The Voice Myanmar မှာ လတ်တလောဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ပရိသတ်ကိုမျက်ရည်ချူတာ မဟုတ်ပါဘူး ခင်ရတနာစိုး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္တို႔ေရ အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ ျမန္မာသံစဥ္သီခ်င္းေကာင္းေလးေတြကို သီဆိုႏိုင္သူ The Voice Myanmar Season -3 ၿပိဳင္ပြဲဝင္ ခင္ရတနာစိုးပဲ ျဖစ္ပါတယ္။ သူမဟာဆိုရင္ ငယ္စဥ္ဘဝ ဖခင္ျဖစ္သူ ဆုံးပါးၿပီးတည္းက မိခင္နဲ႔အတူ ဘဝကို ခက္ခက္ခဲခဲ ႐ုန္းကန္လာခဲ့ရသူတစ္ဦးျဖစ္ၿပီး အခုအခ်ိန္မွာဆိုရင္ေတာ့ သူမဘဝရဲ႕ ေအာင္ျမင္မႈလမ္းစကို ရွာေဖြေတြ႕ရွိသြားၿပီလို႔ပဲ ယူဆရမွာျဖစ္ပါတယ္။ ခင္ရတနာစိုးဟာဆိုရင္ ပထမအဆင့္ Blind Audition မွာတည္းက coach ျဖစ္သူ နီနီခင္ေဇာ္ရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့ၿပီး Battle Round မွာသာမက ပခု Knockout Round မွာပါ ေ႐ြးခ်ယ္ခံခဲ့ရသူ ျဖစ္ပါတယ္။

သူမအေနနဲ႔ Knockout Round မွာ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ရင္တြင္းခံစားခ်က္ေလးေတြကို ေျဖၾကားရာမွာ ေနာက္တစ္ဆင့္ Live ေဖ်ာ္ေျဖမႈမွာ ပါဝင္ႏိုင္ၿပီျဖစ္တဲ့အတြက္ ဝမ္းနည္းဝမ္းသာျဖစ္လြန္းလို႔ မ်က္ရည္က်ကာ ေျဖၾကားခဲ့မိပါတယ္။ ဒီအေပၚမွာ “ပရိသတ္ကို မ်က္ရည္ခ်ဴတယ္” ဆိုတဲ့ ေဝဖန္မႈေတြ ျမင့္တက္ေနတာျဖစ္ၿပီး ဒီအင္တာဗ်ဴးေလးမွာေတာ့ ခင္ရတနာစိုးက သူမကိုေဝဖန္ခ်က္ေတြနဲ႔ ပတ္သတ္လို႔ တုံ႔ျပန္ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။ “ညီမက အင္တာဗ်ဴးအေျဖခင္ စင္ေပၚက ဆင္းသြားတည္းက တစ္ေယာက္တည္း ႀကိတ္ငိုေနတာ။ မပန္က အရင္ေျဖေနတာေပါ့ေနာ္။ မပန္က တည္တည္ၿငိမ္ၿငိမ္ေလး ေျဖေနတယ္။ သူက ညီမထက္စာရင္လည္း အသက္ ၂ႏွစ္၊ ၃ႏွစ္ေလာက္ႀကီးေတာ့ လူႀကီးလည္းဆန္တယ္ေပါ့ေနာ္။ ေအးေဆးတည္ၿငိမ္တယ္။”

“ညီမအေနနဲ႔ကလည္း ဒီ ဘဝတစ္ေလွ်ာက္လုံးမွာ ဒီ The Voice Myanmar မွာ အဲ့လိုပါသြားတဲ့ အခ်ိန္ေလးက အေပ်ာ္ဆုံးပဲ။ Blind Audition မွာ ေပ်ာ္တယ္၊ ဒီ Knockout မွာ ေပ်ာ္တယ္ေပါ့ေနာ္။ အေပ်ာ္ဆုံးျဖစ္ေနတဲ့အခ်ိန္ဆိုတဲ့ ညီမ မ်က္ရည္မထိန္းႏိုင္ခဲ့ဘူး။ ညီမက စင္ေအာက္ဆင္းဆင္းခ်င္းတည္းက တစ္ေယာက္တည္း ငိုေနၿပီ။ အင္တာဗ်ဴးေျဖရမယ္ဆိုေတာ့ မ်က္ရည္ေလးျပန္တိတ္ၿပီး စိတ္ကို ျပန္ေျဖလိုက္ေသးတယ္။ ဒါေပမယ့္ အခုလို ေ႐ြးခ်ယ္ခံလိုက္ရတာကို ငါ့ေက်းဇူးရွင္ေတြ၊ ငါ့ပရိသတ္ေတြ ေတြ႕ရင္ အရမ္းေပ်ာ္မွာပဲဆိုတဲ့ စိတ္ေလးနဲ႔ ငိုခဲ့မိတာေပါ့ေနာ္။” စသည္ျဖင့္ ခင္ရတနာစိုးက ရွင္းလင္းေျဖၾကားခဲ့ပါတယ္။

စင္ေပၚကဆင္းဆင္းခ်င္း ေျဖရတဲ့အင္တာဗ်ဴးမွာ ေမးျမန္းခဲ့တဲ့ “ညီမရဲ႕ ဘဝက ဘယ္လိုလာခဲ့တာလဲ” ဆိုတဲ့ ေမးခြန္းနဲ႔ပတ္သတ္လို႔ စိတ္ထိခိုက္ဝမ္းနည္းခဲ့မိတာလို႔ ခင္ရတနာစိုးက ရင္ဖြင့္ေျပာျပပါတယ္။ ခင္ရတနာစိုးဟာ အခု The Voice Myanmar မွာ Live Show ေဖ်ာ္ေျဖမႈအတြက္ ေ႐ြးခ်ယ္ခံခဲ့ရၿပီ ျဖစ္တဲ့အတြက္ ၿပိဳင္ပြဲရဲ႕အဓိက အစိတ္အပိုင္းေတြမွာ ပါဝင္ခြင့္ရရွိခဲ့ၿပီျဖစ္လို႔ ဝမ္းနည္းဝမ္းသာျဖစ္ၿပီး မ်က္ရည္က်ခဲ့မိတာပါလို႔ သူမက ဆိုပါတယ္။

သူမဟာ မ်က္ရည္ခ်ဴခ်င္တဲ့ ရည္႐ြယ္လ်က္နဲ႔ အခုလိုလုပ္ခဲ့တာမဟုတ္ပဲ သူမမ်က္ရည္က်ရင္းေျပာခဲ့တဲ့စကားေတြက သူမဘဝနဲ႔ပတ္သတ္တဲ့ ေျပာျပရမယ့္ အျဖစ္မပ်က္အမွန္ေတြပါလို႔ သူမက ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ “ညီမဘဝနာခဲ့တယ္ဆိုတာ သိတဲ့သူေတြသိတယ္၊ သိတဲ့သူေတြကလည္း စာနာနားလည္ေပးႏိုင္တယ္ေပါ့ေနာ္။ မသိတဲ့သူေတြကေတာ့ ေျပာၾကတာေပါ့။”သူမအေနနဲ႔ စင္ေအာက္ကဆင္းဆင္းခ်င္း ေျဖဆိုရတဲ့ အင္တာဗ်ဴးကို ေျဖရတည္းက အေဝဖန္ခံရမွာ စိုးရိမ္မိခဲ့ေပမယ့္ ဘယ္လိုမွ မတတ္သာလို႔ ရင္တြင္းခံစားခ်က္ေတြကို ထုတ္ေဖာ္ေျဖၾကားခဲ့ရတာျဖစ္တယ္လို႔ ေျပာျပပါတယ္။

အခုလို မ်က္ရည္က်ခဲ့ျခင္းအေပၚ ေဝဖန္မႈျမင့္တက္လာျခင္းကို သူမအေနနဲ႔ ဘယ္လိုမွ် မခံစားရပဲ အခုလိုျဖစ္လာမယ္လို႔ ႀကိဳတင္မွန္းဆထားမိတဲ့အတြက္ ေျဖသာေနတာျဖစ္မယ္လို႔ သူမက ဆိုပါတယ္။ အခုလိုေဝဖန္မႈေတြၾကားထဲက သူမဘဝကို စာနာနားလည္ေပးတဲ့ ကြန္မန႔္တစ္ခုေၾကာင့္လည္း သူမအေနနဲ႔ အမ်ားႀကီးအားတက္ခဲ့ရတယ္လို႔ သိရပါတယ္။

အဲ့ဒီ ကြန္မန႔္ေလးကေတာ့ “မင္းတို႔ကလည္းကြာ ကေလးဘဝတုန္းကလည္း ကေလးလိုမေပ်ာ္ရဘူး…” ဆိုတာနဲ႔အစခ်ီထားတာျဖစ္ၿပီး ဒီ ကြန္မန႔္ေလးနဲ႔ စပ္လ်ဥ္းလို႔ ခင္ရတနာစိုးက သူမရဲ႕ ဘဝတစ္စိတ္တစ္ပိုင္းကို အခုလိုပဲ ရင္ဖြင့္ေျပာျပပါတယ္။”ညီမတို႔က အေဖ့ရဲ႕ ေဆြမ်ိဳးေတာ္ေတာ္မ်ားမ်ားနဲ႔လည္း စကားမေျပာၾကဘူး။ အကုန္လုံးနဲ႔ေတာ့မဟုတ္ဘူး၊ တခ်ိဳ႕ေတြနဲ႔ပဲ စကားမေျပာတာ။ တခ်ိဳ႕ အေဖ့ေဆြမ်ိဳးေတြဆို ဒီရန္ကုန္မွာရွိတယ္။ သမီးေလး လိုအပ္တာေျပာ ဆိုၿပီး ခ်စ္ၾကတယ္ေပါ့ေနာ္။

မခ်စ္တဲ့သူေတြလည္း ရွိတယ္။ ေဆြမ်ိဳးမွာေတာင္မွ ခ်စ္တဲ့သူရွိတယ္၊ မခ်စ္တဲ့သူရွိတယ္ ဆိုေတာ့ ညီအေနနဲ႔ ငယ္စဥ္တည္းက အနီးအနားမွာရွိတဲ့ အေဖ့ေဆြမ်ိဳးေတြနဲ႔ မတည့္ခဲ့ဘူး။ ညီမက ကေလးဘဝမွာလည္း ကေလးလို မေပ်ာ္ခဲ့ရဘူး။ လူငယ္ဘဝေရာက္ေတာ့လည္း လူငယ္အေလ်ာက္ ညီမ မေပ်ာ္ခဲ့ရဘူးေပါ့ေနာ္။ ညီမရဲ႕ အိမ္ေထာင္ေရးနဲ႔ စီးပြားေရးကို အာ႐ုံစိုက္ခဲ့ရလို႔ ညီမပညာေရးေတာင္ ဆုံခန္းမတိုင္ခဲ့ဘူး။ အဂၤလိပ္စာဆိုလည္း ညီမ အရမ္းတတ္ခ်င္တယ္။ အဂၤလိပ္လိုမေျပာတတ္လို႔ တခ်ိဳ႕ေနရာေတြမွာ အႏွိမ္ခံရတာေတြရွိတယ္ေပါ့ေနာ္။” စသည္ျဖင့္ သူမရဲ႕ ခက္ခဲခဲ့တဲ့ ငယ္ဘဝအေၾကာင္းကို ရင္ဖြင့္ေျပာျပခဲ့ပါတယ္။

ဒီလိုကိစၥမ်ိဳးေတြဟာ သူမရဲ႕ ဘဝကံအက်ိဳးေပးအရ ျဖစ္လာတာလို႔ ယူဆတဲ့အတြက္ သူမအေနနဲ႔ ေနာင္တေတာ့မရမိဘူးလို႔ ဆိုပါတယ္။ သူမရဲ႕ ဘဝကို နားလည္ေပးတဲ့သူေတြကို အရမ္းေက်းဇူးတင္ၿပီး ေဝဖန္၊ တိုက္ခိုက္မႈေတြကိုလည္း လက္ခံတယ္လို႔ ခင္ရတနာစိုးက ေျပာပါတယ္။သူမဟာ Myanmar Idol တုန္းကလည္း ၿပိဳင္ပြဲကေန ျပဳတ္ခဲ့ဖူးၿပီး သူမက ျပဳတ္တဲ့ဓဏ္ကို ခံစားႏိုင္ေပမယ့္ ေပ်ာ္႐ႊင္မႈဒဏ္ကို မခံစားႏိုင္လို႔ မ်က္ရည္က်ခဲ့မိတာပါလို႔ ေျပာျပပါတယ္။
ဘဝနာတဲ့အေၾကာင္းကို ေမးျမန္းလာတဲ့အခါမွာလည္း သူမရဲ႕အသည္းႏွလုံးကို လက္သီးနဲ႔ထိုးေနသလို ခံစားရင္ၿပီး သူမရဲ႕အေမကိုယ္တိုင္ကလည္း သူမကို ေနာက္ပိုင္း ၿပိဳင္ပြဲကာလေတြမွာ မငိုဖို႔ တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။

ပရိသတ္တို႔ေရ ခင္ရတနာစိုးဟာဆိုရင္ ငယ္စဥ္က ခက္ခဲပင္ပန္းခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ သူမရဲ႕ ေအာင္ျမင္မႈလမ္းစကို ေတြ႕ရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။ သူမရဲ႕ ေဝဖန္တိုက္ခိုက္မႈေတြကို အရွိကိုအရွိတိုင္းလက္ခံတတ္တဲ့ စိတ္ဓာတ္ေလးနဲ႔ ႀကိဳးစားေနၿပီးေအာင္ျမင္မႈပန္းတိုင္ကို အေရာက္လွမ္းႏိုင္ေအာင္ ႀကိဳးစားေနသူတစ္ဦးပဲ ျဖစ္ပါတယ္။အထက္ပါအေၾကာင္းအရာေတြနဲ႔ ပတ္သတ္လို႔ ပရိသတ္ဘက္က ထင္ျမင္ခ်က္ေလးေတြကိုလည္း ၾကားသိလိုပါတယ္ေနာ္။

Source : MC

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တို့ရေ အသံချိုချိုအေးအေးလေးနဲ့ မြန်မာသံစဉ်သီချင်းကောင်းလေးတွေကို သီဆိုနိုင်သူ The Voice Myanmar Season -3 ပြိုင်ပွဲဝင် ခင်ရတနာစိုးပဲ ဖြစ်ပါတယ်။ သူမဟာဆိုရင် ငယ်စဉ်ဘဝ ဖခင်ဖြစ်သူ ဆုံးပါးပြီးတည်းက မိခင်နဲ့အတူ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်လာခဲ့ရသူတစ်ဦးဖြစ်ပြီး အခုအချိန်မှာဆိုရင်တော့ သူမဘဝရဲ့ အောင်မြင်မှုလမ်းစကို ရှာဖွေတွေ့ရှိသွားပြီလို့ပဲ ယူဆရမှာဖြစ်ပါတယ်။ ခင်ရတနာစိုးဟာဆိုရင် ပထမအဆင့် Blind Audition မှာတည်းက coach ဖြစ်သူ နီနီခင်ဇော်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး Battle Round မှာသာမက ပခု Knockout Round မှာပါ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

သူမအနေနဲ့ Knockout Round မှာ ရွေးချယ်ခံခဲ့ရပြီး ရင်တွင်းခံစားချက်လေးတွေကို ဖြေကြားရာမှာ နောက်တစ်ဆင့် Live ဖျော်ဖြေမှုမှာ ပါဝင်နိုင်ပြီဖြစ်တဲ့အတွက် ဝမ်းနည်းဝမ်းသာဖြစ်လွန်းလို့ မျက်ရည်ကျကာ ဖြေကြားခဲ့မိပါတယ်။ ဒီအပေါ်မှာ “ပရိသတ်ကို မျက်ရည်ချူတယ်” ဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပြီး ဒီအင်တာဗျူးလေးမှာတော့ ခင်ရတနာစိုးက သူမကိုဝေဖန်ချက်တွေနဲ့ ပတ်သတ်လို့ တုံ့ပြန်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ “ညီမက အင်တာဗျူးအဖြေခင် စင်ပေါ်က ဆင်းသွားတည်းက တစ်ယောက်တည်း ကြိတ်ငိုနေတာ။ မပန်က အရင်ဖြေနေတာပေါ့နော်။ မပန်က တည်တည်ငြိမ်ငြိမ်လေး ဖြေနေတယ်။ သူက ညီမထက်စာရင်လည်း အသက် ၂နှစ်၊ ၃နှစ်လောက်ကြီးတော့ လူကြီးလည်းဆန်တယ်ပေါ့နော်။ အေးဆေးတည်ငြိမ်တယ်။”

“ညီမအနေနဲ့ကလည်း ဒီ ဘဝတစ်လျှောက်လုံးမှာ ဒီ The Voice Myanmar မှာ အဲ့လိုပါသွားတဲ့ အချိန်လေးက အပျော်ဆုံးပဲ။ Blind Audition မှာ ပျော်တယ်၊ ဒီ Knockout မှာ ပျော်တယ်ပေါ့နော်။ အပျော်ဆုံးဖြစ်နေတဲ့အချိန်ဆိုတဲ့ ညီမ မျက်ရည်မထိန်းနိုင်ခဲ့ဘူး။ ညီမက စင်အောက်ဆင်းဆင်းချင်းတည်းက တစ်ယောက်တည်း ငိုနေပြီ။ အင်တာဗျူးဖြေရမယ်ဆိုတော့ မျက်ရည်လေးပြန်တိတ်ပြီး စိတ်ကို ပြန်ဖြေလိုက်သေးတယ်။ ဒါပေမယ့် အခုလို ရွေးချယ်ခံလိုက်ရတာကို ငါ့ကျေးဇူးရှင်တွေ၊ ငါ့ပရိသတ်တွေ တွေ့ရင် အရမ်းပျော်မှာပဲဆိုတဲ့ စိတ်လေးနဲ့ ငိုခဲ့မိတာပေါ့နော်။” စသည်ဖြင့် ခင်ရတနာစိုးက ရှင်းလင်းဖြေကြားခဲ့ပါတယ်။

စင်ပေါ်ကဆင်းဆင်းချင်း ဖြေရတဲ့အင်တာဗျူးမှာ မေးမြန်းခဲ့တဲ့ “ညီမရဲ့ ဘဝက ဘယ်လိုလာခဲ့တာလဲ” ဆိုတဲ့ မေးခွန်းနဲ့ပတ်သတ်လို့ စိတ်ထိခိုက်ဝမ်းနည်းခဲ့မိတာလို့ ခင်ရတနာစိုးက ရင်ဖွင့်ပြောပြပါတယ်။ ခင်ရတနာစိုးဟာ အခု The Voice Myanmar မှာ Live Show ဖျော်ဖြေမှုအတွက် ရွေးချယ်ခံခဲ့ရပြီ ဖြစ်တဲ့အတွက် ပြိုင်ပွဲရဲ့အဓိက အစိတ်အပိုင်းတွေမှာ ပါဝင်ခွင့်ရရှိခဲ့ပြီဖြစ်လို့ ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်ကျခဲ့မိတာပါလို့ သူမက ဆိုပါတယ်။

သူမဟာ မျက်ရည်ချူချင်တဲ့ ရည်ရွယ်လျက်နဲ့ အခုလိုလုပ်ခဲ့တာမဟုတ်ပဲ သူမမျက်ရည်ကျရင်းပြောခဲ့တဲ့စကားတွေက သူမဘဝနဲ့ပတ်သတ်တဲ့ ပြောပြရမယ့် အဖြစ်မပျက်အမှန်တွေပါလို့ သူမက ရင်ဖွင့်ပြောပြခဲ့ပါတယ်။ “ညီမဘဝနာခဲ့တယ်ဆိုတာ သိတဲ့သူတွေသိတယ်၊ သိတဲ့သူတွေကလည်း စာနာနားလည်ပေးနိုင်တယ်ပေါ့နော်။ မသိတဲ့သူတွေကတော့ ပြောကြတာပေါ့။”သူမအနေနဲ့ စင်အောက်ကဆင်းဆင်းချင်း ဖြေဆိုရတဲ့ အင်တာဗျူးကို ဖြေရတည်းက အဝေဖန်ခံရမှာ စိုးရိမ်မိခဲ့ပေမယ့် ဘယ်လိုမှ မတတ်သာလို့ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ဖြေကြားခဲ့ရတာဖြစ်တယ်လို့ ပြောပြပါတယ်။

အခုလို မျက်ရည်ကျခဲ့ခြင်းအပေါ် ဝေဖန်မှုမြင့်တက်လာခြင်းကို သူမအနေနဲ့ ဘယ်လိုမျှ မခံစားရပဲ အခုလိုဖြစ်လာမယ်လို့ ကြိုတင်မှန်းဆထားမိတဲ့အတွက် ဖြေသာနေတာဖြစ်မယ်လို့ သူမက ဆိုပါတယ်။ အခုလိုဝေဖန်မှုတွေကြားထဲက သူမဘဝကို စာနာနားလည်ပေးတဲ့ ကွန်မန့်တစ်ခုကြောင့်လည်း သူမအနေနဲ့ အများကြီးအားတက်ခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ ကွန်မန့်လေးကတော့ “မင်းတို့ကလည်းကွာ ကလေးဘဝတုန်းကလည်း ကလေးလိုမပျော်ရဘူး…” ဆိုတာနဲ့အစချီထားတာဖြစ်ပြီး ဒီ ကွန်မန့်လေးနဲ့ စပ်လျဉ်းလို့ ခင်ရတနာစိုးက သူမရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို အခုလိုပဲ ရင်ဖွင့်ပြောပြပါတယ်။”ညီမတို့က အဖေ့ရဲ့ ဆွေမျိုးတော်တော်များများနဲ့လည်း စကားမပြောကြဘူး။ အကုန်လုံးနဲ့တော့မဟုတ်ဘူး၊ တချို့တွေနဲ့ပဲ စကားမပြောတာ။ တချို့ အဖေ့ဆွေမျိုးတွေဆို ဒီရန်ကုန်မှာရှိတယ်။ သမီးလေး လိုအပ်တာပြော ဆိုပြီး ချစ်ကြတယ်ပေါ့နော်။

မချစ်တဲ့သူတွေလည်း ရှိတယ်။ ဆွေမျိုးမှာတောင်မှ ချစ်တဲ့သူရှိတယ်၊ မချစ်တဲ့သူရှိတယ် ဆိုတော့ ညီအနေနဲ့ ငယ်စဉ်တည်းက အနီးအနားမှာရှိတဲ့ အဖေ့ဆွေမျိုးတွေနဲ့ မတည့်ခဲ့ဘူး။ ညီမက ကလေးဘဝမှာလည်း ကလေးလို မပျော်ခဲ့ရဘူး။ လူငယ်ဘဝရောက်တော့လည်း လူငယ်အလျောက် ညီမ မပျော်ခဲ့ရဘူးပေါ့နော်။ ညီမရဲ့ အိမ်ထောင်ရေးနဲ့ စီးပွားရေးကို အာရုံစိုက်ခဲ့ရလို့ ညီမပညာရေးတောင် ဆုံခန်းမတိုင်ခဲ့ဘူး။ အင်္ဂလိပ်စာဆိုလည်း ညီမ အရမ်းတတ်ချင်တယ်။ အင်္ဂလိပ်လိုမပြောတတ်လို့ တချို့နေရာတွေမှာ အနှိမ်ခံရတာတွေရှိတယ်ပေါ့နော်။” စသည်ဖြင့် သူမရဲ့ ခက်ခဲခဲ့တဲ့ ငယ်ဘဝအကြောင်းကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။

ဒီလိုကိစ္စမျိုးတွေဟာ သူမရဲ့ ဘဝကံအကျိုးပေးအရ ဖြစ်လာတာလို့ ယူဆတဲ့အတွက် သူမအနေနဲ့ နောင်တတော့မရမိဘူးလို့ ဆိုပါတယ်။ သူမရဲ့ ဘဝကို နားလည်ပေးတဲ့သူတွေကို အရမ်းကျေးဇူးတင်ပြီး ဝေဖန်၊ တိုက်ခိုက်မှုတွေကိုလည်း လက်ခံတယ်လို့ ခင်ရတနာစိုးက ပြောပါတယ်။သူမဟာ Myanmar Idol တုန်းကလည်း ပြိုင်ပွဲကနေ ပြုတ်ခဲ့ဖူးပြီး သူမက ပြုတ်တဲ့ဓဏ်ကို ခံစားနိုင်ပေမယ့် ပျော်ရွှင်မှုဒဏ်ကို မခံစားနိုင်လို့ မျက်ရည်ကျခဲ့မိတာပါလို့ ပြောပြပါတယ်။
ဘဝနာတဲ့အကြောင်းကို မေးမြန်းလာတဲ့အခါမှာလည်း သူမရဲ့အသည်းနှလုံးကို လက်သီးနဲ့ထိုးနေသလို ခံစားရင်ပြီး သူမရဲ့အမေကိုယ်တိုင်ကလည်း သူမကို နောက်ပိုင်း ပြိုင်ပွဲကာလတွေမှာ မငိုဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ပရိသတ်တို့ရေ ခင်ရတနာစိုးဟာဆိုရင် ငယ်စဉ်က ခက်ခဲပင်ပန်းခဲ့ပေမယ့် အခုချိန်မှာတော့ သူမရဲ့ အောင်မြင်မှုလမ်းစကို တွေ့ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို အရှိကိုအရှိတိုင်းလက်ခံတတ်တဲ့ စိတ်ဓာတ်လေးနဲ့ ကြိုးစားနေပြီးအောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်အောင် ကြိုးစားနေသူတစ်ဦးပဲ ဖြစ်ပါတယ်။အထက်ပါအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ ပရိသတ်ဘက်က ထင်မြင်ချက်လေးတွေကိုလည်း ကြားသိလိုပါတယ်နော်။

Source : MC