ပြုခဲ့သမျှကုသိုလ်အစုစုအတွက် အလိုချင်ဆုံးသော ဆုတစ်ဆုတည်းကိုသာ တောင်းဆုပြုခဲ့တဲ့ နေခြည်ဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

တစ္ႏိုင္ငံလုံးက လူႀကီး၊ လူငယ္ ပရိသတ္မေ႐ြး သိၿပီးသားျဖစ္တဲ့ ေနျခည္ဦးကေတာ့ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တာ ႏွစ္အနည္းငယ္သာရွိေသးေပမယ့္ အသစ္တစ္ေယာက္နဲ႔မတူေအာင္ ႀကိဳးစားခဲ့မႈေၾကာင့္ အခုဆိုရင္ ေအာင္ျမင္တဲ့ ေနရာတစ္ေနရာကို ေရာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။ ေနျခည္ဦးကေတာ့ အႏုပညာသက္တမ္းႏုေသးတယ္ဆိုေပမယ့္ သူမရဲ႕ ေဖာ္ေ႐ြျပဳငွာတဲ့ စိတ္ထားေၾကာင့္ အႏုပညာညီအစ္ကိုေမာင္ႏွမေတြက ခ်စ္ၾကသလို ပရိသတ္ေတြကလည္း ခ်စ္ခင္အားေပးၾကတာပဲ ျဖစ္ပါတယ္။

မေန႔က ႏိုဝင္ဘာလ (၁၇) ရက္ေန႔မွာေတာ့ ေနျခည္ဦးက She Shines Jewelry နဲ့အတူ သူမရရွိခဲ့တဲ့ အႏုပညာေၾကးေတြထဲက သိန္း (၁၀၀၀) ကို အသုံးျပဳၿပီး ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးမွာ အေမမ်ားအဖြဲ႕ ၊ ကိုလူေခ်ာအဖြဲ႕ ၊ မမမ်ားအဖြဲ႕ ၊ အဓိကသ႐ုပ္ေဆာင္အေျခခံအလႊာ ႏွင့္ ဇာတ္လမ္း/ဇာတ္ၫႊန္းအေျခခံအလႊာ ေတြကို ဆန္ႏွင့္ဆီ သိန္း (၁၀၀) ဖိုးနဲ့ ရန္ကုန္ျပည္သူ့ေဆးရံုၾကီးမွာ လိုအပ္တဲ့ေဆးဝါးကိရိယာေတြအတြက္ အလွဴေငြ သိန္း (၂၈၂) သိန္းတို့ကို လွဴဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။။ ေနျခည္ဦးကေတာ့ သူမျပဳခဲ့သမွ် ကုသိုလ္ေတြအတြက္ “လက္ရွိဘဝမွာတင္ အလႉေရစက္လက္နဲ႔မကြာ ဘာသာအက်ိဳး သာသနာအက်ိဳး ႏိုင္ငံ့အက်ိဳး ဦးေဆာင္ထမ္း႐ြက္ျပဳႏိုင္သူ ျဖစ္ရပါလို၏ ” ဆိုတဲ့ ေတာင္းဆုတစ္ဆုတည္းကိုသာ ေတာင္းဆိုခဲ့ပါတယ္။

ေနျခည္ဦးကေတာ့ က်န္ရိွေနေသးတဲ့ ေငြေၾကးေတြကိုလည္း လိုအပ္ေနတဲ့ ေနရာေတြမွာ ဆက္လက္ျပီး ခြဲေဝလွဴဒါန္းေပးသြားဦးမွာ ျဖစ္ပါတယ္။ စိတ္ထားေကာင္းတဲ့ ေနျခည္တစ္ေယာက္ ေတာင္းသမွ်ဆုေတြ ျပည့္ဝပါေစလို့ ဆႏၵျပဳလုိက္က္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: beautybynaychi’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

ပြုခဲ့သမျှကုသိုလ်အစုစုအတွက် အလိုချင်ဆုံးသော ဆုတစ်ဆုတည်းကိုသာ တောင်းဆုပြုခဲ့တဲ့ နေခြည်ဦး

တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် ပရိသတ်မရွေး သိပြီးသားဖြစ်တဲ့ နေခြည်ဦးကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ နှစ်အနည်းငယ်သာရှိသေးပေမယ့် အသစ်တစ်ယောက်နဲ့မတူအောင် ကြိုးစားခဲ့မှုကြောင့် အခုဆိုရင် အောင်မြင်တဲ့ နေရာတစ်နေရာကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ အနုပညာသက်တမ်းနုသေးတယ်ဆိုပေမယ့် သူမရဲ့ ဖော်ရွေပြုငှာတဲ့ စိတ်ထားကြောင့် အနုပညာညီအစ်ကိုမောင်နှမတွေက ချစ်ကြသလို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၁၇) ရက်နေ့မှာတော့ နေခြည်ဦးက She Shines Jewelry နဲ့အတူ သူမရရှိခဲ့တဲ့ အနုပညာကြေးတွေထဲက သိန်း (၁၀၀၀) ကို အသုံးပြုပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ အမေများအဖွဲ့ ၊ ကိုလူချောအဖွဲ့ ၊ မမများအဖွဲ့ ၊ အဓိကသရုပ်ဆောင်အခြေခံအလွှာ နှင့် ဇာတ်လမ်း/ဇာတ်ညွှန်းအခြေခံအလွှာ တွေကို ဆန်နှင့်ဆီ သိန်း (၁၀၀) ဖိုးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လိုအပ်တဲ့ဆေးဝါးကိရိယာတွေအတွက် အလှူငွေ သိန်း (၂၈၂) သိန်းတို့ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။။ နေခြည်ဦးကတော့ သူမပြုခဲ့သမျှ ကုသိုလ်တွေအတွက် “လက်ရှိဘဝမှာတင် အလှူရေစက်လက်နဲ့မကွာ ဘာသာအကျိုး သာသနာအကျိုး နိုင်ငံ့အကျိုး ဦးဆောင်ထမ်းရွက်ပြုနိုင်သူ ဖြစ်ရပါလို၏ ” ဆိုတဲ့ တောင်းဆုတစ်ဆုတည်းကိုသာ တောင်းဆိုခဲ့ပါတယ်။

နေခြည်ဦးကတော့ ကျန်ရှိနေသေးတဲ့ ငွေကြေးတွေကိုလည်း လိုအပ်နေတဲ့ နေရာတွေမှာ ဆက်လက်ပြီး ခွဲဝေလှူဒါန်းပေးသွားဦးမှာ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ နေခြည်တစ်ယောက် တောင်းသမျှဆုတွေ ပြည့်ဝပါစေလို့ ဆန္ဒပြုလိုက်က်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: beautybynaychi’s fb
Bilie – Cele Connections