iPhone ကိုင်တိုင်း ချမ်းသာတယ်ဆိုပြီး လူအထင်ကြီးခံနေရကြောင်း ပြောပြလာတဲ့ မြတ်သူသူ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Myat Thu Thu’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

iPhone ကိုင်တိုင်း ချမ်းသာတယ်ဆိုပြီး လူအထင်ကြီးခံနေရကြောင်း ပြောပြလာတဲ့ မြတ်သူသူ

သရုပ်ဆောင် မြတ်သူသူကတော့ အနုပညာလောကမှာ ကျင်လည်ခဲ့တာ ဆယ်စုနှစ်တစ်စုနီးပါးတိုင်ရှိခဲ့ပြီဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မြတ်သူသူက ပြီးခဲ့တဲ့လပိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “တို့မမနဲ့တို့” ဇာတ်လမ်းတွဲမှာတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းကို သောင်းသောင်းဖြဖြခံခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြတ်သူသူက ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မြတ်သူသူက လူတွေက ဈေးကြီးပစ္စည်းကိုင်တိုင်း ချမ်းသာတယ်လို့ ထင်နေကြကြောင်းကို “Iphone ကိုင်ရင် ချမ်းသာတယ်လို့ ဘယ်သူစထွင်ခဲ့ပါလိမ့်နော်။ ကွကိုယ် ဝယ်တာတောင် အထင်ကြီးခံရချက်အေ အထင်ကြီးခံရသလို အရမ်းတွေအမြန်ချမ်းသာပါစေကွာ အခုတော့ ရသမျှအလုပ်တွေကနေ ပိုက်ဆံလေးစုရင်း လိုချင်တာလေးတွေ ထပ်ဝယ်လိုက်ဦးမယ် လှူလည်းလှူ စုလည်းစု သုံးလည်းသုံး သာယာသော” ဆိုပြီး သူမရဲ့အဖြစ်လေးနဲ့ နှိုင်းယှဉ်ပြီးပြောလာခဲ့ပါတယ်။

မြတ်သူသူကတော့ သူမကိုယ်တိုင်လည်း မပြည့်စုံသေးပေမယ့် ပြည့်စုံတဲ့အခြေအနေတစ်ခုထိရောက်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြတ်သူသူကို ဒီထက်မက ပိုချစ်ပြီး ပိုအားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Myat Thu Thu’s fb
Bilie – Cele Connections