ဆံပင်တွေရှည်ပြီး ညှင်းသိုးသိုးဖြစ်နေတဲ့ သူငယ်ချင်းလွင်မိုးကို နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်နဲ့တူတယ်ဆိုပြီး စနောက်ခဲ့တဲ့ စိုးမြတ်သူဇာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Lwin Moe’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ဆံပင်တွေရှည်ပြီး ညှင်းသိုးသိုးဖြစ်နေတဲ့ သူငယ်ချင်းလွင်မိုးကို နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်နဲ့တူတယ်ဆိုပြီး စနောက်ခဲ့တဲ့ စိုးမြတ်သူဇာ

နိုင်ငံကျော် သရုပ်ဆောင်များဖြစ်ကြတဲ့ စိုးမြတ်သူဇာနဲ့ လွင်မိုးတို့ကတော့ အကယ်ဒမီဆုတွေများစွာကို လက်ဝယ်ပိုင်ဆိုင်ထားကြပြီး အောင်မြင်မှုတွေ အသီးသီး ရရှိပိုင်ဆိုင်ထားကြသူများ ဖြစ်ကြပါတယ်။ စိုးမြတ်သူဇာနဲ့ လွင်မိုးကတော့ သက်တူရွယ်တူတွေပီပီ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို အတူတူ ရိုက်ကူးရင်း သူငယ်ချင်းလို မောင်နှမလို ခင်မင်ကြဆဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လွင်မိုးက ရုပ်ရှင်ဇာတ်ကားတွေ သိပ်မရိုက်ကူးဖြစ်တော့ပေမယ့် အနုပညာညီအစ်ကိုမောင်နှမတွေနဲ့တော့ အမြဲတမ်း အဆက်အသွယ်မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။

စိုးမြတ်သူဇာကတော့ ပျော်ပျော်နေတတ်သူတစ်ယောက်ပီပီ သူမနဲ့ ခင်မင်ရင်းနှီးတဲ့သူတွေကို စနောက်ကျီစယ်တတ်တာ ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။ ဒီတစ်ခေါက်မှာလည်း စိုးမြတ်သူဇာက ဆံပင်တွေရှည်ပြီး နှုတ်ခမ်းမွှေးတွေမရိတ်ပဲ ညှင်းသိုးသိုးဖြစ်နေတဲ့ သူငယ်ချင်းလွင်မိုးကို “ဦးတေဇနဲ့တူတယ်” ဆိုပြီး မှတ်ချက်ချ စနောက်ခဲ့တာကို တွေ့ရပါတယ်။

စိုးမြတ်သူဇာကတော့ ဆံပင်ရှည်နေတဲ့ သူငယ်ချင်း လွင်မိုးကို နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်နဲ့တူတယ်ဆိုပြီး စနောက်ခဲ့တာကြောင့် ပရိသတ်တွေခမျာ ရယ်ချင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း လွင်မိုးတစ်ယောက် စိုးမြတ်သူဇာပြောတဲ့ ပုဂ္ဂိုလ်နဲ့ တကယ်ပဲတူရဲ့လား မှတ်ချက်လေးတွေ ပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Lwin Moe’s fb
Bilie – Cele Connections