အိမ်ထောင်ကွဲခဲ့တဲ့ကိစ္စနဲ့ ပက်သတ်ပြီး အကောင့်တုနဲ့ နစ်နစ်နာနာလာဆဲတာတွေ ခြိမ်းခြောက်တာတွေရှိကြောင်း ပြောပြလာတဲ့ မြနှင်းရည်လွင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

အိမ်ထောင်ကွဲခဲ့တဲ့ကိစ္စနဲ့ ပက်သတ်ပြီး အကောင့်တုနဲ့ နစ်နစ်နာနာလာဆဲတာတွေ ခြိမ်းခြောက်တာတွေရှိကြောင်း ပြောပြလာတဲ့ မြနှင်းရည်လွင်

သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေအပြင် အခုအနောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ အခုနောက်ဆုံး ထုတ်လွှင့်ပြသခဲ့တဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာလည်း ဟန်နီချိုဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်နေတာတပဲ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုရရှိလာခဲ့ပြီး လူအာရုံစိုက်ခံရတဲ့ မြနှင်းရည်လွင်က ဒီကနေ့မှာတော့ သူမရဲ့ အိမ်ထောင်ကွဲခဲ့တဲ့ကိစ္စနဲ့ ပက်သတ်ပြီး အကောင့်တုနဲ့ နစ်နစ်နာနာလာဆဲတာတွေ ခြိမ်းခြောက်တာတွေရှိကြောင်း ပြောလာပါတယ်။

မြနှင်းရည်လွင်က သူကိုယ်တိုင် ဖွင့်ချထားပြီး တစ်နိုင်ငံလုံးသိပြီးသားဖြစ်တဲ့ သူမရဲ့ ကွာရှင်းတဲ့အကြောင်းအပြင် နစ်နစ်နာနာတွေ ဆဲဆိုနေတာကြောင့် ထိုအကောင့်တုကို Block ခဲ့ကာ CB ကနေပြီး ခြိမ်းခြောက်စာတွေပို့တဲ့အကြောင်းကို အခုလိုပဲ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မြနှင်းရည်လွင်ရဲ့ ဗီဒီယိုလေးကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

မြနှင်းရည်လွင်ကတော့ သူမတစ်ယောက်တည်းကိုပဲ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ချင်နေပုံရတဲ့ အကောင့်တုအကြောင်းကို ပြတ်ပြတ်သားသား ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Mya Hnin Yee Lwin ‘s fb
Bilie – Cele Connections