ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံးသရုပ်ဆောင်ထားတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲကို ရင်ခုန်စွာနဲ့ ဖန်သားပြင်ပေါ်မှာ ကြည့်ရှုခံစားဖြစ်ခဲ့တဲ့ ဝေလာရီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Wai Lar Ri ‘s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံးသရုပ်ဆောင်ထားတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲကို ရင်ခုန်စွာနဲ့ ဖန်သားပြင်ပေါ်မှာ ကြည့်ရှုခံစားဖြစ်ခဲ့တဲ့ ဝေလာရီ

ချစ်စရာကောင်းတဲ့ မွန်မလေး ဝေလာရီကတော့ အစ်မဖြစ်သူ အဆိုတော်လိမ္မော်သီးရဲ့ခြေရာကိုနင်းပြီး အစ်မဖြစ်သူနဲ့အတူတူ သီချင်းတွေ သီဆိုရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဝေလာရီက နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်လာခဲ့ပြီး “နှင်းဆီ”၊ “စာမျက်နှာသစ်” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အနုပညာလောကမှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ဝေလာရီရဲ့ တတိယမြောက်ဇာတ်လမ်းတွဲလေးဖြစ်တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲက ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတာပဲ ဖြစ်ပါတယ်။ ဝေလာရီက “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကို စောင့်မျှော်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဝေလာရီက သူမကိုယ်တိုင်လည်း စိတ်လှုပ်ရှားရင်ခုန်နေပြီး သူမရဲ့ သရုပ်ဆောင်ချက်တွေကို သူမကိုယ်တိုင် ဖန်သားပြင်ပေါ်မှာ ပြန်လည်ကြည့်ရှုခံစားနေတာကို အခုလိုပဲ တွေ့ရပါတယ်။

ဝေလာရီကတော့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ “ဆောင်း” ဆိုတဲ့ ပရိသတ်တွေ တစ်ခါမှမမြင်ဖူးသေးတဲ့ ကာရိုက်တာကနေ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဝေလာရီသရုပ်ဆောင်ထားတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲလေးကိုကြည့်ပြီး ဝေဖန်သုံးသပ်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Wai Lar Ri ‘s fb
Bilie – Cele Connections