သီချင်းကောင်းကောင်းတွေ ဖန်တီးနိုင်ဖို့ ခင်ပွန်းသည် ရွှေထူးအတွက် တန်ဖိုးကြီးတဲ့ လက်ဆောင်ကြီး ဝယ်ပေးလိုက်တဲ့ ရွှေမှုံရတီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★










crd-Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

သီချင်းကောင်းကောင်းတွေ ဖန်တီးနိုင်ဖို့ ခင်ပွန်းသည် ရွှေထူးအတွက် တန်ဖိုးကြီးတဲ့ လက်ဆောင်ကြီး ဝယ်ပေးလိုက်တဲ့ ရွှေမှုံရတီ…..

ပြည်သူချစ်အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ ဇနီးမောင်နှံတွေအဖြစ် ပရိသတ်တွေ သတ်မှတ်ခြင်း ခံထားရသူတွေ ဖြစ်ပါတယ်။

ရွှေမှုံရတီက သရုပ်ဆောင်လောကမှာ ထိပ်ဆုံးက ရပ်တည်နေသလို ရွှေထူးကလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကလည်း မင်းသမီးတစ်ယောက်ဆိုပေမယ့် ရွှေထူးနဲ့အတူတူ သီချင်းတွေဆိုရင်း ပရိသတ်တွေက အဆိုတော်မလေးတစ်ယောက်အဖြစ်ပါ သတ်မှတ်ထားကြပြီပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကကတော့ တူညီတဲ့ အနုပညာလောကထဲမှာ ကျင်လည်နေကြသူတွေပီပီ တစ်ယောက်ရဲ့ လိုအပ်ချက်တွေကိုတစ်ယောက် အမြဲဖြည့်စည်းပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ရွှေမှုံရတီက ချစ်ခင်ပွန်း ရွှေထူးတစ်ယောက် ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေ ဖန်တီးနိုင်ဖို့ အတွက် အမိုက်စားစပီကာကြီးတွေ လက်ဆောင်ပေးခဲ့တယ်လို့ ရွှေထူးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

ရွှေထူးကတော့ ရွှေမှုံရတီပေးတဲ့ စပီကာကို အသုံးပြုပြီး ပရိသတ်တွေအတွက် သီချင်းကောင်းတွေအများကြီး ဖန်တီးနိုင်မယ်ဆိုတာ ပြောစရာတောင်လိုမယ် မထင်ပါဘူး။

ပရိသတ်ကြီးလည်း ရွှေထူးရဲ့ သီချင်းသစ်တွေကို ဆက်လက်စောင့်မျှော်အားပေးကြပါဦးလို့တောင်းဆိုပါရစေနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd-Cele Connections