါသည်။ ရွက်ညှာရင်းနားတွင် ရွက်စွယ်အဖတ်လေးများ ရှိ၏ ။

အပွင့်

အလွန်သေး ငယ် ၏။ နီရောင် သမ်းသော အညိုရောင် သို့မဟုတ် မရန်းရောင် ရှိ၏။ နတ်တော်၊ ပြာသိုလ များ တွင် ပွင့် ၏။

အသီး

သီးတောင့် ဖြစ်သည်။ ၁ လက်မမျှ ရှည်၍ ပြား၏ ။ ၁ လက်မ မျှ ရှည်၍ ပြား၏။အဆစ် ၆-၈ ထိရှိ ပြီး ပြောင်ချော ၏ ။ သို့မဟုတ် အမွေးနု များ ရှိသည်။ တပေါင်း ၊ တန်ခူး လများ တွင် အသီး ရင့် မှည့်သည်။

အသုံးဝင်ပုံ

အမြစ် ၊ အရွက် ။

အာနိသင်

မြန်မာ ဆေးကျမ်း များ အလိုအရ လောက်သေ ပင် သည် လေ ၊ သလိပ် သည်းခြေကို နိုင်၏ ။ အသက်ကို ရှည်စေ ၏ ။ ကာမကို အားပေး ၏ ။ ရောဂါ ဖြစ်စေသော ပိုး များ ကို ပယ်တတ် ၏ ။ အဆီကို တိုးပွား စေ ၏ ။ အူတို့ ကို တွန့်ရှုံ့ စေတတ် ၏ ။ အဖျား ရောဂါ ၊ အဖျား ရောဂါ ကြောင့် ဖြစ်သော စိတ်မသက်သာ မှု ၊ လေရောဂါ၊ မြင်းသရိုက် ၊ ဖောရောင်ခြင်း ၊ပန်းနာ ချောင်းဆိုး ၊ ရေငတ်နှင့် အန်ခြင်း တို့ကို ပျောက်စေနိုင် သည်။

အမြစ်အသုံးပြုပုံ

၁။ ဆီးတွင် သွေးပါသော ရောဂါ အတွက် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။

အရွက်အသုံးပြုပုံ

၁။ အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း ၊ တို့စား ခြင်း ဖြင့် ဝမ်းကိုက် ရောဂါ ၊ ဝမ်းဖော ဝမ်းရောင် ရောဂါ ၊ ကလေးများ သန်ဝမ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ် ခြင်း ပျောက်၏ ။

၂။ အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံး သော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြား ရောဂါ ပျောက်၏။

၃။ ၎င်းအရွက် ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ ဆီးရွှင် ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည်။

၄။ လောက်သေရွက် နှင့် ထားဝယ် မှိုင်း ရွက် ကို ရေနွေး ဖြော ၍ သုပ်စား သော် ဆီးပူ ၊ ဆီးအောင့် ၊ ဝမ်းကိုက် ၊ သွေးဝမ်းသွား ၊ သွေးမြင်း သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။

၅။ လောက်သေ ရွက်ခြောက် ၊ ဖလံ တောင် ဝှေး ရွက်ခြောက် တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီး နေပူပူ တွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို ၊ နားကိုက် ရောဂါ များ ပျောက်ရန် နားတွင်း ရှိ ပိုးများကို သေစေသည်။ လိမ်းဆေး အဖြစ် သုံးပါက ဝဲနာ၊ အနာစက်နာ ၊ အနာမီးလျှံ ၊ အိုင်းနာ ၊ ဒက်နာများ ပျောက်၏။

၆။ လောက်သေရွက် ၊ စံကားစိမ်း ပွင့်ခြောက် တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီ အဖြစ် သုံးပါက ခေါင်းကိုက် ၊ ခေါင်းပူ ၊ ဗောက်ထခြင်း ၊ ယားခြင်း ၊ သန်းပေါခြင်း များ ပျောက်၍ ဦးနှောက် ကို ကြည်လင် စေသည်။

၇။ လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီး နောက် မိခင် ကို လည်းကောင်း၊ ကလေးကို လည်းကောင်း ချိုးပေးပါက ကျဗဟုံး ရောဂါ ၊ မွေးကတည်း က ပါလာတတ်သော သူငယ်နာ မျိုးစုံ ၊ အကြောတက် ၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ် သော ရောဂါ များကို ကာကွယ်နိုင်၏။

၈။ လောက်သေရွက် ကို ကိုယ်ပူ ချွဲထ ၊ အညှော်ဝင် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါ အတွက် လည်း ဆေးဖော် စပ်သုံးနိုင် ၏ ။

၉။ လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော် လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်း ပိတ် ၊ နို့နာ ၊ နို့ပျဉ်းထ သော မိခင် များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏။

၁၀။ ကလေးများ အနာစက် ၊ ဝဲစို ၊ အိုင်းနာ ကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ် စစ် နှင့် လူးလျှင် ပျောက်၏ ။

၁၁။ ကျွဲ နွား များ အနာပေါက်၍ လောက်ကောင် များကျခြင်း ၊ ငပိအိုး တွင် လောက်ကောင်များ ကျခြင်း အတွက် ၎င်း လောက်သေရွက် ကို ထောင်း၍ အမှုန့်ဖြူး ပေးသော် လောက်များ သေကြေ ပျက်စီး ပြီး အနာများ ကို လည်း အသားနု တက်၍ ကျက်စေ၏။

၁၂။ စအို မျှော့ ဝင်ကာ ရောဂါ အတွက် လောက်သေရွက် ၊ ကြွက်နား ပေါင်းရွက်၊ ကြက်မွေး(ကြက်တောင် မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို ချွေးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုး အငွေ့ များ အခြား သို့ မထွက် နိုင်ရန် ခါးအောက်ပိုင်း နှင့် အိုးကို ပါ အဝတ်ထူ ထူ ရစ်ပတ်၍ အငွေ့ မှိုင်း ခံပါက မျှော့များ အကောင် လိုက်သော် လည်းကောင်း၊ ကြေပြုတ်၍ သော်လည်းကောင်း ကျလာစေ ၏ ။ လောက်သေရွက် နှင့် ကြွက်နားပေါင်း ဆတူပြုတ် ၍ လက်ဖက်ရည် ကြမ်းပန်းကန်လုံး နှင့်လည်း ခပ်ပူပူ သောက်ပေးရ ၏။

သုတမောင် မှ ကူးယူဖေါ်ပြပါသည်။