(၁၈)နှစ်ပြည့် မွေးနေ့ညလေးမှာ ချစ်ခင်ရသူတွေဆီက မွေးနေ့လက်ဆောင်တွေအများကြီးရရှိလို့ ပျော်ရွှင်နေတဲ့ ထိပ်ထိပ်လေးရဲ့ပုံရိပ်ကို ပြသလာတဲ့ ခိုင်သင်းကြည်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

(၁၈)နှစ်ပြည့် မွေးနေ့ညလေးမှာ ချစ်ခင်ရသူတွေဆီက မွေးနေ့လက်ဆောင်တွေအများကြီးရရှိလို့ ပျော်ရွှင်နေတဲ့ ထိပ်ထိပ်လေးရဲ့ပုံရိပ်ကို ပြသလာတဲ့ ခိုင်သင်းကြည်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ အောင်မြင်မှုရရှိရုံသာမကပဲ လူတကာအားကျရတဲ့ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က သူမရဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကိုလည်း ဂရုစိုက်စောင့်ရှောက်နေပြီး သမီးလေးဖြစ်ချင်တာ မှန်သမျှကို ဖြည့်စည်းပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးကလည်း မေမေနဲ့ ဖေဖေ ကို ပျော်ရွှင်စရာတွေပဲ ပေးတဲ့ သမီးအလိမ္မာလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။

မနေ့က နိုဝင်ဘာလ (၂၆) ရက်နေ့ကတော့ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးရဲ့ အသက် (၁၈) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးက သူ့ရဲ့ မွေးနေ့လေးမှာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မေမေ့ကိုချစ်ခင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေဆီကနေပါ မွေးနေ့လက်ဆောင်တွေအများကြီး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကလည်း ထိပ်ထိပ်လေးရဲ့ မွေးနေ့မှာ ထိပ်ထိပ်ထက်ပိုပြီး ပျော်ရွှင်နေတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ခိုင်သင်းကြည်ကတော့ ထိပ်ထိပ်လေးရဲ့ မွေးနေ့ကို အိမ်မှာပဲ ကျင်းပပေးခဲ့ရတယ်ဆိုပေမယ့် သမီးလေး စိတ်ချမ်းသာအောင် အမျိုးမျိုး ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ သားအမိတွေရဲ့ ပျော်ရွှင်စရာ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb
Bilie – Cele Connections