အချစ်ရဆုံး မင်းသားချော ရွှေထူးနဲ့အတူတူ ရိုက်ကူးရေးလုပ်ရမှာမို့ ပီတိဖြစ်ဝမ်းသာနေတဲ့ ရွှေမှုံရတီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

အချစ်ရဆုံး မင်းသားချော ရွှေထူးနဲ့အတူတူ ရိုက်ကူးရေးလုပ်ရမှာမို့ ပီတိဖြစ်ဝမ်းသာနေတဲ့ ရွှေမှုံရတီ

နိုင်ငံကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိပိုင်ဆိုင်ထားတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးနှစ်သိမ့်နေရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ စုံတွဲလေးကို ချစ်ခင်စွာနဲ့ သူတို့နှစ်ယောက်စလုံးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးကြတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ ရွှေထူးနဲံ ရွှေမှုံရတီက ကြော်ငြာအချို့ကိုသာ ရိုက်ကူးပြီး အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီက ရိုက်ကူးရေးအတူတကွ လုပ်ကိုင်နေကြတာဖြစ်ပြီး ရွှေနှစ်ရွှေက သူတို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့အတွက် ဖေ့စ်ဘုတ်စာမျက်နှာအသီးသီးမှာ မျှဝေပေးထားကြပါတယ်။ ရွှေမှုံရတီကလည်း ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့အတူတူ ရိုက်ကူးရေးပြုလုပ်ရမှာမို့ ဝမ်းသာနေတာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ ရုပ်ရှင်ဇာတ်ကား နှစ်ကားမှာလည်း အတူတူတွဲဖက်သရုပ်ဆောင်ဖူးသလို စုံတွဲသီချင်းတွေလည်း သီဆိုခဲ့ပြီး အနုပညာလှုပ်ရှားမှု တော်တော်များများကိုလည်း ပြုလုပ်ခဲ့ဖူးကြတာမို့ ဘာမှအခက်အခဲမရှိလောက်ဘူးလို့ ထင်ပါတယ်။ ပရိသတ်ကြီးကလည်း ရွှေနှစ်ရွှေ ရိုက်ကူးရေးလုပ်နေတာက ဘာအတွက်ဖြစ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Shwe Hmone Yati & Htoo Khant’s fb
Bilie – Cele Connections