သဇင်ထူးမြင့်ကတောင် သဘောကျလွန်းလို့ အပြင်မှာဗီဒီယိုအတူတူရိုက်ဖို့ တောင်းဆိုခဲ့ရတဲ့ မေလသံစဉ်ရဲ့ Tik Tok စွမ်းရည်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ခ်စ္စရာေကာင္းတဲ့ မိန္းကေလး ေမလသံစဥ္ကေတာ့ ျပန္ဆိုေတးသီခ်င္းေတြကို သီဆိုရင္း နာမည္ၾကီးလာခဲ့သူေလး ျဖစ္ပါတယ္။ ေက်ာင္းစာတစ္ဖက္နဲ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္ခဲ့တဲ့ ေမလသံစဥ္က တကၠသိုလ္ဝင္တန္း စာေမးပြဲကို နွစ္ခ်င္းေပါက္ ေအာင္ျမင္ျပီးခ်ိန္မွာေတာ့ အနုပညာအလုပ္ေတြကို အရင္ကထက္ ပိုျပီး အာရံုစိုက္ လုပ္ကိုင္လာတာကို ေတြ့ရပါတယ္။ အသက္ငယ္ေပမယ့္ အနုပညာပါရမီပါလြန္းတဲ့ ေမလသံစဥ္ကေတာ့ သီခ်င္းေတြကို ကိုယ္တိုင္သီဆိုျပီး ကိုယ္တိုင္ေရးတဲ့အထိ ထူးခြ်န္လြန္းသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။

သီခ်င္းဆိုေကာင္းသလို ခ်စ္စရာေကာင္းတဲ့ ဟန္ပန္အမူအယာေလးေတြေၾကာင့္ ပရိသတ္ေတြ ခ်စ္ရတဲ့ ေမလသံစဥ္က ဒီကေန့မွာေတာ့ ထူးထူးျခားျခားအေနနဲ့ သဇင္ထူးျမင့္ရဲ့ Tik Tok ဗီဒီယိုေလးကို Duet ျပဳလုပ္ျပီး သူမရဲ့ ေဖ့စ္ဘုတ္ My Day မွာ မွ်ေဝေပးလာပါတယ္။ ေမလသံစဥ္ရဲ့ Tik Tok ဗီဒီယိုေလးက ခ်စ္စရာေကာင္းျပီး သရုပ္ပါလြန္းတာေၾကာင့္ သဇင္ထူးျမင့္ကေတာင္ သေဘာက်ခဲ့ရျပီး အျပင္မွာ Tik Tok အတူတူရိုက္ဖို့ ေတာင္းဆိုခဲ့တာကို ေတြ့ရပါတယ္။

ေမလသံစဥ္နဲ့ သဇင္ထူးျမင့္ကေတာ့ အနုပညာလႈပ္ရွားမႈေတြ အတူတူ လုပ္ကိုင္တာမ်ိဳးမရိွေသးေပမယ့္ ပြဲအခမ္းအနားေတြမွာေတာ့ ဆံုေတြ့ဖူးၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သဇင္ထူးျမင့္နဲ့ ေမလသံစဥ္တို့ရဲ့ Tik Tok ဗီဒီယိုေလးကို သေဘာက် ၾကိဳက္နွစ္သက္ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: May La Thansin’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

သဇင်ထူးမြင့်ကတောင် သဘောကျလွန်းလို့ အပြင်မှာဗီဒီယိုအတူတူရိုက်ဖို့ တောင်းဆိုခဲ့ရတဲ့ မေလသံစဉ်ရဲ့ Tik Tok စွမ်းရည်

ချစ်စရာကောင်းတဲ့ မိန်းကလေး မေလသံစဉ်ကတော့ ပြန်ဆိုတေးသီချင်းတွေကို သီဆိုရင်း နာမည်ကြီးလာခဲ့သူလေး ဖြစ်ပါတယ်။ ကျောင်းစာတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ မေလသံစဉ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်ပြီးချိန်မှာတော့ အနုပညာအလုပ်တွေကို အရင်ကထက် ပိုပြီး အာရုံစိုက် လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ အသက်ငယ်ပေမယ့် အနုပညာပါရမီပါလွန်းတဲ့ မေလသံစဉ်ကတော့ သီချင်းတွေကို ကိုယ်တိုင်သီဆိုပြီး ကိုယ်တိုင်ရေးတဲ့အထိ ထူးချွန်လွန်းသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

သီချင်းဆိုကောင်းသလို ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအယာလေးတွေကြောင့် ပရိသတ်တွေ ချစ်ရတဲ့ မေလသံစဉ်က ဒီကနေ့မှာတော့ ထူးထူးခြားခြားအနေနဲ့ သဇင်ထူးမြင့်ရဲ့ Tik Tok ဗီဒီယိုလေးကို Duet ပြုလုပ်ပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ မျှဝေပေးလာပါတယ်။ မေလသံစဉ်ရဲ့ Tik Tok ဗီဒီယိုလေးက ချစ်စရာကောင်းပြီး သရုပ်ပါလွန်းတာကြောင့် သဇင်ထူးမြင့်ကတောင် သဘောကျခဲ့ရပြီး အပြင်မှာ Tik Tok အတူတူရိုက်ဖို့ တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။

မေလသံစဉ်နဲ့ သဇင်ထူးမြင့်ကတော့ အနုပညာလှုပ်ရှားမှုတွေ အတူတူ လုပ်ကိုင်တာမျိုးမရှိသေးပေမယ့် ပွဲအခမ်းအနားတွေမှာတော့ ဆုံတွေ့ဖူးကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဇင်ထူးမြင့်နဲ့ မေလသံစဉ်တို့ရဲ့ Tik Tok ဗီဒီယိုလေးကို သဘောကျ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: May La Thansin’s fb
Bilie – Cele Connections