လွန်ခဲ့တဲ့ (၁၈) နှစ်က ပေါင်ချိန်မစေ့ပဲ အသည်းအသန်မွေးခဲ့ရတဲ့ သမီးလေး စံထိပ်ထားဦးအတွက် အမှတ်တရတွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခိုင်သင်းကြည်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

လွန်ခဲ့တဲ့ (၁၈) နှစ်က ပေါင်ချိန်မစေ့ပဲ အသည်းအသန်မွေးခဲ့ရတဲ့ သမီးလေး စံထိပ်ထားဦးအတွက် အမှတ်တရတွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခိုင်သင်းကြည်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့ စကားအတိုင်း အသက်ငါးဆယ်နီးပါးတိုင် လူငယ်လေးတစ်ယောက်လို နုပျိုနေဆဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး မိသားစုရေးမှာလည်း စိတ်ချမ်းသာမှုအပြည့်ရရှိထားတဲ့ ခိုင်သင်းကြည်က တစ်ဦးတည်းသောသမီးလေးတစ်ယောက်တည်းကိုသာ မွေးဖွားထားတာ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ကတော့ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးရဲ့ အသက် (၁၈) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ သမီးလေး စံထိပ်ထားဦးကို “Happy Birthday မေမေ့အချစ်ဆုံးလေး လွန်ခဲ့တဲ့ (၁၈) နှစ်က ဒီလိုညသန်းခေါင်အချိန်ကြီးမှာ ရေမွှာတွေပေါက်လို့ ရင်တုန်ပန်းတုန်နဲ့ဆေးရုံကိုပြေးပြီး အသဲအသန်ပြာယာခတ်မွေးခဲ့ရတဲ့ မေမေ့သမီးလေးက အခုဆိုရင် မေမေ့ရဲ့ဘဝမေမေ့ရဲ့အနာဂါတ်အလင်းရောင်လေးဖြစ်နေပါပြီ။ ၁၈နှစ်ပြည့်မွေးနေ့ကစပြီး အရင်ကထက်ပိုသိတက်လိမ္မာပြီးပိုတော်တဲ့သမီးလေးဖြစ်ပါစေ။ ဖေဖေမေမေအားကိုးရတဲ့သမီးလေးဖြစ်ပါစေ။ ဘာသာတရားကိုင်းရှိုင်းပြီးကိုယ်ကျင့်တရားကောင်းမွန်တဲ့အမျိုးကောင်းသမီးလေးဖြစ်ပါစေ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့လည်းပြည့်စုံပါစေသဲလေးရေ” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ခိုင်သင်းကြည်ကတော့ သူမရဲ့ မျက်စိအောက်မှာတင် တဖြည်းဖြည်း အရွယ်ရောက်လာခဲ့ပြီး (၁၈) နှစ်ပြည့်သွားတဲ့ သမီးလေး ထိပ်ထိပ်အတွက် ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးလည်း မွေးနေ့မှသည် ကျန်းမာချမ်းသာစွာနဲ့ ဖေဖေ မေမေအားကိုးထိုက်တဲ့ သမီးလေးဖြစ်ပါစေလို့ ထပ်ဆင့်ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb
Bilie – Cele Connections