အနုပညာအလုပ်တွေမလုပ်ပဲ ဆရာဝန်တစ်ယောက်သာ ဆက်လုပ်ဖြစ်ခဲ့ရင် လက်ရှိဖြစ်နေမယ့်သူမရဲ့အခြေအနေကို မြင်ယောင်ကြည့်မိခဲ့တဲ့ ချစ်သုဝေ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ေတြ ခ်စ္ၾကတဲ့ နုိင္ငံေက်ာ္ သရုပ္ေဆာင္နဲ့ အဆုိေတာ္ျဖစ္သူ ခ်စ္သုေဝက ဆရာဝန္တစ္ဦးျဖစ္ေပမယ့္ သူမခ်စ္တဲ့ အနုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနသူ တစ္ဦးပါ။ ခ်စ္သုေဝက လက္ရိွမွာေတာ့ သူမရဲ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးနွစ္ေယာက္ကို ထိန္းေက်ာင္းရင္းနဲ့ အနုပညာလုပ္ငန္းေတြ၊ ပရဟိတအလုပ္ေတြကို တြဲဖက္ လုပ္ကိုင္ေနလ်က္ရိွပါတယ္။ ဆရာဝန္တစ္ေယာက္ျဖစ္တဲ့ ခ်စ္သုေဝက တရားဝင္ေဆးကုသခြင့္လက္မွတ္ ကိုင္ေဆာင္ခြင့္မရိွေပမယ့္ သူမရဲ့ ငယ္သူငယ္ခ်င္း ဆရာဝန္ေတြကို လိုအပ္တဲ့ ေဆးဝါးပစၥည္းကအစ ေထာက္ပံ့ေပးေနခဲ့တာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ခ်စ္သုေဝက သူမသာ ဆရာဝန္တစ္ေယာက္သာ ဆက္လုပ္ျဖစ္ခဲ့ရင္ဆိုျပီး လက္ရိွသူမရဲ့အေျခအေနကို ျမင္ေယာင္ၾကည့္မိခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “ဒီေန႔ NOGH ရဲ႕ emergency ဌာနကို emergency bed trolley ေတြလႉဖို႔သြားရင္း house surgeonဘဝကိုသတိအေတာ္ရမိတယ္..သူငယ္ခ်င္းေတြေရာပဲ။ ေၾသာ္ ငါသာ ဆရာဝန္ဆက္လုပ္ျဖစ္ရင္ ခုခ်ိန္ အရမ္းတက္ႂကြေနတဲ့ ဆရာဝန္မတစ္ေယာက္ျဖစ္ေနမွာပဲလို႔လည္းေတြးမိတယ္။

မစည္ကားအပ္တဲ့ေနရာမွာ လူနာေတြအေတာ္မ်ား ဆရာဝန္ေတြမနားရ…ဒီၾကားထဲ ကိုယ့္ကို ‘ မေၾကာက္နဲ႔ေနာ္ လာ ဝင္ခဲ့တို႔ လိုက္ၾကည့္ပါ ‘ တို႔ေျပာရင္ အေတာ္ကို အားတုံ႔အားနာျဖစ္ရတယ္။ ကိုယ္က ခဏလာတာေလ။ ရွိေနတဲ့ဆရာဝန္ေတြအားလုံးေနမနားညမအား လုပ္ေနၾကရတာကိုေလ…”စည္းကမ္းရွိစြာကူညီေပးလိုက္ၾကပါေနာ္” အရမ္းပင္ပမ္းေနေပမယ့္ မပင္ပမ္းသလို မေမာတမ္းမပမ္းတမ္းလုပ္ေနၾကရတာမို႔ပါ” ဆိုျပီး ဆရာဝန္ေတြကို အနီးကပ္ျမင္ခြင့္ရတဲ့ အေၾကာင္းကိုလည္း ေျပာျပလာပါတယ္။

ခ်စ္သုေဝကေတာ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္ဖို့ ဆရာဝန္ဆိုတဲ့ လမ္းေၾကာင္းကို စြန့္လႊတ္ခဲ့ရေပမယ့္ သူမရဲ့ အေသြးအသားကေတာ့ လူနာေတြကို ကူညီေစာင့္ေရွာက္ဖို့ အျမဲတမ္း ဆႏၵရိွေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Chit Thu Wai’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေ၊ ပရဟိတအလုပ်တွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေက တရားဝင်ဆေးကုသခွင့်လက်မှတ် ကိုင်ဆောင်ခွင့်မရှိပေမယ့် သူမရဲ့ ငယ်သူငယ်ချင်း ဆရာဝန်တွေကို လိုအပ်တဲ့ ဆေးဝါးပစ္စည်းကအစ ထောက်ပံ့ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချစ်သုဝေက သူမသာ ဆရာဝန်တစ်ယောက်သာ ဆက်လုပ်ဖြစ်ခဲ့ရင်ဆိုပြီး လက်ရှိသူမရဲ့အခြေအနေကို မြင်ယောင်ကြည့်မိခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “ဒီနေ့ NOGH ရဲ့ emergency ဌာနကို emergency bed trolley တွေလှူဖို့သွားရင်း house surgeonဘဝကိုသတိအတော်ရမိတယ်..သူငယ်ချင်းတွေရောပဲ။ သြော် ငါသာ ဆရာဝန်ဆက်လုပ်ဖြစ်ရင် ခုချိန် အရမ်းတက်ကြွနေတဲ့ ဆရာဝန်မတစ်ယောက်ဖြစ်နေမှာပဲလို့လည်းတွေးမိတယ်။

မစည်ကားအပ်တဲ့နေရာမှာ လူနာတွေအတော်များ ဆရာဝန်တွေမနားရ…ဒီကြားထဲ ကိုယ့်ကို ‘ မကြောက်နဲ့နော် လာ ဝင်ခဲ့တို့ လိုက်ကြည့်ပါ ‘ တို့ပြောရင် အတော်ကို အားတုံ့အားနာဖြစ်ရတယ်။ ကိုယ်က ခဏလာတာလေ။ ရှိနေတဲ့ဆရာဝန်တွေအားလုံးနေမနားညမအား လုပ်နေကြရတာကိုလေ…”စည်းကမ်းရှိစွာကူညီပေးလိုက်ကြပါနော်” အရမ်းပင်ပမ်းနေပေမယ့် မပင်ပမ်းသလို မမောတမ်းမပမ်းတမ်းလုပ်နေကြရတာမို့ပါ” ဆိုပြီး ဆရာဝန်တွေကို အနီးကပ်မြင်ခွင့်ရတဲ့ အကြောင်းကိုလည်း ပြောပြလာပါတယ်။

ချစ်သုဝေကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့ ဆရာဝန်ဆိုတဲ့ လမ်းကြောင်းကို စွန့်လွှတ်ခဲ့ရပေမယ့် သူမရဲ့ အသွေးအသားကတော့ လူနာတွေကို ကူညီစောင့်ရှောက်ဖို့ အမြဲတမ်း ဆန္ဒရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai’s fb
Bilie – Cele Connections