မူးယစ်ဆေးကို အလွန်အကျွံသုံးစွဲခဲ့မိလို့ “မျက်လုံးတွေပါ အများကြီးထိခိုက်ကုန်တယ်၊ စပြီးသုံးစွဲမိတာ အရမ်းနောင်တရတယ်”လို့ဆိုလာတဲ့ သရုပ်ဆောင် ရဲတိုက်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★











Shwe Yaung Myanmar

Unicode ဖြင့်ဖတ်ပါ
★★★★★

မူးယစ်ဆေးကို အလွန်အကျွံသုံးစွဲခဲ့မိလို့ “မျက်လုံးတွေပါ အများကြီးထိခိုက်ကုန်တယ်၊ စပြီးသုံးစွဲမိတာ အရမ်းနောင်တရတယ်”လို့ဆိုလာတဲ့ သရုပ်ဆောင် ရဲတိုက်..

သရုပ်ဆောင် ရဲတိုက်ကတော့ သရုပ်ဆောင်မင်းသားဘဝနဲ့ နှစ်ပေါင်းများစွာ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းနည်းပါးသွားပေမယ့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ယခုထက်တိုင်ရရှိနေသူတစ်ဦးပါ

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ရဲတိုက်က သူ့အနေနဲ့ မူးယစ် ဆေးတွေ သုံးခဲ့လို့ မျက်လုံးကို အများကြီးထိခိုက်သွားခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

“ကျွန်တော်မူးယစ်ဆေးနဲ့ထောင်ကျတယ် နောက်ထောင်ကလွတ်လာတယ် မူးယစ်ဆေးဆက်သုံးနေတယ်ဆိုတဲ့ အသံတွေထွက်တယ် သက်သေတွေထွက်တယ် မူးယစ်ဆေးသုံးနေချိန်မှာ ကျွန်တော်လွှင့်တဲ့ Live တွေလည်း တအားပျံ့နှံ့သွားခဲ့တယ်

အဲ့ Live က Share တွေလည်းတအားများတယ် ဘာလို့ အဲ့လောက်ရှဲကျလဲ ကျွန်တော်တော့မသိဘူး ကျွန်တော် Share ပေးပါလို့ပြောတဲ့ Live တွေက အဲ့လောက်မရဘူး အဲ့ဒီတစ်ခုကတော့ တော်တော်ပျံ့သွားတယ်

ကျွန်တော့ကို အားပေးတဲ့ ပရိသတ်တွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ကုန်တယ် စိတ်ဆိုးကုန်ကြတယ် စိတ်ညစ်ကုန်ကြတယ် ကျွန်တော့ကို သူတို့က ကျန်းမာရေးမကောင်းတော့ဘူး မူးယစ်ဆေးကို နွံနစ်နေတဲ့အနေအထားလောက်ထိကို သုံးပစ်နေတာ ကျွန်တော်ကတော့ ကျွန်တော့စိတ်ကူးနဲ့ကျွန်တော်သုံးနေတာ

ကျန်းမာရေးမကောင်းတော့ဘူး ရပ်ရတော့မယ်ဆိုတာသိတယ် ရပ်ခါနီးပြီဆိုတော့ ဒီစကားက အများပြည်သူရှေ့မှာ မပြောသင့်ဘူးဆိုတာ သိပါတယ် အမှန်အတိုင်းပြောရရင် ဝအောင်သုံးတာပါ

ဘာလို့လည်းဆိုတော့ထားခဲ့ရမယ် နှုတ်ဆက်ရမယ် ပြန်ထိတွေ့လို့မရတော့ဘူး ကျန်းမာရေးအခြေအနေက မျက်မြင်ကိုယ်တွေ့ဖြစ်လာပြီ ကိုယ်တန်ဖိုးအထားဆုံးဖြစ်တဲ့ အနုပညာအလုပ်မှာ အရေးကြီးဆုံးဖြစ်တဲ့ မျက်လုံးကို ကောင်းကောင်းဒုက္ခပေးတယ် အကြောတွေ အားလုံးဆွဲကုန်တယ်

ပြီးတော့ မျက်လုံးမှိတ်သွားတယ် ပြန်ဖွင့်လို့မရတော့ဘူး ဒီလိုအလင်းရောင်တွေမကြည့်နိုင်ဘူး အဲ့လိုဖြစ်သွားတော့ကောင်းကောင်းနောင်တရတယ် ဒါပေမယ့် အဲ့လိုဖြစ်နေတုန်းမှာပဲ အဝသုံးမယ်ဆိုတာကို ဖျောက်လို့မရဘူး ကျွန်တော်စသုံးခဲ့မိတဲ့ ကိစ္စကိုလည်းနောင်တရပါတယ်” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

ပရိသတ်ကြီးရေ ရဲတိုက်ကတော့ နောင်တရနေပြီဖြစ်ပြီး အမြန်ဆုံးပြင်ဆင်သွားမယ်လို့လည်းပြောသွားခဲ့ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Shwe Yaung Myanmar