သင့်ကျန်းမာရေးအတွက် ဘက်စုံ အကျိုးပြုတဲ့ သစ်ဆိမ့်ပင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သစ္ဆိမ့္ပင္

ျမန္မာ့ေဆးဖက္ဝင္ သစ္ဆိမ့္္ပင္

by ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား

Item Name ——— Bastard myrobalan (သစ္ဆိမ့္္ပင္)

Category ———— Raw Material

Botany Term ——– Terminalia belerica Roxb

Species Family —– Combretaceae

ေနရာေဒသ အႏွံ႔အျပား ၌ ေတြ႕ရသည္။သဘာ၀ ေပါက္ပင္ ျဖစ္သည္။

အပင္

ပင္ေစာက္ ပင္ႀကီး မ်ိဳး ျဖစ္သည္။ ပင္စည္ အလြန္ေျဖာင့္ မတ္ၿပီး ၆၀-၇၀ ေပထိျမင့္ သည္။ အေပြး အညိဳႏုေရာင္ ရွိ၍

ေခ်ာသည္။ ဗာဒံပင္ ကဲ့သို႔ ကိုင္းျဖာထြက္ ၿပီး အပင္မွ ထေနာင္း ကဲ့သို႔ အေစးမ်ား ထြက္သည္။ အၫြန႔္မ်ား သည္ သံေခ်း

ေရာင္ အေမြးမ်ား ျဖင့္ ဖုံးအုပ္ လ်က္ရွိ၏။

အ႐ြက္

ကိုင္းထိပ္ဘက္၌ စုၿပဳံ၍ ႐ြက္လႊဲ ထြက္၏ ။အလ်ား ၃-၈ လက္မ ထိရွည္သည္။ ႐ြက္ထိပ္ အနည္းငယ္ ခြၽန္ၿပီး ႐ြက္ရင္း

သြယ္ သည္။ မ်ားေသာ အားျဖင့္ အ႐ြက္အေပၚ ပိုင္း တစ္ဝက္ က်ယ္ ၏ ။ ႐ြက္ညႇာ ၂ လက္မ ထိ ရွည္သည္။

အပြင့္

မန္က်ည္း ပြင့္ႏွင့္ တူသည္။ ေသးငယ္ၿပီး အျဖဴေရာင္ ရွိသည္။တပို႔တြဲ ၊ တေပါင္းလတြင္ ပြင့္၏ ။အနံ႔ဆိုး ဝါးသည္။

အသီး

လုံးဝိုင္းသည္။ အခ်င္း ၁ လက္မမွ် ရွိ၏။ အသား ထူသည္။ မြဲျပာေရာင္ ကတၱီပါ ေမြးမ်ား ျဖင့္ ဖုံးလႊမ္း ေနသည္။ အသီး

တြင္း၌ ဗာဒံ ကဲ့သို႔ အဆံ ရွိ၏ ။ တန္ေဆာင္မုန္း၊ နတ္ေတာ္ လတြင္ အသီး ရင့္မွည့္သည္။

► အသုံးဝင္ပုံ

အပြင့္ ၊ အေခါက္ ၊ အသီး ၊ အဆံ။

အာနိသင္

ျမန္မာ ေဆးက်မ္းမ်ား အလိုအရ သစ္ဆိမ့္သည္ ခါး ၏ ၊ စပ္၏ ၊ ဖန္၏ ၊ ဝမ္းသက္၏ ၊မ်က္စိကို အက်ိဳးျပဳ၏ ၊ ဆံပင္

ကို တိုးပြား သန္မာေစ၏ ၊ အသံပ်က္ျခင္း ၊ ေသြးေဖာက္ျပန္ ျခင္း၊ လည္ေခ်ာင္းနာ ၊ မ်က္စိေရာဂါ ၊ ေခ်ာင္းဆိုး ေရာဂါ ၊

ႏွလုံးေရာဂါ တို႔ကို ကင္းေဝးေစ ၏ ၊ လြန္စြာ စားလွ်င္ မူးယစ္ေအာ့အန္ တတ္၏။

► အပြင့္အသုံးျပဳပုံ

၁။ သစ္ဆိမ့္ပြင့္ကို ျပဳတ္ေသာက္ပါက သရက္႐ြက္ ႀကီးေသာ ေရာဂါ ၊ ဝမ္းသြားလြန္ျခင္း ၊ ရင္ဘတ္နာ ျခင္း ၊ သလိပ္ပူထ

ျခင္းမ်ား ေပ်ာက္၏ ။

► အေခါက္အသုံးျပဳပုံ

၁။ သစ္ဆိမ့္ေခါက္ ကို ေသြးလိမ္းေသာ္ ခ႐ုသင္း ေပ်ာက္၏ ။ ေသြးေသာက္ ေသာ္ ေသြး အားနည္း ေရာဂါ ေပ်ာက္၏ ။

၂။ အျမစ္ေခါက္ ကို ျပဳတ္၍ ငုံေပးေသာ္ သြားနာ၊ သြားကိုက္ ၊ သြားဖုံးေရာင္ ျခင္း ေပ်ာက္၏။

► အသီးအသုံးျပဳပုံ

၁။ သစ္ဆိမ့္သီး ကို ေသြး၍ မ်က္စိကို ကြင္းေပးေသာ္ မ်က္စိနာ ေပ်ာက္၏ ။

၂။ သစ္ဆိမ့္သီးးခြံ ကိုေသြး၍ ပ်ားရည္ ႏွင့္ လ်က္ေသာ္ ပန္းနာ ၊ ရင္က်ပ္ ၊ ေခ်ာင္းဆိုး ေပ်ာက္၏။

၃။သစ္ဆိမ့္သီးမႈန႔္ ႏွင့္ ႀကံသကာ ဆတူေရာ၍ ေန႔စဥ္ သုံးေဆာင္ ေသာ္ ပန္းေသေရာဂါ ေပ်ာက္၏ ။

၄။ သစ္ဆိမ္သီး ကို အားတိုးေဆး အျဖစ္လည္းေကာင္း ၊ လိပ္ေခါင္း ၊ ဖ်ဥ္းစြဲ နာ ၊ ႏူနာ ၊ ဝမ္းသြားျခင္း၊ ေလထိုး ေလ

ေအာင့္ ျခင္းႏွင့္ ေခါင္းကိုက္ ျခင္း ေရာဂါမ်ား ကုသရာ၌ လည္းေကာင္း အသုံးျပဳ ႏိုင္၏။

► အဆံအသုံးျပဳပုံ

၁။ သစ္ဆိမ့္ဆံ ႏွင့္ အရက္ ေသြးေသာက္ေသာ္ ဆီးေအာင့္ ျခင္းႏွင့္ ေက်ာက္တည္ျခင္း ေပ်ာက္၏ ။

၂။ သစ္ဆိမ့္ဆံ ကို ေသြး၍ ေႏြးေအာင္ ျပဳၿပီး ေရာင္ရမ္း ေသာေနရာ ထိခိုက္မိ၍ ဒဏ္ရာ ရၿပီး နာက်င္ ကိုက္ခဲ ေနေသာ

ေနရာမ်ားတြင္ လိမ္းေပးေသာ္ ေပ်ာက္၏။

Beleric fruits or bahera is a very good herbal medicinal ingredients in the Ayurvedic medicine system

ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား

photo copy from google search

မည္သူမဆိုလြတ္လပ္စြာကူးယူေဖၚျပႏိုင္ပါသည္။

က်န္းမာေရးဗဟုသုတတိုးပြါးေစရန္ Like,share, ,Credit ေပးျခင္းျဖင့္လည္းကူညီႏိုင္ပါသည္။

ျမန္မာေဆးဖက္ဝင္ အပင္မ်ား

သုတေမာင္မွ ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ပါ
★★★★★

သစ်ဆိမ့်ပင်

မြန်မာ့ဆေးဖက်ဝင် သစ်ဆိမ့််ပင်

by မြန်မာ့ဆေးဖက်ဝင်အပင်များ

Item Name ——— Bastard myrobalan (သစ်ဆိမ့််ပင်)

Category ———— Raw Material

Botany Term ——– Terminalia belerica Roxb

Species Family —– Combretaceae

နေရာဒေသ အနှံ့အပြား ၌ တွေ့ရသည်။သဘာ၀ ပေါက်ပင် ဖြစ်သည်။

အပင်

ပင်စောက် ပင်ကြီး မျိုး ဖြစ်သည်။ ပင်စည် အလွန်ဖြောင့် မတ်ပြီး ၆၀-၇၀ ပေထိမြင့် သည်။ အပွေး အညိုနုရောင် ရှိ၍

ချောသည်။ ဗာဒံပင် ကဲ့သို့ ကိုင်းဖြာထွက် ပြီး အပင်မှ ထနောင်း ကဲ့သို့ အစေးများ ထွက်သည်။ အညွန့်များ သည် သံချေး

ရောင် အမွေးများ ဖြင့် ဖုံးအုပ် လျက်ရှိ၏။

အရွက်

ကိုင်းထိပ်ဘက်၌ စုပြုံ၍ ရွက်လွှဲ ထွက်၏ ။အလျား ၃-၈ လက်မ ထိရှည်သည်။ ရွက်ထိပ် အနည်းငယ် ချွန်ပြီး ရွက်ရင်း

သွယ် သည်။ များသော အားဖြင့် အရွက်အပေါ် ပိုင်း တစ်ဝက် ကျယ် ၏ ။ ရွက်ညှာ ၂ လက်မ ထိ ရှည်သည်။

အပွင့်

မန်ကျည်း ပွင့်နှင့် တူသည်။ သေးငယ်ပြီး အဖြူရောင် ရှိသည်။တပို့တွဲ ၊ တပေါင်းလတွင် ပွင့်၏ ။အနံ့ဆိုး ဝါးသည်။

အသီး

လုံးဝိုင်းသည်။ အချင်း ၁ လက်မမျှ ရှိ၏။ အသား ထူသည်။ မွဲပြာရောင် ကတ္တီပါ မွေးများ ဖြင့် ဖုံးလွှမ်း နေသည်။ အသီး

တွင်း၌ ဗာဒံ ကဲ့သို့ အဆံ ရှိ၏ ။ တန်ဆောင်မုန်း၊ နတ်တော် လတွင် အသီး ရင့်မှည့်သည်။

► အသုံးဝင်ပုံ

အပွင့် ၊ အခေါက် ၊ အသီး ၊ အဆံ။

အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ သစ်ဆိမ့်သည် ခါး ၏ ၊ စပ်၏ ၊ ဖန်၏ ၊ ဝမ်းသက်၏ ၊မျက်စိကို အကျိုးပြု၏ ၊ ဆံပင်

ကို တိုးပွား သန်မာစေ၏ ၊ အသံပျက်ခြင်း ၊ သွေးဖောက်ပြန် ခြင်း၊ လည်ချောင်းနာ ၊ မျက်စိရောဂါ ၊ ချောင်းဆိုး ရောဂါ ၊

နှလုံးရောဂါ တို့ကို ကင်းဝေးစေ ၏ ၊ လွန်စွာ စားလျှင် မူးယစ်အော့အန် တတ်၏။

► အပွင့်အသုံးပြုပုံ

၁။ သစ်ဆိမ့်ပွင့်ကို ပြုတ်သောက်ပါက သရက်ရွက် ကြီးသော ရောဂါ ၊ ဝမ်းသွားလွန်ခြင်း ၊ ရင်ဘတ်နာ ခြင်း ၊ သလိပ်ပူထ

ခြင်းများ ပျောက်၏ ။

► အခေါက်အသုံးပြုပုံ

၁။ သစ်ဆိမ့်ခေါက် ကို သွေးလိမ်းသော် ခရုသင်း ပျောက်၏ ။ သွေးသောက် သော် သွေး အားနည်း ရောဂါ ပျောက်၏ ။

၂။ အမြစ်ခေါက် ကို ပြုတ်၍ ငုံပေးသော် သွားနာ၊ သွားကိုက် ၊ သွားဖုံးရောင် ခြင်း ပျောက်၏။

► အသီးအသုံးပြုပုံ

၁။ သစ်ဆိမ့်သီး ကို သွေး၍ မျက်စိကို ကွင်းပေးသော် မျက်စိနာ ပျောက်၏ ။

၂။ သစ်ဆိမ့်သီးးခွံ ကိုသွေး၍ ပျားရည် နှင့် လျက်သော် ပန်းနာ ၊ ရင်ကျပ် ၊ ချောင်းဆိုး ပျောက်၏။

၃။သစ်ဆိမ့်သီးမှုန့် နှင့် ကြံသကာ ဆတူရော၍ နေ့စဉ် သုံးဆောင် သော် ပန်းသေရောဂါ ပျောက်၏ ။

၄။ သစ်ဆိမ်သီး ကို အားတိုးဆေး အဖြစ်လည်းကောင်း ၊ လိပ်ခေါင်း ၊ ဖျဉ်းစွဲ နာ ၊ နူနာ ၊ ဝမ်းသွားခြင်း၊ လေထိုး လေ

အောင့် ခြင်းနှင့် ခေါင်းကိုက် ခြင်း ရောဂါများ ကုသရာ၌ လည်းကောင်း အသုံးပြု နိုင်၏။

► အဆံအသုံးပြုပုံ

၁။ သစ်ဆိမ့်ဆံ နှင့် အရက် သွေးသောက်သော် ဆီးအောင့် ခြင်းနှင့် ကျောက်တည်ခြင်း ပျောက်၏ ။

၂။ သစ်ဆိမ့်ဆံ ကို သွေး၍ နွေးအောင် ပြုပြီး ရောင်ရမ်း သောနေရာ ထိခိုက်မိ၍ ဒဏ်ရာ ရပြီး နာကျင် ကိုက်ခဲ နေသော

နေရာများတွင် လိမ်းပေးသော် ပျောက်၏။

Beleric fruits or bahera is a very good herbal medicinal ingredients in the Ayurvedic medicine system

မြန်မာ့ဆေးဖက်ဝင်အပင်များ

photo copy from google search

မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။

ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။

မြန်မာဆေးဖက်ဝင် အပင်များ

သုတမောင်မှ ကူးယူဖော်ပြပါသည်။