အွန်လိုင်းပေါ်မှာ HD ထွက်တယ်ဆိုတဲ့သတင်းတွေကို ဟန်ငြိမ်းဦး အကူအညီနဲ့ ဖြေရှင်းလာခဲ့တဲ့ ဇေရဲထက်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








crd-Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

အွန်လိုင်းပေါ်မှာ HD ထွက်တယ်ဆိုတဲ့သတင်းတွေကို ဟန်ငြိမ်းဦး အကူအညီနဲ့ ဖြေရှင်းလာခဲ့တဲ့ ဇေရဲထက်

နိုင်ငံကျော် သရုပ်ဆောင် ဇေရဲထက်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် စကားပြောပွင့်လင်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရစမြဲ ဖြစ်ပါတယ်။

ဇေရဲထက်ကတော့ နယ်မြို့လေးကနေလာတဲ့ မင်းသားတစ်ယောက်ပီပီ ရင်ထဲမှာရှိတာကို သိုဝှက်ထားခြင်းမရှိတဲ့ ဇေရဲထက်ရဲ့ အပြူအမူက ပရိသတ်တွေ ချစ်ရတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇေရဲထက်က အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားပေမယ့် ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။

အောင်မြင်ပြီး လူတကာအာရုံစိုက်ခံရတဲ့ မင်းသားတစ်လက်ပီပီ ဝေဖန်မှုတွေကို အမြဲတမ်းခံရလေ့ရှိတဲ့ ဇေရဲထက်က ဒီကနေ့မှာလည်း ညစ်ညမ်းဇာတ်လမ်းထွက်ရှိတယ်ဆိုတဲ့ ကောလဟာလကို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဇေရဲထက်ရဲ့အချစ်ရေးကို ဖော်ထုတ်ခဲ့တဲ့ ဟန်ငြိမ်းဦးအကောင့်ပိုင်ရှင်က ထိုဗီဒီယိုက ဇေရဲထက်မဟုတ်ကြောင်း ဖြေရှင်းပေးခဲ့တာကြောင့် “ကွီး Han Nyein oo ကယ်ပေးလို့ ငါ့ဘဝနွယ် ပြီးကိုမပြီးနိုင်ဘူး။ တခါတရံတော့ ကောင်းသတင်းလေးတွေတက်ပါစေ လို့ပဲဆုတောင်းနေမိတယ်” ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။

ဇေရဲထက်ကတော့ သူ့အိမ်ထဲမှာသူနေနေရင်းနဲ့ကို HD ထွက်တယ်ဆိုတဲ့ ကောလဟာလကို ရင်ဆိုင်နေရပြန်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကတော့ ဇေရဲထက်ရဲ့ ဖြေရှင်းချက်ကြောင့် အဖြစ်မှန်ကို နားလည်သဘောပေါက်သွားမယ် ထင်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd-Cele Connections