ရည်းစားမရှိတဲ့ လူပျိုကြီးအချင်းချင်းပီပီ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Live ဗီဒီယိုအောက်မှာ အပြင်ထွက်အချိန်ဖြုန်းဖို့ သတိတရပြောလာတဲ့ ထွန်းထွန်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ရည်းစားမရှိတဲ့ လူပျိုကြီးအချင်းချင်းပီပီ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Live ဗီဒီယိုအောက်မှာ အပြင်ထွက်အချိန်ဖြုန်းဖို့ သတိတရပြောလာတဲ့ ထွန်းထွန်း

မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ် အားပေးကြတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့ဟာ အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိထားသူတွေပါ။ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့ရဲ့ တူညီ တဲ့ အချက်တစ်ချက်ကတော့ ဒီအသက်အရွယ်ထိ အိမ်ထောင်မပြုကြသေးပဲ တစ်ကိုယ်တည်းလူပျိုကြီးတွေအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ငယ်ငယ်အဆိုတော်ဘဝကတည်းက ခင်မင်ခဲ့ကြတဲ့ ထွန်းထွန်းနဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီအသက်အရွယ်တွေရောက်ရှိလာချိန်မှာလည်း ငယ်ငယ်ကအတိုင်း အခင်အမင်မပျက်ရှိနေကြဆဲ ဖြစ်ပါတယ်။

ဒီနေ့ထိတိုင် တစ်ယောက်နဲ့တစ်ယောက် ခင်မင်နေဆဲဖြစ်တဲ့ လူပျိုကြီးနှစ်ယောက်က လွတ်လပ်သူတွေပီပီ အပြင်မှာလည်း အတူတူအချိန်ကုန်ဆုံးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ထွန်းထွန်းက စိုင်းစိုင်းခမ်းလှိုင်ရဲ့ Live ဗီဒီယိုအောက်မှာ ဘောလုံးအတူတူကန်ဖို့ သွားချိန်းခဲ့ရာ စိုင်းစိုင်းကလည်း ထွန်းထွန်းရဲ့ ကောမန့်ကို မြင်မြင်ချင်းပဲ စကားတုံ့ပြန်ပြောဆိုခဲ့တာကို အခုလိုမျိုးပဲ ချစ်စဖွယ်တွေ့ရပါတယ်။

ထွန်းထွန်းနဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ပြည်သူချစ် အနုပညာရှင်တွေပီပီ အခုလို စကားစမြည် ခဏလေးပြောတာကိုပဲ ပရိသတ်တွေက သဘောကျနေကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီလူပျိုကြီးနှစ်ယောက် အမြန်ဆုံး စွံဖို့ ဆုတောင်းပေးကြဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections