ဓာတ်ပုံရိုက်ဖို့ဝါသနာမပါတဲ့ ခင်ပွန်း ပြေတီဦး မသိအောင် ဓာတ်ပုံလေးခိုးရိုက်ပြီး ပရိသတ်တွေ အလွမ်းပြေကြည့်နိုင်ဖို့ ဝေမျှပေးခဲ့တဲ့ အိန္ဒြာကျော်ဇင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ဓာတ်ပုံရိုက်ဖို့ဝါသနာမပါတဲ့ ခင်ပွန်း ပြေတီဦး မသိအောင် ဓာတ်ပုံလေးခိုးရိုက်ပြီး ပရိသတ်တွေ အလွမ်းပြေကြည့်နိုင်ဖို့ ဝေမျှပေးခဲ့တဲ့ အိန္ဒြာကျော်ဇင်

ပြည်သူချစ် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ တူညီတဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်း “သစ်ရွက်စိမ်းလေးရဲ့အချစ်” ဗီဒီယိုဇာတ်ကားအတူတူရိုက်ရင်း တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးခဲ့ကြတာပဲ ဖြစ်ပါတယ်။ (၂၀၁၁) ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ အိမ်ထောင်သက် (၉)နှစ်အတွင်းမှာ ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ သားသမီးနှစ်ယောက် ထွန်းကားခဲ့ပြီး ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးချစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ မိန်းမသားပီပီ ဓာတ်ပုံရိုက် ဝါသနာပါပြီး သူမရဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေအတွက် မကြာခဏ မျှဝေပေးလေ့ရှိသလို ပြေတီဦးကတော့ မင်းသားတစ်ယောက်ဖြစ်ပေမယ့် ရိုက်ကွင်းပြင်ပမှာ သူ့ရဲ့ ဓာတ်ပုံတွေကို တော်ရုံတန်ရုံရိုက်ပြီး မျှဝေပေးလေ့မရှိပါဘူး။ ဒါပေမယ့် ဒီကနေ့မှာတော့ အိန္ဒြာကျော်ဇင်က ပြေတီဦးကို လွမ်းနေကြမယ့် ပရိသတ်တွေအတွက် ပြေတီဦးမသိအောင် ဓာတ်ပုံလေးခိုးရိုက်ပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ မျှဝေပေးလာပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ဓာတ်ပုံရိုက်ဖို့တွန့်တိုလွန်းတဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦး မသိအောင် ဓာတ်ပုံလေးခိုးရိုက်ပြီး ပရိသတ်တွေ အလွမ်းပြေကြည့်နိုင်ဖို့ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဦးတီရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အလွမ်းပြေသွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections