ပညာအရမ်းတတ်ချင်သော်လဲ ကျောင်းဆက်မတက်နိုင်ခဲ့တဲ့အပြင် ပိုက်ဆံမတတ်နိုင်လို့ မွေးရာပါနှလုံးရောဂါကိုပါ ဆေးမကုသနိုင်ခဲ့တဲ့ ဘဝအခြေအနေကို ရင်ဖွင့်ခဲ့တဲ့ ထက်ထက်မိုးဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : Htet Htet Moe Oo
Maria (Yaung Chi)

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ.. ကြော်ငြာဘုရင်မထက်ထက်မိုးဦးကတော့ သူမ မအောင်မြင်ခင်က ခက်ခဲကြမ်းတမ်းခဲ့တဲ့ဘ၀ အကြောင်းကို ပရိသတ်တွေကို ရင်ဖွင့်လာခဲ့ပါတယ် ။ သူမငယ်ငယ်ထဲက အမေလည်းမရှိခဲ့သလို အဖေနဲ့လည်းအတူတူမနေခဲ့ရဘဇဲ သူများတွေဆီလိုက်နေခဲ့ရတာပါ ။မွေးရာပါနှလုံးရောဂါရှိပေမဲ့ ငွေကြေးမတတ်နိုင်လို့ မကုနိုင်ခဲ့ဘူးလို့လည်းသိရပါတယ် ။

ပညာအရမ်းတတ်ချင်ပေမယ့် ကျောင်းဆက်မတက်နိုင်ခဲ့ဘဲ အသက် ဆယ့်ခြောက်နှစ်မှာ မင်းသမီးစလုပ်တဲ့အချိန် အကုန်လုံးကို စွန့်လွှတ်ခဲ့ရတယ်လို့ဆိုပါတယ် ။ သူမရဲ့ မွေးရပ်ဇာတိ၊ ဆွေမျိုးတွေကို စွန့်လွှတ်ပြီး ရန်ကုန်မှာ တစ်ယောက်တည်း လာနေခဲ့ပြီးဘဝကို ရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ် ။ ဘဝဆိုတဲ့ စာလုံးနှစ်ခုကြားမှာ ထက်ထက်ရဲ့ ဘဝဟာ တော်တော်ခက်ခဲခဲ့ရတာပါတဲ့ ပရိသတ်ကြီးရေ ..။

ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲရှိတဲ့အတွက် အားငယ်တာ၊ စိတ်ညစ်တာတွေ၊ အလိမ်ခံရတာတွေ အများကြီးကြုံခဲ့ရသလို ကိုယ်ဟာ ကိုယ်ပဲ ရှိနေခဲ့တာမို့ အမြဲတမ်း လဲကျတိုင်း ချစ်ရသူတွေအားကပဲ ပြန်ထဖို့ကူညီပေးခဲ့တာတွေ အများကြီးပဲဆိုတဲ့စာသားလေးနဲ့အတူ ထက်ထက်က သူမဘဝရဲ့ ခက်ခဲကြမ်းတမ်းခဲ့တဲ့ အတိတ်တွေကို ပရိသတ်တွေကို ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ် ။

Source : Htet Htet Moe Oo
Maria (Yaung Chi)