မော်လမြိုင်မှ 𝟏𝟒 နှစ်သမီး 𝐇𝐃 ကိစ္စ ပန်ဆယ်လိုပြောပြီ
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ဒီပိုစ့်ရေးရင်ကိုယ်အဆဲခံရဦးမှာ။မပြောရမနေနိုင်တော့ဘူး။HDဖြန့်လို့ဖမ်းတဲ့Caseကသိနေတာကြာပြီ။အခုဖမ်းလို့သတင်းထဲပါမှလူသိများတာ။အရင်ကတည်းကတိုးတိုးသက်သာရှင်းနေတာ၊ကိုစည်သူဝင်ရှင်းပေးနေတဲ့Caseဆိုတော့မြင်နေတာကြာပြီ။သမီးရည်းစားအတူနေတယ်။ကောင်မလေးကအသက်မပြည့်သေးဘူး။၁၆နှစ်။ဟိုကောင်က၁၈နှစ်။SexRecordယူထားပြီးပြတ်တော့HDဖြန့်တယ်။
အခုကောင်မလေးမိဘတွေကသိသွားပြီးအမှုဖွင့်တယ်။မုဒိမ်းမှုနဲ့ဖမ်းတယ်။ဒီနေရာမှာကြားဖြတ်ပြောဖို့လိုတာကHDဖြန့်တဲ့ကိစ္စကနည်းပညာပိုင်းအရဖြစ်လာတဲ့အသစ်ဖြစ်သောပြစ်မှုဖြစ်တဲ့အတွက်ဥပဒေပုဒ်မခိုင်ခိုင်မာမာမရှိသေးဘူး။ပုဒ်မ၆၆နဲ့ပဲတရားစွဲလို့ရမယ့်သဘောမှာရှိတယ်။အခြားပုဒ်မထပ်တိုးလို့ရရင်လည်းပုဒ်မနဲ့ပြစ်မှုကြောင့်ဆုံးရှုံးနစ်နာရမှုကမထိုက်တန်အောင်နည်းတယ်။
ဒါ့ကြောင့်မုဒိမ်းမှုပုဒ်မကိုသုံးဟန်တူတယ်။မုဒိမ်းမှုဆိုရင်အလိုမတူဆိုတဲ့လမ်းကြောင်းကိုနင်းရတယ်။နောက်တစ်ချက်ကအသက်မပြည့်သေးရင်အလိုတူတူ၊မတူတူမုဒိမ်းမှုပဲ။အဲ့အချက်ကယောက်ျားလေးတွေသတိထားဖို့လိုတဲ့အချက်ပဲ။မျှတတာမမျှတတာ၊မိန်းကလေးဘက်ကစတာပါတွေကဥပဒေအရဘောင်မဝင်ဘူး။အသက်မပြည့်ရင်ဘယ်လောက်ပဲအလိုတူနေပါစေမုဒိမ်းမှုပဲ။သက်ငယ်မုဒိမ်းပဲ။
အသက်၁၆ဆိုတာအပျိုကြီးဖြစ်နေပြီ၊အမွှေးအတောင်စုံပြီဆိုပေမယ့်ဥပဒေအရအသက်၁၈နှစ်မှအသက်ပြည့်တာ။အသက်၁၆နှစ်မပြည့်သေးတဲ့မိန်းကလေးနဲ့သမီးရည်းစားဖြစ်ရင်သတိထားဖို့လိုတယ်။ဘာမှမဖြစ်ရင်ဘာမှမဖြစ်ဘူး။ဖြစ်ရင်သက်ငယ်မုဒိမ်းပဲ။အခုကိစ္စမှာကVideoကအတော်ပျံ့သွားပုံရတယ်။လူငယ်ပိုင်းအတော်များများမိန်းကလေး၊ယောက်ျားလေးတွေကြည့်ပြီးကြပုံရတယ်။
အတော်ပျံ့အောင်ဖြန့်ထားလို့လည်းမိန်းကလေးဘက်ကအရှက်ကွဲလက်စနဲ့မထူးဘူးဆိုပြီးအမှုဖွင့်ရတာမျိုး။ပြောချင်တာကခုမှလာတာ။ဒီCaseနဲ့ပတ်သက်ပြီးCommentတွေဖတ်ရတာအတော်ဆိုးတယ်။အပေါ်ကနေပြီးအလိုမတူတာလား၊ဘာလားညာလား။အဲ့လိုCommentပေးတဲ့အထဲမှာမိန်းကလေးတွေအများစုပါဝင်နေတာအတော်စိတ်ပျက်စရာကောင်းတယ်။ပြသနာအရင်းအမြစ်ကအလိုတူတာမတူတာက
အဓိကမဟုတ်ဘူး။ဘုသွားလို့တရားစွဲတာမဟုတ်ဘူး။HDဖြန့်မယ်လို့အကြိမ်ပေါင်းများစွာခြိမ်းခြောက်တာနဲ့ဖြန့်လိုက်တာကအဓိကပြသနာ။အလိုတူခြင်းမတူခြင်းဆိုတာဥပဒေကြောင်းအရလိုအပ်လို့ပါဝင်လာတာ။(မရှင်းရင်အပေါ်ကအပိုဒ်၄ကိုပြန်ဖတ်ပါ)အမျိုးသားတွေကိုတော့ဘာမှမပြောလိုတော့ဘူး။ပြောချင်တာကမိန်းမချင်းကိုယ်ချင်းမစာတစ်တစ်ခွခွတွေပြောပြီးဝင်Blameနေတဲ့အထန်မတွေကိုပဲ။
ဘုတဲ့ကိစ္စကအဖြစ်များနေတဲ့ကိစ္စ။HDကြည့်ပြီးတစ်တစ်ခွခွတွေဝင်Blameနေတဲ့မိန်းမတွေကမဘုဖူးဘူးချီးစားပြောတောင်မယုံဘူး။သူတို့လည်းဖြစ်ဖူးကြတဲ့ကိစ္စမျိုးHDဖြန့်ခံရတာနဲ့၊ဖြန်မခံရတာနဲ့ပဲကွာမယ်။ဘုရုံတင်မကပြတ်တာနဲ့HDဖြန့်တဲ့အထိယုတ်မာတဲ့လူယုတ်မာမျိုးကအဘုမခံရတာပဲသာတာရှိတယ်။ဘာလို့များမိန်းမချင်းမစာမနာနင်းကန်ပြောနေရလဲနားမလည်ဘူး။ကာယကံရှင်မိန်းကလေးဘက်က
မှန်လွန်းပါတယ်ဆိုပြီးဝင်နာနေတာမဟုတ်ဘူး။အလိုတူပြီးဘုပြီးမယူလို့မုဒိမ်းပုဒ်မနဲ့တရားစွဲတာမျိုးဆိုအဲ့ကောင်မလေးကိုပါရွံမိမှာ။အခုကယောက်ျားလေးဘက်ကယုတ်မာပြီးကောင်မလေးသတ်သေသွားမှကျေနပ်မယ်လို့ကြွေးကြော်ပြီးရည်ရွယ်ချက်ရှိရှိHDဖြန့်တဲ့ကိစ္စ။မိန်းကလေးမှာအမှားရှိတာမှန်ပေမယ့်ဒီလိုယုတ်မာမှုမျိုးမှာတော့မိန်းကလေးချင်းကိုယ်ချင်းစာသင့်တယ်။မိန်းကလေးရယ်ယောက်ျားလေးရယ်ခွဲခြားနေရမယ့်ကိစ္စမဟုတ်ဘူး။
ဒါလူဆန်မှုနဲ့လူမဆန်မှုကြားကကိစ္စပဲ။ကိုယ်ဘယ်ဘက်ကရပ်မလဲရွေးရုံပဲ။အပေါ်ကနေတာ၊အောက်ကနေတာတွေလိုက်တွေးနေရင်နင်တို့ကျမှစင်းစင်းလေးငြိမ်နေလိုက်ကြကမတွေ။အခုလိုခေတ်မှာအပျိုစင်တရားထိုင်ဟောနေလည်းလျှာအလျားသားထွက်ပြီးမောသေမှာပဲအဖတ်တင်မယ်။အဲ့တော့မဘုကြပါနဲ့လည်းပြောမနေတော့ဘူး။ညည်းလေးတို့သဘောပဲ။မိဘဆွေမျိုးအသိုင်းအဝိုင်းနဲ့
ဘဝတောက်လျှောက်သောက်ရှက်ဒေါင်လိုက်မကွဲအောင်(၂)ချက်ကိုတိတိကျကျဆင်ခြင်ကြဖို့ပဲရှိခိုးဦးတင်ပြောချင်တယ်။နံပါတ်(၁)ဘုပြီးရင်အကောင်ကတိုက်တိုက်မတိုက်တိုက်သန္ဓေတားဆေးသောက်။Hotelသွားဖို့တောင်မရှက်ရင်တားဆေးဝယ်ရမှာမှကွက်မရှက်နဲ့။ကိုယ့်တာဝန်ကိုယ်ယူ။ဘယ်ကောင်မှအားမကိုးနဲ့။နံပါတ်(၂)ဘာအကြောင်းကြောင့်နဲ့မှSexRecordအယူမခံနဲ့။ဟိုဒင်းမွှန်ပြီး
စွတ်အလိုမလိုက်နဲ့။တစ်ဘဝလုံးကြေးတစ်ပြားမှမရတဲ့ဖာတန်းဖြစ်သွားမယ်အမိတို့။အလိုလေးတစ်ချက်လိုက်လိုက်တာနဲ့ဘဝကြီးတစ်ခုလုံးစုတ်ပြတ်သတ်သွားမယ်။လူယုတ်မာမှာချိုမပါဘူး။နဖူးဟိုဟာတက်ပေါက်နေတာမဟုတ်ဘူး။ငါ့ကောင်လေးကဒီလိုလူယုတ်မာမဟုတ်လောက်ဘူးမတွေးလိုက်နဲ့။အဲ့လိုတွေးမိတဲ့Seniorအယ်မတွေxnxxပေါ်ရောက်နေပြီ။မရိုက်ရလို့သေရပါတော့မယ်ဆိုရင်ပြတင်းပေါက်ကသာဖင်ပိတ်ကန်ချလိုက်။
ဒီနိုင်ငံမှာဖြစ်လာပြီဆိုရင်မိန်းမဘဝရထားသူချင်းတောင်ကိုယ်ချင်းစာမှုကိုမျှော်လင့်လို့ရတာမဟုတ်ဘူး။ညည်းအပေါ်ကနေလား၊အောက်ကနေလားထိုင်ကြည့်ပြီးBlameတတ်တဲ့ဟာမတွေမနည်းဘူး။မမေ့နဲ့…မိန်းမချင်းတောင်ကိုယ်ချင်းမစာကြတဲ့မိန်းမတွေများနေသရွေ့အမျိုးသမီးအခွင့်အရေးဆိုတာယောက်ျားထုကြီးတစ်ယောက်မကျန်ကရွှေဝေါနဲ့လာပေးတောင်မရနိုင်ဘူး။HDဖြန့်တဲ့ပြစ်မှုကိုအလိုတူမတူမှာတင်ဂိတ်ဆုံးနေကြတဲ့မုန့်စိန်မတွေ…
အခုဒီပိုစ့်ရေးလို့ကျုပ်ကိုလည်းသိလှချည်လားဆိုပြီးSexualပိုင်းနဲ့တစ်တစ်ခွခွBlameကြဦးမှာပဲ။အိမ်ထောင်သက်၅နှစ်ကျော်ကလေးအမေဟေ့။မသိရအောင်အာသဝေါကုန်ခမ်းနေတဲ့ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်မဟုတ်ဘူး။လက်သည်းကိုက်ရှက်ပြနေမယ့်မိန်းမအီကြာကွေးမဟုတ်ဘူး။ဘွင်းဘွင်းပဲ။စောင်သည်းပေါက်လွန်းလို့အာလူးဇကာကွက်ကြော်ဖြစ်နေပြီ။မိန်းမတွေကမိန်းမတွေအပေါ်ရက်စက်တာလောက်ခံပြင်းတာမရှိဘူး။
ကာမရယူတယ်။အဲ့အထိအလိုတူတဲ့အတွက်ယောက်ျားလေးဘက်ကိုအပြစ်မမြင်ဘူး။သူ့အခွက်ကျEditလုပ်ဖျက်ပြီးမိန်းကလေးတစ်ယောက်ရဲ့ဘဝကိုစုတ်ပြတ်နေအောင်ဖျက်စီးတဲ့လူမဆန်မှုမျိုးကိုပြသနာအရင်းခံထိမတွေးတတ်ဘဲအထန်စိတ်ငယ်ထိပ်တက်စောင့်ပြီးအထက်အောက်ကိစ္စမှာတင်တိုင်ပတ်ဒယ်လစ်နေတဲ့ဟာတွေကိုတော့အဇမ်းရွံတယ်။အနာရှိလို့စပ်ရင်လဲသေလိုက်ရှင်းတယ်နော်…