သူမနဲ့ နာမည်တူ သူနာပြုဆရာမလေးရဲ့ PPE ဝတ်စုံပေါ်က စာလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေရတဲ့ ဝတ်မှုံရွှေရည်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

မင္းသမီးေခ်ာေလး ဝတ္မႈံေရႊရည္ကေတာ့ သရုပ္ေဆာင္ေကာင္းသလို က်ရာဇာတ္ရုပ္အေပၚ တာဝန္ေက်လြန္းတဲ့ အနုပညာရွင္တစ္လက္ပဲ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္ကေတာ့ ထိပ္တန္းမင္းသမီးတစ္လက္ပီပီ (၂၀၂၀) ခုနွစ္မွာ “နန္းက်ဘုရင္”၊ “လိပ္ျပာစံအိမ္ (၂)”၊ “ဝတ္လဲေတာ္ေရႊပုဆိုး တန္းထိုးလို့ၾကိဳမယ္”၊ “အထက္တန္းစားေရ” စတဲ့ နာမည္ၾကီး ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ ပါဝင္သရုပ္ေဆာင္ဖို့ ျပင္ဆင္ထားေပမယ့္ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ တစ္နွစ္လံုးနီးပါး ရုပ္ရွင္ရိုက္ကူးမႈေတြကို ရပ္နားထားရတာပဲ ျဖစ္ပါတယ္။

ရုပ္ရွင္ဇာတ္ကားရိုက္ကူးမႈေတြ ရပ္နားထားေပမယ့္ ဝတ္မႈံေရႊရည္က သူမရဲ့ လႈပ္ရွားမႈပံုရိပ္အခ်ိဳ့ကို လူမႈကြန္ယက္စာမ်က္နွာမွာ ခ်ျပရင္း ပရိသတ္ေတြရဲ့ ထိေတြ့နိုင္ဖို့ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကေန့မွာေတာ့ ဝတ္မႈံေရႊရည္က သူမနဲ့ နာမည္တူ သူနာျပဳေလးတစ္ေယာက္ရဲ့ ပံုရိပ္ကို ခ်ျပလာပါတယ္။ ဝတ္မႈံေရႊရည္က ေရွ့တန္းကေန လူနာေတြကို ကုသမႈေပးေနတဲ့ သူနာျပဳေလးရဲ့ PPE ဝတ္စံုေပၚက “ဆရာမ ဝတ္မႈံေရႊရည္” ဆိုတဲ့ စာသားေလးေၾကာင့္ ဂုဏ္ယူမဆံုးျဖစ္ေနတာပဲ ျဖစ္ပါတယ္။

ဝတ္မႈံေရႊရည္ကေတာ့ ကိုဗစ္ကာလမွာ ေရွ့တန္းကေန ကာကြယ္ေစာင့္ေရွာက္မႈေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္လည္း လိုအပ္တဲ့ ေထာက္ပံ့မႈေတြကို ျပဳလုပ္ေပးခဲ့သလို အေျခခံလူတန္းစားေတြအတြက္လည္း စားနပ္ရိကၡာမ်ား ကူညီေဝငွေပးျခင္းမ်ားကိုလည္း ေဆာင္ရြက္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Wutt Hmone Shwe Yi’s ig
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

သူမနဲ့ နာမည်တူ သူနာပြုဆရာမလေးရဲ့ PPE ဝတ်စုံပေါ်က စာလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေရတဲ့ ဝတ်မှုံရွှေရည်

မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်အပေါ် တာဝန်ကျေလွန်းတဲ့ အနုပညာရှင်တစ်လက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ ထိပ်တန်းမင်းသမီးတစ်လက်ပီပီ (၂၀၂၀) ခုနှစ်မှာ “နန်းကျဘုရင်”၊ “လိပ်ပြာစံအိမ် (၂)”၊ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်”၊ “အထက်တန်းစားရေ” စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဆင်ထားပေမယ့် ကပ်ရောဂါအခြေအနေတွေကြောင့် တစ်နှစ်လုံးနီးပါး ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားထားရတာပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားပေမယ့် ဝတ်မှုံရွှေရည်က သူမရဲ့ လှုပ်ရှားမှုပုံရိပ်အချို့ကို လူမှုကွန်ယက်စာမျက်နှာမှာ ချပြရင်း ပရိသတ်တွေရဲ့ ထိတွေ့နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်က သူမနဲ့ နာမည်တူ သူနာပြုလေးတစ်ယောက်ရဲ့ ပုံရိပ်ကို ချပြလာပါတယ်။ ဝတ်မှုံရွှေရည်က ရှေ့တန်းကနေ လူနာတွေကို ကုသမှုပေးနေတဲ့ သူနာပြုလေးရဲ့ PPE ဝတ်စုံပေါ်က “ဆရာမ ဝတ်မှုံရွှေရည်” ဆိုတဲ့ စာသားလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ကိုဗစ်ကာလမှာ ရှေ့တန်းကနေ ကာကွယ်စောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ပြုလုပ်ပေးခဲ့သလို အခြေခံလူတန်းစားတွေအတွက်လည်း စားနပ်ရိက္ခာများ ကူညီဝေငှပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi’s ig
Bilie – Cele Connections