Smile Mart မှာ လာရောင်းသမျှပစ္စည်းတွေကို အိမ်သားတွေကပါ ခေါင်းချင်းဆိုင် ဝယ်ယူနေကြပြီး အဆင်ပြေနေကြောင်း ပြသလာတဲ့ စမိုင်းလ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

Smile Mart မှာ လာရောင်းသမျှပစ္စည်းတွေကို အိမ်သားတွေကပါ ခေါင်းချင်းဆိုင် ဝယ်ယူနေကြပြီး အဆင်ပြေနေကြောင်း ပြသလာတဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ ဘာသာရေးနဲ့ ကုသိုလ်ရေးကို ဦးစားပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အလှူအတန်း လက်နဲ့မကွာတဲ့ စမိုင်းလ်က အကူအညီလိုအပ်နေတဲ့ နေရာတိုင်းကို သူမတတ်နိုင်သလောက် လှူဒါန်းရင်း နေ့ရက်တိုင်းကို ပီတိတွေနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ရဲ့ ခင်ပွန်းကိုပြည့်မောင်နဲ့အတူတူ မိသားစုဝင်တွေကလည်း စမိုင်းလ် လှူချင်သမျှ လုပ်ချင်သမျှကို ဘေးနားကနေ ကူညီပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် Smile Mart ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း (၂၄) နာရီပို့စ်တင်ပြီး ရောင်းလို၊ ဝယ်လိုသူမှန်သမျှ အဆင်ပြေအောင် ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်က သူမကိုယ်တိုင်ဖန်တီးထားတဲ့ Smile Mart မှာ ရောင်းသူ ဝယ်သူတွေသာမကပဲ သူမရဲ့ တစ်အိမ်သားလုံးကပါ ခေါင်းချင်းဆိုင်ပြီး အပြိုင်အဆိုင် ဈေးဝယ်နေကြပုံကို အခုလိုပဲ ပြသလာခဲ့ပါတယ်။

စမိုင်းလ်ကတော့ သူမကိုယ်တိုင် ဖန်တီးထားတဲ့ Smile Mart လေးက အခုဆိုရင် ပထမအပတ်သာရှိသေးပေမယ့် ရောင်းသူဝယ်သူတွေကြား ထင်မထားလောက်အောင် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ သူမရဲ့ Smile Mart လေးက သူမအတွက် အကျိုးအမြတ် မရှိပေမယ့် ရောင်းသူ ဝယ်သူတွေ အဆင်ပြေအောင် ဖန်တီးပေးထားတာမို့ အောင်မြင်မယ်ဆိုတာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections