ဒိတ်ဒိတ်ကြဲ (၃)ယောက်သရုပ်ဆောင်ထားတဲ့ ကြော်ငြာလေးက ဘာများဖြစ်နေမလဲနော်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




ဆယ်လီကွန်နက်ရှင်
Swelsone News

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် ထိပ်တန်းမင်းသားနှစ်ယောက်ဖြစ်တဲ့ နေတိုးနဲ့ မြင့်မြတ်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ အားပေးသူပရိသတ်အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ နေတိုးနဲ့ မြင့်မြတ်တို့က အကယ်ဒမီဆုတွေကိုယ်စီကိုလည်း ရရှိပိုင်ဆိုင်ထားကြပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း မကြာခဏဆိုသလို ဆုံကြတဲ့ ညီအစ်ကိုတွေပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ အိမ်ထောင်ကျပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားပြီဆိုပေမယ့် နေတိုးကတော့ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်သာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

“အမှောင်တွေရွာချတဲ့မိုးတိမ်” ရုပ်ရှင်ဇာတ်ကားကြီးပြီးတဲ့နောက် နှစ်ယောက်သား ပူးပေါင်း အနုပညာလှုပ်ရှားမှုတွေ မတွေ့ရသေးတဲ့ နေတိုးနဲ့ မြင့်မြတ်တို့ကတော့ ဒီကနေ့မှာ ထိပ်တန်း စီနီယာမင်းသမီးကြီးနဲ့အတူတူ ကြော်ငြာတစ်ခုကို ရိုက်ကူးခဲ့ကြပါတယ်။ နေတိုးနဲ့ မြင့်မြတ်ကတော့ ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးနဲ့အတူတူ တွဲဖက်သရုပ်ဆောင်ပြီး ကြော်ငြာလေးတစ်ခု ရိုက်ကူးနေတာကို အခုလိုပဲ တွေ့ရပါတယ်။

နေတိုးနဲ့ မြင့်မြတ်ကတော့ ထက်ထက်မိုးဦးနဲ့အတူတူ တီဗီကြော်ငြာလေးတစ်ခုကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထိတ်ထိတ်ကြဲ မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ ထက်ထက်မိုးဦး၊ နေတိုးနဲ့ မြင့်မြတ်တို့ရဲ့ ကြော်ငြာလေးကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News