အဖေနဲ့ အမေရဲ့ (၂၅) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတစ်ခု လက်ဆောင်ပေးခဲ့တဲ့ ချမ်းမြေ့မောင်ချို

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

Myanmar Idol Season (3) ရဲ့ 1st Runner Up ဆုရွင္ေလး ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ ဂီတိကို ဝါသနာပါလြန္းလို့ အေမမသိေအာင္ သီခ်င္းဆိုျပိဳင္ပြဲ ဝင္ျပိဳင္ရင္း တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ျပိဳင္ပြဲမွာ Winner ဆုၾကီးနဲ့ လြဲေခ်ာ္ခဲ့ေပမယ့္ ေအာင္ျမင္တဲ့ ဂီတလမ္းေၾကာင္းေပၚ ေရာက္ရိွေနျပီျဖစ္တဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳက အခုဆိုရင္ အဆိုေတာ္ၾကီးတစ္ေယာက္အျဖစ္ သူမဝါသနာပါတဲ့ သီခ်င္းေတြကို သီဆိုေနျပီး တစ္ကိုယ္ေတာ္အယ္လ္ဘမ္သစ္ကိုလည္း ထြက္ရိွထားျပီးျပီ ျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ မိသားစုရဲ့ အငယ္ဆံုးသမီးေထြးေလးပီပီ အနုပညာနဲ့ ပက္သတ္ျပီးလည္း မိသားစုဝင္ေတြရဲ့ အေထာက္အပံ့ကို မ်ားစြာ ရရိွထားတာပဲ ျဖစ္ပါတယ္။

တစ္ေန့တစ္ျခား ေအာင္ျမင္လာတာနဲ့ အမွ် အနုပညာအလုပ္ေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္လာရတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳက မိဘေတြအေပၚလည္း သိတတ္လိမၼာတဲ့ သမီးေလးျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ခ်မ္းေျမ့ေမာင္ခ်ိဳက အေဖနဲ့ အေမရဲ့ (၂၅) နွစ္ျပည့္ မဂၤလာနွစ္ပတ္လည္ေန့ အထိမ္းအမွတ္အျဖစ္ တန္ဖိုးၾကီး ဇိမ္ခံပစၥည္းျဖစ္တဲ့ အိစက္ေနတဲ့ ေမြ့ယာၾကီးကို လက္ေဆာင္အျဖစ္ေပးခဲ့ေၾကာင္း ေမေမအိအိက သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာျပလာပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ အသက္နွစ္ဆယ္စြန္းစြန္းအရြယ္မွာတင္ မိဘေတြအေပၚ အခုလို သိတတ္လိမၼာနိုင္တာ လူငယ္ေတြအတြက္ အားက်ဖြယ္ပါပဲ။ ခ်မ္းေျမ့ေမာင္ခ်ိဳတစ္ေယာက္ ဒီထက္မက အနုပညာအလုပ္ေတြမွာ ေအာင္ျမင္ျပီး မိဘအေပၚ သိတတ္လိမၼာတဲ့ သမီးေကာင္းရတနာေလး ျဖစ္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Ei Ei ‘s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

အဖေနဲ့ အမေရဲ့ (၂၅) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတစ်ခု လက်ဆောင်ပေးခဲ့တဲ့ ချမ်းမြေ့မောင်ချို

Myanmar Idol Season (3) ရဲ့ 1st Runner Up ဆုရှင်လေး ချမ်းမြေ့မောင်ချိုကတော့ ဂီတိကို ဝါသနာပါလွန်းလို့ အမေမသိအောင် သီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင်ရင်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် အောင်မြင်တဲ့ ဂီတလမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချိုက အခုဆိုရင် အဆိုတော်ကြီးတစ်ယောက်အဖြစ် သူမဝါသနာပါတဲ့ သီချင်းတွေကို သီဆိုနေပြီး တစ်ကိုယ်တော်အယ်လ်ဘမ်သစ်ကိုလည်း ထွက်ရှိထားပြီးပြီ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ မိသားစုရဲ့ အငယ်ဆုံးသမီးထွေးလေးပီပီ အနုပညာနဲ့ ပက်သတ်ပြီးလည်း မိသားစုဝင်တွေရဲ့ အထောက်အပံ့ကို များစွာ ရရှိထားတာပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား အောင်မြင်လာတာနဲ့ အမျှ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်လာရတဲ့ ချမ်းမြေ့မောင်ချိုက မိဘတွေအပေါ်လည်း သိတတ်လိမ္မာတဲ့ သမီးလေးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချမ်းမြေ့မောင်ချိုက အဖေနဲ့ အမေရဲ့ (၂၅) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တန်ဖိုးကြီး ဇိမ်ခံပစ္စည်းဖြစ်တဲ့ အိစက်နေတဲ့ မွေ့ယာကြီးကို လက်ဆောင်အဖြစ်ပေးခဲ့ကြောင်း မေမေအိအိက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ အသက်နှစ်ဆယ်စွန်းစွန်းအရွယ်မှာတင် မိဘတွေအပေါ် အခုလို သိတတ်လိမ္မာနိုင်တာ လူငယ်တွေအတွက် အားကျဖွယ်ပါပဲ။ ချမ်းမြေ့မောင်ချိုတစ်ယောက် ဒီထက်မက အနုပညာအလုပ်တွေမှာ အောင်မြင်ပြီး မိဘအပေါ် သိတတ်လိမ္မာတဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Ei Ei ‘s fb
Bilie – Cele Connections