“ယောကျာ်းတွေက ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး၊ မိန်းမတွေကတော့ဆင်းရဲတဲ့ဒဏ်မခံနိုင်ဘူး၊ ငွေကြေးအဆင်ပြေလာရင် အဖျက်ဆိုတာ တော့ရှိတတ်တယ်”လို့ ဆိုလာတဲ့ စမိုင်းလ်


အခုလက်ရှိအချိန်မှာ အမျိုးသမီးတိုင်းအားကျရတဲ့ အိမ်ထောင်သည်ဘဝကိုပိုင်ဆိုင်ထားသူ စမိုင်းလ်ကတော့ Myanmar Celebrity နဲ့အင်တာဗျူးမှာ အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး အခုလိုဖြေဆိုထားပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်ယောက်ျားတွေက ဆင်းရဲတဲ့ဒဏ်ကိုခံနိုင်တယ် ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူး မိန်းမတွေကကျတော့ ချမ်းသာတာကိုခံနိုင်တယ် ဆင်းရဲတာကိုမခံနိုင်ဘူးတဲ့ စကားပုံရှိတယ်လေ

ယောက်ျားတွေအဆင်ပြေလာပြီဆိုရင် အဖျက်အများကြီးရှိတယ် ဘာကိစ္စမဆိုဖြစ်သွားနိုင်တယ် အစ်ကိုကတော့အစ်မနောက်တကောက်ကောက်လိုက်ပေးတယ် ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့ယူဆတယ်”

“အိမ်ထောင်တစ်ခုပြုတယ်ဆိုတာ ထီထိုးသလိုပဲ ယောက်ျားက ဘယ်လောက်ပဲကောင်းနေကောင်းနေ ကိုယ့်လက်ထဲရောက်ပြီးဆိုးသွားတာလည်းရှိတယ် အရင်တုန်းကမကောင်းခဲ့ပေမယ့် ကိုယ့်ဆီရောက်မှကောင်းသွားတာလည်းရှိတယ် ကိုယ်နဲ့ကောင်းနေရင်းနဲ့ထဖောက်သွားတာလည်းရှိပြန်ရော ဒါက ကံကြီးပဲတော့မဟုတ်ဘူး လူလည်းပါတာပေါ့ အခုထိတော့ ကိုယ့်ကိုကိုယ်ကံကောင်းနေသေးတယ်လို့ ယူဆရတာပေါ့”

“ပြီးတော့အစ်မမိဘကိုသူလေးစားမှုရှိတယ်ပေါ့ ကိုယ်နဲ့ပေါင်းရတာဆိုပေမယ့် ကိုယ့်မိသားစုနဲ့လည်းပေါင်းရတာပဲလေ အစ်ကိုကအစ်မမိဘကိုအလေးအနက်ထားတဲ့ယောက်ျားဖြစ်တဲ့အတွက်လည်း ရွေးချယ်ဖြစ်ခဲ့တာပေါ့”

“အစ်မကမိန်းကလေးဖြစ်တဲ့အတွက် အိမ်နဲ့ခွဲရတော့ဖုန်းဆက်ချင်တာပေါ့ ဖုန်းခကလည်းမတတ်နိုင်ဘူး ဖုန်းလိုင်းကလည်းမပေါဘူး အစ်မကညတိုင်းငိုတယ် ကိုယ့်ဖုန်းကဒ်လေးကိုယ်ရှိရင်ကောင်းမယ်ပေါ့ အစ်မတို့က သူများဆီကဝယ်ပြီးသုံးရတာဆိုတော့

အစ်ကို့ကို မြန်မာပြည်ကိုဆက်ဖို့ဖုန်းကဒ်လေးထုတ်ပါလားလို့ပြောရင်းက တယ်လီကွန်လုပ်ငန်းကိုအစ်မတို့ဝင်ရောက်သွားတာပေါ့ ပြောရရင်ကိုယ့်ကြောင့်လို့ပြောလို့ရတာပေါ့ အစ်ကိုကလည်း တယ်လီကွန်ကိုမသိတဲ့သူ သူများကတ်တွေရောင်းပေးရင်းကနေ တယ်လီကွန်လုပ်ငန်းကိုစိတ်ပါသွားပြီး စလုပ်ဖြစ်တာပေါ့”

“အဲဒီ့တုန်းကပိုက်ဆံကလည်းလုံးဝမရှိတော့ဘူး အိမ်နဲ့လည်းဖုန်းပြောရတယ် အမေနဲ့အစ်မကိုလည်း အစ်မကပဲထောက်ပံ့နေရတာဆိုတော့ အစ်ကို့ကိုဂျီကျရင်းငိုရင်းဖြစ်ခဲ့တာပေါ့ ကိုယ်ကြောင့်ဆိုပေမယ့် သူလုပ်မှဖြစ်တာဆိုတော့ သူတော်လို့ပေါ့ ”

“အဓိကက ကိုယ်ချစ်တဲ့သူတဲ့ရှိနေတာပေါ့ အသက်ငယ်တာလည်းပါမယ် အစ်မအခုသုံးဆယ်ကျော်မှ ငတ်မလားဆို အငတ်မခံနိုင်တော့ဘူး ကြောက်သွားပြီလေ ငယ်တဲ့ချိန်ကျတော့ မစဉ်းစားဘူး မိုက်ရူးရဲဆန်တာပေါ့ ဘက်စ်ကားလည်းတက်စီးတာပဲ မနက်နဲ့ညနဲ့လည်းပေါင်းစားတာပေါ့ ဗိုက်တော့ဆာတယ် မသေသွားဘူးပေါ့နော် အခုအချိန်မှာကျတော့ အရမ်းတွေးသွားပြီမရတော့ဘူး”

“အစ်မဆိုရင် အဖေနဲ့အမေကိုပြည့်ပြည့်စုံစုံထားနိုင်နေပြီ အဖေအမေကမရှိတော့ဘူး အစ်ကို့ရဲ့မိဘတွေအဖွားတွေရှိသေးတယ် ပြုစုနိုင်တယ် သူ့ကိုအေးအေးချမ်းချမ်းထားနိုင်တာ ကုသိုလ်တစ်မျိုးပေါ့ အဖွားကိုချစ်ပေးတဲ့သူ အစ်မတို့မိသားစုအကုန်လုံးကိုချစ်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ် အလှူလုပ်နေတာတော့နိုင်သလောက်ပေါ့နော် ဒီထက်ပိုပြီးလည်းလှူဖို့စဉ်းစားထားတယ် “လို့ စမိုင်းလ်ကဆိုပါတယ်။

စမိုင်းအွန်လိုင်းရုပ်ရှင်လေးကို down ထားသူတိုင်းအတွက် suprise တိုက်ဖို့ရှိတဲ့အကြောင်းလေးကိုလည်း
“အစ်မရဲ့ စမိုင်းအွန်လိုင်းရုပ်ရှင်ရုံလေးကိုလည်း Appလေး downကြည့်ပေးပါ အဲ့ထဲကနေလည်း suprise တွေ လူတွေကိုဘယ်လောက်ထိလှူတာတွေရှိလည်းဆိုတာ စောင့်ပေးကြပါ ဒါလေးကိုအစ်ကို့မွေးနေ့မှာ launch လ်ုလိုက်တာပေါ့

ထင်မှတ်မထားလောက်အောင်လူတွေကကြည့်ကြတယ် အစ်မတို့စိတ်ထဲမှာ အဲ့လောက်မမှန်းထားဘူး ရုပ်ရှင်မရှိတဲ့နယ်တွေကချက်ချင်းကြည့်ကြတယ် အခုမြန်မာရုပ်ရှင်ကားတွေနဲ့ဝေးတာ ၇လမကတော့ဘူးဆိုတော့ ရုပ်ရှင်ကားအသစ်ကိုမျှော်နေတဲ့အချိန် ကွက်တိဖြစ်သွားတာပေါ့ နောက်လည်း ဆက်တင်သွားဖို့ရှိပါတယ်”

“ဒီထဲမှာ ကိုယ့်ရုပ်ရှင်လည်းကြော်ငြာရင်း အဆင်မပြေတဲ့ လူတွေကိုလည်းကယ်တင်တဲ့ဟာတစ်မျိုးပေါ့ စီစဉ်နေတယ် လူတစ်ယောက်ရဲ့ဘဝကိုဘယ်လောက်ပြောင်းလဲပေးနိုင်မလဲပေါ့ ပိုက်ဆံအမောင့်လည်းများမယ် စီစဉ်ရမှာတွေလည်းများတယ် အဲ့တာကိုစီစဉ်နေတယ်ပေါ့ စောင့်ကြည့်ပေးကြပါ app လေးကိုလည်း download လုပ်ပေးပါလို့ပြောချင်ပါတယ်”လို့ဆိုထားပါတယ်။

စမိုင်းကတော့ NLD အောင်ပွဲခံတာနဲ့ပတ်သတ်ပြီး
“ကိုယ်လေးစားအားကျရတဲ့သူနောက်ကိုလိုက်ရတဲ့အတွက်လည်း အရမ်းဝမ်းသာတယ် အရမ်းလည်းကျေနပ်တယ်တယ် NLD အစိုးရက ပြည်သူကရွေးချယ်ထားတဲ့အစိုးရဖြစ်လို့ မကောင်းရင်လည်း ပြည်သူကပြန်ပြီးရွေးချယ်မှာပဲလေ ကိုယ်တွေလက်ထဲရှိနေလို့ ပိုဝမ်းသာတယ် လူတွေက ခရစ္စမတ် ဝါကျွတ်ဒီလိုစုံနေတော့ ကဲကြတာပေါ့ ဒါလေးကိုတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်စေချင်တယ်

ကိုယ့်ကြောင့် သူများကိုမကူးစေချင်သလို သူများကြောင်းလည်းကိုယ့်မိသားစုကိုမကူးစေချင်ဘူး ဒီရောဂါကြီးက ပတ်ဝန်းကျင်မိသားစုကိုပါကူးတယ်ဆိုတော့ အစ်မကတော့ ကိုယ့်တိုင်းပြည်ကိုဆေးတွေမရောက်မလာမချင်း ထိန်းထိန်းသိမ်းသိမ်းလေး ပျော်ပါးနေစေချင်တယ် အသိနဲ့သတိလေးရှိစေချင်ပါတယ်လို့” အင်တာဗျူးလေးမှာဖြေဆိုထားတာပဲဖြစ်ပါတယ်။

Source – Myanmar Celebrity
Shwe Yaung Myanmar