သစ္စာရှိရှိချစ်ပါတယ်ဆိုတဲ့ ချစ်သူသမီးရည်းစားတွေတောင် ပြန်အားကျသွားရမယ့် ရန်ရန်ချမ်းတို့ ဇနီးမောင်နှံရဲ့ 20 Year Challenge

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

Acid အဖြဲ့ရဲ့ အဆိုေတာ္ ရန္ရန္ခ်မ္းနဲ့ ေမာ္ဒယ္လ္ Chili တို့ရဲ့ အခ်စ္ဇာတ္လမ္းကေတာ့ တစ္ေခတ္္တစ္ခါက လူငယ္ပရိသတ္ေတြၾကားမွာ အားက်ဖြယ္ရာပါပဲ။ ရန္ရန္ခ်မ္းနဲ့ Chili တို့က တစ္ေယာက္ကိုတစ္ေယာက္သာ ျမတ္ျမတ္နုိးနိုးခ်စ္ခဲ့ၾကျပီး ေရႊလက္တြဲလာခဲ့တာ အခုဆိုရင္ ခ်စ္သက္တမ္း နွစ္ (၂၀) နီးပါးေတာင္ရိွခဲ့ျပီ ျဖစ္ပါတယ္။ ရန္ရန္ခ်မ္းနဲ့ Chili တို့ကေတာ့ အခုဆိုရင္ ခ်စ္စရာေကာင္းေလး သားေလးတစ္ေယာက္တည္းကိုသာ ေမြးဖြားထားျပီး မိသားစုသံုးေယာက္တည္း လြတ္လြတ္လပ္လပ္ေနရင္း ေပ်ာ္စရာအခ်ိန္ေတြကို ကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။

Rapper တစ္ေယာက္ပီပီ ေပါ့ေပါ့ပါးပါး ေနတတ္သလို အျမဲတမ္း ေအးေဆးေနတတ္တဲ့ ရန္ရန္ခ်မ္းကေတာ့ ဒီကေန့မွာ ခ်စ္ပါတယ္ဆိုတဲ့ သမီးရည္းစားေတြကို အားက်ရေအာင္ ျပဳလုပ္ခဲ့ပါတယ္။ ရန္ရန္ခ်မ္းက သူ့ရဲ့ ခ်စ္ဇနီး Chili နဲ့ ခ်စ္သူသမီးရည္းစားဘဝက ဓာတ္ပံုနဲ့ လက္ရိွ အသက္အရြယ္ေတြၾကီးလာတဲ့ ဓာတ္ပံုေလးကို ယွဥ္တြဲျပျပီး “#20yearchallenge ဆိုျပီးေခၚလို႔ရလား ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန မွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္။

ရန္ရန္ခ်မ္းကေတာ့ နာမည္ၾကီး ဆယ္လီတစ္ေယာက္ဆိုေပမယ့္ ခ်စ္ဇနီးအေပၚ သစၥာမပ်က္ပဲ ဒီေန့ဒီအခ်ိန္ထိ စြဲစြဲျမဲျမဲခ်စ္လာတာ အရမ္းကို ေလးစားစရာေကာင္းလွပါတယ္။ ပရိသတ္ၾကီးလည္း ရန္ရန္ခ်မ္းတို့ ဇနီးေမာင္နွံရဲ့ 20 Year Challenge ကိုၾကည့္ျပီး အားက်စိတ္ေတြျဖစ္ေနမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yan Yan Chan ‘s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

သစ္စာရှိရှိချစ်ပါတယ်ဆိုတဲ့ ချစ်သူသမီးရည်းစားတွေတောင် ပြန်အားကျသွားရမယ့် ရန်ရန်ချမ်းတို့ ဇနီးမောင်နှံရဲ့ 20 Year Challenge

Acid အဖွဲ့ရဲ့ အဆိုတော် ရန်ရန်ချမ်းနဲ့ မော်ဒယ်လ် Chili တို့ရဲ့ အချစ်ဇာတ်လမ်းကတော့ တစ်ခေတ်တစ်ခါက လူငယ်ပရိသတ်တွေကြားမှာ အားကျဖွယ်ရာပါပဲ။ ရန်ရန်ချမ်းနဲ့ Chili တို့က တစ်ယောက်ကိုတစ်ယောက်သာ မြတ်မြတ်နိုးနိုးချစ်ခဲ့ကြပြီး ရွှေလက်တွဲလာခဲ့တာ အခုဆိုရင် ချစ်သက်တမ်း နှစ် (၂၀) နီးပါးတောင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ရန်ရန်ချမ်းနဲ့ Chili တို့ကတော့ အခုဆိုရင် ချစ်စရာကောင်းလေး သားလေးတစ်ယောက်တည်းကိုသာ မွေးဖွားထားပြီး မိသားစုသုံးယောက်တည်း လွတ်လွတ်လပ်လပ်နေရင်း ပျော်စရာအချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

Rapper တစ်ယောက်ပီပီ ပေါ့ပေါ့ပါးပါး နေတတ်သလို အမြဲတမ်း အေးဆေးနေတတ်တဲ့ ရန်ရန်ချမ်းကတော့ ဒီကနေ့မှာ ချစ်ပါတယ်ဆိုတဲ့ သမီးရည်းစားတွေကို အားကျရအောင် ပြုလုပ်ခဲ့ပါတယ်။ ရန်ရန်ချမ်းက သူ့ရဲ့ ချစ်ဇနီး Chili နဲ့ ချစ်သူသမီးရည်းစားဘဝက ဓာတ်ပုံနဲ့ လက်ရှိ အသက်အရွယ်တွေကြီးလာတဲ့ ဓာတ်ပုံလေးကို ယှဉ်တွဲပြပြီး “#20yearchallenge ဆိုပြီးခေါ်လို့ရလား ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

ရန်ရန်ချမ်းကတော့ နာမည်ကြီး ဆယ်လီတစ်ယောက်ဆိုပေမယ့် ချစ်ဇနီးအပေါ် သစ္စာမပျက်ပဲ ဒီနေ့ဒီအချိန်ထိ စွဲစွဲမြဲမြဲချစ်လာတာ အရမ်းကို လေးစားစရာကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း ရန်ရန်ချမ်းတို့ ဇနီးမောင်နှံရဲ့ 20 Year Challenge ကိုကြည့်ပြီး အားကျစိတ်တွေဖြစ်နေမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Yan Yan Chan ‘s fb
Bilie – Cele Connections