စေတနာထားပြီး မှန်မှန်ကန်ကန်လုပ်ဆောင်တာကြောင့် လုပ်ငန်းသစ်လေးလုပ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဝင်ငွေတွေအထပ်လိုက်ကြီး ဝင်လာခဲ့တဲ့ နေဒွေး
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source: နေဒွေး’s fb
Unicode ဖြင့်ဖတ်ပါ
★★★★★
စေတနာထားပြီး မှန်မှန်ကန်ကန်လုပ်ဆောင်တာကြောင့် လုပ်ငန်းသစ်လေးလုပ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဝင်ငွေတွေအထပ်လိုက်ကြီး ဝင်လာခဲ့တဲ့ နေဒွေး
သရုပ်ဆောင် နေဒွေးကတော့ ညိုစိမ့်စိမ့်အသားအရည်နဲ့ တည်ကြည်ခန့်ညားလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ နေဒွေးကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း သူ့ရဲ့မိဘစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဆန်စက်လုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ နေဒွေးတို့ရဲ့ မိသားစုရဲ့ ဆန်စက်စီးပွားရေးလုပ်ငန်းတွေကတော့ နေဒွေးရဲ့ လက်ထက်ရောက်မှ ပိုပြီးအောင်မြင်လာကာ တဖြည်းဖြည်း စီးပွားချဲ့ထွင်နိုင်တဲ့အထိ တိုးတက်လာခဲ့တာပဲ ဖြစ်ပါတယ်။
စီးပွားရေးနဲ့ ပက်သတ်ပြီး သူများထက်ခေါင်းတစ်လုံးသာ စဉ်းစားတတ်တဲ့ နေဒွေးက မကြာသေးခင်ရက်ပိုင်းကလည်း သူ့ရဲ့နာမည်နဲ့ “ဂျစ်တူး” အော်ဂဲနစ်ဆန်အမျိုးအစားအသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။ နေဒွေးရဲ့ အော်ဂဲနစ်ဆန်ကတော့ စားသုံးသူတွေကြားထဲရောက်ရှိတာ ရက်ပိုင်းအတွင်းသာရှိသေးပေမယ့် ထင်မထားလောက်အောင် အောင်မြင်ပြီး ဝင်ငွေတွေအများကြီးရရှိနေပြီပဲ ဖြစ်ပါတယ်။ နေဒွေးကလည်း သူ့ရဲ့အလုပ်နဲ့ပက်သတ်ပြီး “ရိုးသားပါ။ ကြိုးစားပါ။ ကိုယ့်အလုပ်ကို တန်ဖိုးထား စေတနာထားပါ။ မှန်မှန်ကန်ကန်ရောင်းပါ” ဆိုပြီး အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ပြောပြလာပါတယ်။
နေဒွေးကတော့ အမြတ်ရရှိဖို့ထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အော်ဂဲနစ်ဆန်ကို စေတနာအမှန်နဲ့ ထုတ်လုပ်ခဲ့တာကြောင့် စေတနာအကျိုးပေးခဲ့တာပဲ ဖြစ်ပါတယ်။ နေဒွေးရဲ့ လုပ်ငန်းသစ်လေး ဒီထက်မက အောင်မြင်ပြီး အမြတ်တွေအများကြီးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: နေဒွေး’s fb
Bilie – Cele Connections