နာမည်ကြီး Esports အဖွဲ့ဖြစ်တဲ့ BURMESE GHOULS က ကလေးတွေနဲ့ ဆုံတွေ့တုန်း အရွှန်းဖောက်စနောက်ခံခဲ့ရကြောင်း ပြောပြလာတဲ့ စိုးမြတ်သူဇာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အို္က္တင္ပါးပါးေလးေတြနဲ့ က်ရာဇာတ္ရုပ္ကို အံဝင္ခြင္က်သရုပ္ေဆာင္နိုင္တဲ့ မင္းသမီးေခ်ာ စိုးျမတ္သူဇာကေတာ့ အကယ္ဒမီဆုမ်ားရွင္ ဝါရင့္ သမၻာရင့္ သရုပ္ေဆာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အသက္ (၄၉) နွစ္ အရြယ္ေရာက္ရိွေနျပီျဖစ္တဲ့ စိုးျမတ္သူဇာကေတာ့ လူၾကီးပိုင္းအရြယ္ ေရာက္ေနျပီဆိုေပမယ့္ သူမရဲ့ အားလပ္ခ်ိန္ေတြမွာ Mobile Legends ဂိမ္းကစားရင္း အခ်ိန္ကုန္ဆံုးေလ့ရိွတာပဲ ျဖစ္ပါတယ္။ စိုးျမတ္သူဇာကေတာ့ မင္းသား ျမင့္ျမတ္ရဲ့ သင္ျပေပးမႈနဲ့ Mobile Legends ဂိမ္းကို ၾကိဳက္နွစ္သက္သြားခဲ့ျပီး ဒီေန့ဒီအခ်ိန္ထိ စြဲစြဲလန္းလန္းျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ စိုးျမတ္သူဇာက Esports အဖြဲ့ျဖစ္တဲ့ BURMESE GHOULS က ကေလးေတြနဲ့ ဆံုေတြ့ခဲ့တဲ့ အမွတ္တရကို ခ်ျပလာပါတယ္။ စိုးျမတ္သူဇာက BURMESE GHOULS နဲ့ အမွတ္တရေတြကို မွ်ေဝရင္း “သူတို့ အဖြဲ႕ထဲ ဝင္ဖို့ BG က ေျပာရွာပါတယ္။ အန္တီ အသက္ႀကီး သြားလို့ပါတဲ့” ဆိုျပီး သူမရဲ့ ဂိမ္းစြဲလမ္းမႈကို အရႊန္းေဖာက္ေျပာျပလာခဲ့ပါတယ္။

စိုးျမတ္သူဇာကေတာ့ သူမရဲ့ အသက္အရြယ္အရ ဘုရားတရားနဲ့ ဘာသာေရးကိုလည္း အခ်ိန္ေပးလုပ္ကိုင္သလို သူမကို စိတ္အပန္းေျပေစတဲ့ ဂိမ္းေတြကိုလည္း စြဲစြဲျမဲျမဲေဆာ့တတ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Soemyat Thuzar’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

နာမည်ကြီး Esports အဖွဲ့ဖြစ်တဲ့ BURMESE GHOULS က ကလေးတွေနဲ့ ဆုံတွေ့တုန်း အရွှန်းဖောက်စနောက်ခံခဲ့ရကြောင်း ပြောပြလာတဲ့ စိုးမြတ်သူဇာ

အိုက်တင်ပါးပါးလေးတွေနဲ့ ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချော စိုးမြတ်သူဇာကတော့ အကယ်ဒမီဆုများရှင် ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက် (၄၉) နှစ် အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ စိုးမြတ်သူဇာကတော့ လူကြီးပိုင်းအရွယ် ရောက်နေပြီဆိုပေမယ့် သူမရဲ့ အားလပ်ချိန်တွေမှာ Mobile Legends ဂိမ်းကစားရင်း အချိန်ကုန်ဆုံးလေ့ရှိတာပဲ ဖြစ်ပါတယ်။ စိုးမြတ်သူဇာကတော့ မင်းသား မြင့်မြတ်ရဲ့ သင်ပြပေးမှုနဲ့ Mobile Legends ဂိမ်းကို ကြိုက်နှစ်သက်သွားခဲ့ပြီး ဒီနေ့ဒီအချိန်ထိ စွဲစွဲလန်းလန်းဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စိုးမြတ်သူဇာက Esports အဖွဲ့ဖြစ်တဲ့ BURMESE GHOULS က ကလေးတွေနဲ့ ဆုံတွေ့ခဲ့တဲ့ အမှတ်တရကို ချပြလာပါတယ်။ စိုးမြတ်သူဇာက BURMESE GHOULS နဲ့ အမှတ်တရတွေကို မျှဝေရင်း “သူတို့ အဖွဲ့ထဲ ဝင်ဖို့ BG က ပြောရှာပါတယ်။ အန်တီ အသက်ကြီး သွားလို့ပါတဲ့” ဆိုပြီး သူမရဲ့ ဂိမ်းစွဲလမ်းမှုကို အရွှန်းဖောက်ပြောပြလာခဲ့ပါတယ်။

စိုးမြတ်သူဇာကတော့ သူမရဲ့ အသက်အရွယ်အရ ဘုရားတရားနဲ့ ဘာသာရေးကိုလည်း အချိန်ပေးလုပ်ကိုင်သလို သူမကို စိတ်အပန်းပြေစေတဲ့ ဂိမ်းတွေကိုလည်း စွဲစွဲမြဲမြဲဆော့တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Soemyat Thuzar’s fb
Bilie – Cele Connections