ကိုဗစ်ရောဂါပိုးက မျက်လုံးကနေတစ်ဆင့် ကူးစက်ခံခဲ့ ရကြောင်း ပြောပြလာခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် နေလင်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဝါရင့္အႏုပညာရွင္ တစ္ေယာက္ျဖစ္တဲ့ ေနလင္းကေတာ့ အႏုပညာေလာကမွာ ေနရာတစ္ခုကိုရယူထားႏိုင္ခဲ့တဲ့ စြယ္စုံရအႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကိုအခ်ိန္အေတာ္ၾကာလုပ္ကိုင္လ်က္ရွိေနခဲ့တဲ့ သူကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္ခဲ့တာပါ အခုအခ်ိန္မွာေတာ့ ကိုေနလင္းဟာ ကိုဗစ္ကူးစက္ခံခဲ့ရၿပီး ဒီလိုကူးစက္မႈဟာ မ်က္လုံး ကတဆင့္ ကူးစက္ခံခဲ့ရတာျဖစ္တယ္လို႔ ဆိုလာခဲ့တာျဖစ္ပါတယ္

ကြၽန္ေတာ္ကိုဗစ္ဘယ္လိုကူးသြားလဲဆိုတဲ့ သံသယေလးက ကြၽန္ေတာ္သတိမထားမိခဲ့တာတစ္ခုက ဒီမ်က္မွန္ေပါ့ မ်က္မွန္ဆိုေတာ့ ကြၽန္ေတာ္တို႔လို မ်က္မွန္တပ္တဲ့သူေတြသတိပိုထားရမွာေပါ့ ဒီလိုလည္ပင္းမွာခ်ိတ္ထားမယ္ က်န္တာေတြကေတာ့ အကာ အကြယ္ရွိတယ္

သူ႔မွာလည္း ေလထုထဲကေနတဆင့္ သူ႔မွာအကာအကြယ္မရွိတဲ့အခါက်ေတာ့ ေရာဂါပိုးေတြစင္ေရာက္ႏိုင္တယ္ အဲ့ဒါကို ကြၽန္ေတာ္တို႔က မသိဘူး မ်က္မွန္က်ေတာ့ ကြၽန္ေတာ္တို႔က အရက္ျပန္နဲ႔ ျဖန္းတာမ်ိဳးလည္း မရွိၾကဘူးေလ

အဲ့ေတာ့အမွတ္တမဲ့အေနနဲ႔ က်ေနာ္ဖုန္းၾကည့္ခ်င္တာတို႔ ဂ်ာနယ္ဖတ္ခ်င္တာတို႔ အဲ့လိုမ်ိဳးရွိတဲ့အခါက်ရင္ မ်က္မွန္ကို တပ္လိုက္တယ္ အဲ့ေတာ့အိမ္ထဲမွာ အေနမ်ားၿပီးေတာ့ ျဖစ္သြားတဲ့ အေၾကာင္းတရားထဲမွာ က်ေနာ္တို႔က အျပင္သြားတဲ့အခါမွာမ်က္မွန္ကို ရင္ဘတ္မွာ ခ်ိတ္သြားတတ္တာၾကေတာ့ အဲ့ဒီမွာလာထိမယ္ အဲ့ကတဆင့္ထုတ္တပ္လိုက္ေတာ့ မ်က္လုံးကတဆင့္ ကူတာလို႔ပဲ ကြၽန္ေတာ့စိတ္ ထဲမွာ ခံစားရတယ္

မ်က္မွန္သုံးတဲ့သူေတြကို ေျပာတာ ကြၽန္ေတာ္တို႔ ဖုန္းေတြဘာေတြလည္း သတိထားၾကတာပဲ ပိုက္ဆံလည္း သတိထားျဖန္းၾကတာပဲ မ်က္မွန္ကို သတိထားၿပီးမျဖန္းလိုက္တဲ့ အခ်ိန္မွာ အဲ့ဒီကေနေရာဂါကူးစက္ခံခဲ့ရတယ္လို႔ပဲ ျမင္ပါတယ္

ခုေနာက္ပိုင္းဆိုရင္ သူတို႔ Mask တစ္ခုတည္းတင္မဟုတ္ပဲ Face Shield ကိုပါ တပ္ဖို႔ Campaign ေတြလုပ္လာၾကတာ ေတြ႕ရတယ္ မ်က္လုံးက ကူးစက္ႏႈန္းကလည္း ရာခိုင္ႏႈန္းမ်ားတယ္ဆိုေတာ့ေလ” သူကိုဗစ္ကူးစက္ခံခဲ့ရပုံကို ေျပာျပလာခဲ့ တာပဲျဖစ္ပါတယ္

ေနလင္းက သူ႔အေနနဲ႔ ကိုဗစ္ကို ႀကံ့ႀကံ့ခံရင္ဆိုင္ေနပုံကိုလည္း “ကြၽန္ေတာ္ကအရင္ကတည္းက ေရာက္တဲ့ေနရာမွာေပ်ာ္တတ္တယ္ဆိုေတာ့ ဒီလိုပဲေနတာပါပဲ ဒါႀကီးကိုထိုင္စိတ္ညစ္ေနရင္လည္း ဘာမွထူးျခားလာမွာမဟုတ္ဘူးေလ အဲ့ေတာ့ ညစ္လည္းမညစ္ဘူး နဂိုကလည္း ေပ်ာ္ေပ်ာ္ပဲေနတတ္တယ္ ဆိုေတာ့ ကြၽန္ေတာ့အတြက္ AYA ကိုဗစ္စင္တာမွာေနရတာက အုပ္စုလိုက္ႀကီး ေပ်ာ္ပြဲစားထြက္သြား သလိုပဲ

နယ္ပယ္အသီးသီးကလူေတြအကုန္လာေနၾကတဲ့အခါက်ေတာ့ အုပ္စုလိုက္ ႀကီး အလုပ္ေတြဝိုင္းကူၾက စကားေျပာၾကနဲ႔ စိတ္ဓာတ္က်ခ်ိန္ေတာင္ သိပ္မရွိဘူး အိမ္မွာဆိုရင္ေတာင္ တစ္ေယာက္တည္းျဖစ္ေနလို႔ စိတ္ဓာတ္က်အုန္းမယ္ အခုက ေအးေအးစကားေျပာလိုက္နားလိုက္ ဝိုင္းကူလိုက္ပဲ TV ၾကည့္မလား ေကာ္ဖီေသာက္မလား မုန႔္စားမလားအကုန္လုံးျပည့္စုံတယ္ ” လို႔ေျပာျပခဲ့တာျဖစ္ပါတယ္

ေနလင္းရဲ႕ မိသားစုကို ကိုဗစ္စစ္ေဆးရာမွာေတာ့ အကိုျဖစ္သူတဦးသာ Positive ျဖစ္ခဲ့ၿပီး အေမျဖစ္သူက Negative ျဖစ္ခဲ့လို႔ အေမ့အတြက္ ဝန္းသာမိတယ္ လို႔ ဆိုသြားခဲ့တာပါ ပရိသတ္ႀကီးေရ ကိုေနလင္းတစ္ေယာက္ အျမန္ဆုံး ျပန္က်န္းမာလာပါေစလို႔ ဆုေတာင္းေပး လိုက္ရပါတယ္ေနာ္

Credit ; (Shwe Yaung Myanmar)

Unicode ဖြင့်ဖတ်ပါ
★★★★★

ဝါရင့်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ နေလင်းကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပါ အခုအချိန်မှာတော့ ကိုနေလင်းဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဒီလိုကူးစက်မှုဟာ မျက်လုံး ကတဆင့် ကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

ကျွန်တော်ကိုဗစ်ဘယ်လိုကူးသွားလဲဆိုတဲ့ သံသယလေးက ကျွန်တော်သတိမထားမိခဲ့တာတစ်ခုက ဒီမျက်မှန်ပေါ့ မျက်မှန်ဆိုတော့ ကျွန်တော်တို့လို မျက်မှန်တပ်တဲ့သူတွေသတိပိုထားရမှာပေါ့ ဒီလိုလည်ပင်းမှာချိတ်ထားမယ် ကျန်တာတွေကတော့ အကာ အကွယ်ရှိတယ်

သူ့မှာလည်း လေထုထဲကနေတဆင့် သူ့မှာအကာအကွယ်မရှိတဲ့အခါကျတော့ ရောဂါပိုးတွေစင်ရောက်နိုင်တယ် အဲ့ဒါကို ကျွန်တော်တို့က မသိဘူး မျက်မှန်ကျတော့ ကျွန်တော်တို့က အရက်ပြန်နဲ့ ဖြန်းတာမျိုးလည်း မရှိကြဘူးလေ

အဲ့တော့အမှတ်တမဲ့အနေနဲ့ ကျနော်ဖုန်းကြည့်ချင်တာတို့ ဂျာနယ်ဖတ်ချင်တာတို့ အဲ့လိုမျိုးရှိတဲ့အခါကျရင် မျက်မှန်ကို တပ်လိုက်တယ် အဲ့တော့အိမ်ထဲမှာ အနေများပြီးတော့ ဖြစ်သွားတဲ့ အကြောင်းတရားထဲမှာ ကျနော်တို့က အပြင်သွားတဲ့အခါမှာမျက်မှန်ကို ရင်ဘတ်မှာ ချိတ်သွားတတ်တာကြတော့ အဲ့ဒီမှာလာထိမယ် အဲ့ကတဆင့်ထုတ်တပ်လိုက်တော့ မျက်လုံးကတဆင့် ကူတာလို့ပဲ ကျွန်တော့စိတ် ထဲမှာ ခံစားရတယ်

မျက်မှန်သုံးတဲ့သူတွေကို ပြောတာ ကျွန်တော်တို့ ဖုန်းတွေဘာတွေလည်း သတိထားကြတာပဲ ပိုက်ဆံလည်း သတိထားဖြန်းကြတာပဲ မျက်မှန်ကို သတိထားပြီးမဖြန်းလိုက်တဲ့ အချိန်မှာ အဲ့ဒီကနေရောဂါကူးစက်ခံခဲ့ရတယ်လို့ပဲ မြင်ပါတယ်

ခုနောက်ပိုင်းဆိုရင် သူတို့ Mask တစ်ခုတည်းတင်မဟုတ်ပဲ Face Shield ကိုပါ တပ်ဖို့ Campaign တွေလုပ်လာကြတာ တွေ့ရတယ် မျက်လုံးက ကူးစက်နှုန်းကလည်း ရာခိုင်နှုန်းများတယ်ဆိုတော့လေ” သူကိုဗစ်ကူးစက်ခံခဲ့ရပုံကို ပြောပြလာခဲ့ တာပဲဖြစ်ပါတယ်

နေလင်းက သူ့အနေနဲ့ ကိုဗစ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေပုံကိုလည်း “ကျွန်တော်ကအရင်ကတည်းက ရောက်တဲ့နေရာမှာပျော်တတ်တယ်ဆိုတော့ ဒီလိုပဲနေတာပါပဲ ဒါကြီးကိုထိုင်စိတ်ညစ်နေရင်လည်း ဘာမှထူးခြားလာမှာမဟုတ်ဘူးလေ အဲ့တော့ ညစ်လည်းမညစ်ဘူး နဂိုကလည်း ပျော်ပျော်ပဲနေတတ်တယ် ဆိုတော့ ကျွန်တော့အတွက် AYA ကိုဗစ်စင်တာမှာနေရတာက အုပ်စုလိုက်ကြီး ပျော်ပွဲစားထွက်သွား သလိုပဲ

နယ်ပယ်အသီးသီးကလူတွေအကုန်လာနေကြတဲ့အခါကျတော့ အုပ်စုလိုက် ကြီး အလုပ်တွေဝိုင်းကူကြ စကားပြောကြနဲ့ စိတ်ဓာတ်ကျချိန်တောင် သိပ်မရှိဘူး အိမ်မှာဆိုရင်တောင် တစ်ယောက်တည်းဖြစ်နေလို့ စိတ်ဓာတ်ကျအုန်းမယ် အခုက အေးအေးစကားပြောလိုက်နားလိုက် ဝိုင်းကူလိုက်ပဲ TV ကြည့်မလား ကော်ဖီသောက်မလား မုန့်စားမလားအကုန်လုံးပြည့်စုံတယ် ” လို့ပြောပြခဲ့တာဖြစ်ပါတယ်

နေလင်းရဲ့ မိသားစုကို ကိုဗစ်စစ်ဆေးရာမှာတော့ အကိုဖြစ်သူတဦးသာ Positive ဖြစ်ခဲ့ပြီး အမေဖြစ်သူက Negative ဖြစ်ခဲ့လို့ အမေ့အတွက် ဝန်းသာမိတယ် လို့ ဆိုသွားခဲ့တာပါ ပရိသတ်ကြီးရေ ကိုနေလင်းတစ်ယောက် အမြန်ဆုံး ပြန်ကျန်းမာလာပါစေလို့ ဆုတောင်းပေး လိုက်ရပါတယ်နော်

Credit ; (Shwe Yaung Myanmar)