အမာခံ Fan တွေရဲ့ ချစ်စဖွယ်လုပ်ရပ်တစ်ခုကြောင့် မျက်ရည်တွေမဆည်နိုင်တဲ့အထိ ပီတိဖြစ်ဝမ်းသာခဲ့ရတဲ့ ဘေဘီမောင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

aျမန္မာဆန္ဆန္ဝတ္စံုေလးနဲ့ အရမ္းက်က္သေရရိွတဲ့ မင္းသမီးေခ်ာေလး ေဘဘီေမာင္ကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့ရင္း တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွထားတာ ျဖစ္ပါတယ္။ ေဘဘီေမာင္က လူေလးလွရံုသာမက စကားေျပာပြင့္လင္းျပီး ဟန္ေဆာင္မႈမရိွေနထိုင္တတ္တဲ့ ပံုစံေလးေၾကာင့္ ပရိသတ္ေတြက ပိုလို့ေတာင္ ခ်စ္ၾကတာပဲ ျဖစ္ပါတယ္။ ေဘဘီေမာင္ကလည္း သူမရဲ့ ပရိသတ္ေတြခ်စ္တဲ့ပံုစံေလးအတိုင္း အနုပညာအလုပ္ေတြအေပၚ အရိုးသားဆံုးနဲ့ အျဖဴစင္ဆံုး လုပ္ကိုင္ေနသူေလးတစ္ေယာက္ပါပဲ။

လက္ရိွမွာ ျပင္ပျပႆနာအခ်ိဳ့ေၾကာင့္ စိတ္ထိခိုက္မႈအနည္းငယ္ရိွေနတဲ့ ေဘဘီေမာင္က သူမကိုခ်စ္ၾကတဲ့ ပရိသတ္ေတြရဲ့ ေမတၱာေၾကာင့္သာ အျမဲတမ္း ေအးျမခဲ့ရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေဘဘီေမာင္က သူမကို အားေပးစကားေျပာၾကတဲ့ Fan ေတြေၾကာင့္ ငိုရတဲ့အထိျဖစ္ခဲ့ေၾကာင္း “ေဘဘီရဲ႕ခ်စ္ရတဲ့ဖန္ေတြေၾကာင့္ ပိတိျဖစ္ၿပီးငိုေနရပါတယ္ရွင့္ ခုလိုခ်စ္ေပးၾကတာ ေက်းဇူးကမာၻပါ သဲေလးတို႔ရယ္ ကိုယ့္ကိုခ်စ္ၾကေတာ့ေပ်ာ္တယ္ သဲေလးတို႔ေပးတဲ့ ဆုနဲ႔ျပည့္ပါေစရွင့္” ဆိုျပီး သူမရဲ့ ပီတိေလးကို မွ်ေဝေပးလာခဲ့ပါတယ္။

ေဘဘီေမာင္ကေတာ့ သူမကိုခ်စ္ၾကတဲ့ ပရိသတ္ေတြရဲ့ အားေပးစကားေၾကာင့္ မ်က္ရည္ေတြမဆည္နိုင္တဲ့အထိ ပီတိျဖစ္ဝမ္းသာခဲ့ရတာပဲ ျဖစ္ပါတယ္။ ေဘဘီေမာင္တစ္ေယာက္ ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေမတၱာကို အခုလိုပဲ အျမဲထာဝရ ရရိွပိုင္ဆိုင္နိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Baby Maung’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

ယူနီကုဒ္ျဖင့္ဖတ္ရန္အမာခံ Fan တွေရဲ့ ချစ်စဖွယ်လုပ်ရပ်တစ်ခုကြောင့် မျက်ရည်တွေမဆည်နိုင်တဲ့အထိ ပီတိဖြစ်ဝမ်းသာခဲ့ရတဲ့ ဘေဘီမောင်

မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ အရမ်းကျက်သရေရှိတဲ့ မင်းသမီးချောလေး ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရင်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ ဘေဘီမောင်က လူလေးလှရုံသာမက စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှုမရှိနေထိုင်တတ်တဲ့ ပုံစံလေးကြောင့် ပရိသတ်တွေက ပိုလို့တောင် ချစ်ကြတာပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ကလည်း သူမရဲ့ ပရိသတ်တွေချစ်တဲ့ပုံစံလေးအတိုင်း အနုပညာအလုပ်တွေအပေါ် အရိုးသားဆုံးနဲ့ အဖြူစင်ဆုံး လုပ်ကိုင်နေသူလေးတစ်ယောက်ပါပဲ။

လက်ရှိမှာ ပြင်ပပြဿနာအချို့ကြောင့် စိတ်ထိခိုက်မှုအနည်းငယ်ရှိနေတဲ့ ဘေဘီမောင်က သူမကိုချစ်ကြတဲ့ ပရိသတ်တွေရဲ့ မေတ္တာကြောင့်သာ အမြဲတမ်း အေးမြခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဘေဘီမောင်က သူမကို အားပေးစကားပြောကြတဲ့ Fan တွေကြောင့် ငိုရတဲ့အထိဖြစ်ခဲ့ကြောင်း “ဘေဘီရဲ့ချစ်ရတဲ့ဖန်တွေကြောင့် ပိတိဖြစ်ပြီးငိုနေရပါတယ်ရှင့် ခုလိုချစ်ပေးကြတာ ကျေးဇူးကမ္ဘာပါ သဲလေးတို့ရယ် ကိုယ့်ကိုချစ်ကြတော့ပျော်တယ် သဲလေးတို့ပေးတဲ့ ဆုနဲ့ပြည့်ပါစေရှင့်” ဆိုပြီး သူမရဲ့ ပီတိလေးကို မျှဝေပေးလာခဲ့ပါတယ်။

ဘေဘီမောင်ကတော့ သူမကိုချစ်ကြတဲ့ ပရိသတ်တွေရဲ့ အားပေးစကားကြောင့် မျက်ရည်တွေမဆည်နိုင်တဲ့အထိ ပီတိဖြစ်ဝမ်းသာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘေဘီမောင်တစ်ယောက် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အခုလိုပဲ အမြဲထာဝရ ရရှိပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Baby Maung’s fb
Bilie – Cele Connections