အသက် (၃၉) နှစ်အရွယ်ရောက်မှ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်လို ဂရုစိုက်ကြင်နာမှုတွေရရှိနေကြောင်း ပြောပြလာတဲ့ မယ်လိုဒီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Melody Myo’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

အသက် (၃၉) နှစ်အရွယ်ရောက်မှ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်လို ဂရုစိုက်ကြင်နာမှုတွေရရှိနေကြောင်း ပြောပြလာတဲ့ မယ်လိုဒီ

ကြည်လင်တောက်ပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော အကယ်ဒမီ မယ်လိုဒီကတော့ ငယ်စဉ်မော်ဒယ်လ်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မယ်လိုဒီက ပြီးခဲ့တဲ့လပိုင်းကတော့ သူမရဲ့ အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းခဲ့ပြီလို့ ပရိသတ်တွေကို အသိပေးထားခဲ့ပြီး လက်ရှိမှာ သားလေးသိဒ္ဓိစစ်ကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ မယ်လိုဒီကတော့ အိမ်ထောင်ကွဲတစ်ယောက်ဖြစ်သွားပေမယ့်လည်း သူမကိုချစ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်း၊ မိသားစုတွေကြောင့် လက်ရှိဘဝလေးမှာ အေးချမ်းစွာရှိနေပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် (၃၉) နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ မယ်လိုဒီကတော့ သူမကိုချစ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ လက်ဆောင်တွေကို နေ့စဉ်နဲ့အမျှ လက်ခံရရှိနေတာပဲ ဖြစ်ပါတယ်။ မယ်လိုဒီကတော့ သူမကိုချစ်ကြတဲ့ မိတ်ဆွေတွေရဲ့မေတ္တာကြောင့် “အဲ့လောက်ကြင်နာ ဂရုစိုက်ခံရတာ အခု ၃၉ နှစ်ထဲမှာမို့ ငယ်ငယ်တုန်းကဆို ပျော်ပြီး အသက်ရှုရပ်သွားနိုင်တယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

မယ်လိုဒီကတော့ အေးမြတဲ့ (၅၂၈) မေတ္တာတွေကြောင့် နေ့ရက်တိုင်းမှာ ပီတိဖြစ်ဝမ်းသာနေရတာပဲ ဖြစ်ပါတယ်။ မယ်လိုဒီတစ်ယောက် အမြဲအစဉ်ထာဝရ အခုလိုပဲ အေးချမ်းပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Melody Myo’s fb
Bilie – Cele Connections